Tuesday 23 September 2014

မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်

Photo: မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်
Tuesday, September 23, 2014

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

``ည ၇ နာရီလောက် ရွာထဲဝင်လာကြတယ်၊ ဦးစိုင်းဦး အိမ်ထဲဝင်သွားတာမြင်တယ်၊ ခဏအကြာမှာတော့ ဦးစိုင်းဦး ရွာထဲထွက်သွားတာ မြင်တယ်၊ ပြန်ကြားတာကတော့ မူးယစ်ဆေးဝယ်ခိုင်းတာဆိုလား´´ ဟု မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဦးစိုင်းဦးအား မူးယစ်ဆေးဝါး ၀ယ်ယူပေးရန် စေခိုင်းခဲ့မှုကို ဦးစိုင်းဦးမှ မူးယစ်ဆေးဝါးရောင်းချသူ မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာ ၎င်းအဖွဲ့မှ သေနတ်များဖြင့် ချိန်ကာ ၀ယ်မပေးနိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

``ရွာထဲမှာ မူးယစ်ဆေးရောင်းတဲ့အိမ်ကို မရှိဘူး၊ ဦးစိုင်းဦး ရွာထဲက ပြန်လာပြီး မူးယစ်ဆေးဝယ်မရတဲ့ အကြောင်း ပြောပြတယ်၊ မူးယစ်ဆေးမသုံးစွဲရလို့ဆိုပြီး အရက်တွေသောက်သွားကြတယ်၊ မူးရူးပြီး အော်ဟစ် နေတာပါ၊ ဘယ်သူမှ မပြောရဲဘူး´´ ဟု အိမ်နီးချင်းတစ်ဦးက ဆိုသည်။

အဆိုပါအဖွဲ့သည် ဦးစိုင်းဦး၏ နေအိမ်၌ အရက်သေစာသောက်စားပြီး မူးယစ်ဆေးဝါးဝယ်ယူပေးခြင်းမရှိသည့် အတွက် ကျေနပ်မှုမရှိကြောင်း၊ နောက်တစ်ခါ ထပ်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပြီး စက်တင်ဘာ ၂၁ ရက် နံနက်၇ နာရီတွင် ၎င်းကျေးရွာမှ ထွက်ခွာသွားကြောင်း သိရသည်။

ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား KIA အဖွဲ့မှ မူးယစ်ဆေးဝယ်ခိုင်းခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွား ခြင်းတို့အပေါ် ဒေသခံရှမ်းအားလုံး မကျေမနပ်ဖြစ်နေကြပြီး နောက်တစ်ကြိမ်လာရောက်ပါက အစိုးရတပ်များမှ ယင်း KIA အဖွဲ့အား ဖမ်းဆီးအရေးယူပေးပါရန် လိုလားနေကြကြောင်း ဆင်ဘိုမြို့ခံ ကိုစိုင်းလင်းက ပြောကြားသွားသည်။

စိုင်းပီး
From: KAN
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
``ည ၇ နာရီလောက် ရွာထဲဝင်လာကြတယ်၊ ဦးစိုင်းဦး အိမ်ထဲဝင်သွားတာမြင်တယ်၊ ခဏအကြာမှာတော့ ဦးစိုင်းဦး ရွာထဲထွက်သွားတာ မြင်တယ်၊ ပြန်ကြားတာကတော့ မူးယစ်ဆေးဝယ်ခိုင်းတာဆိုလား´´ ဟု မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဦးစိုင်းဦးအား မူးယစ်ဆေးဝါး ၀ယ်ယူပေးရန် စေခိုင်းခဲ့မှုကို ဦးစိုင်းဦးမှ မူးယစ်ဆေး ၀ါးရောင်းချသူ မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာ ၎င်းအဖွဲ့မှ သေနတ်များဖြင့် ချိန်ကာ ၀ယ်မပေးနိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

``ရွာထဲမှာ မူးယစ်ဆေးရောင်းတဲ့အိမ်ကို မရှိဘူး၊ ဦးစိုင်းဦး ရွာထဲက ပြန်လာပြီး မူးယစ်ဆေးဝယ်မရတဲ့ အကြောင်း ပြောပြတယ်၊ မူးယစ်ဆေးမသုံးစွဲရလို့ဆိုပြီး အရက်တွေသောက်သွားကြတယ်၊ မူးရူးပြီး အော် ဟစ် နေတာပါ၊ ဘယ်သူမှ မပြောရဲဘူး´´ ဟု အိမ်နီးချင်းတစ်ဦးက ဆိုသည်။

အဆိုပါအဖွဲ့သည် ဦးစိုင်းဦး၏ နေအိမ်၌ အရက်သေစာသောက်စားပြီး မူးယစ်ဆေးဝါးဝယ်ယူပေးခြင်း မရှိသည့် အတွက် ကျေနပ်မှုမရှိကြောင်း၊ နောက်တစ်ခါ ထပ်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပြီး စက်တင်ဘာ ၂၁ ရက် နံနက်၇ နာရီတွင် ၎င်းကျေးရွာမှ ထွက်ခွာသွားကြောင်း သိရသည်။

ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား KIA အဖွဲ့မှ မူးယစ်ဆေးဝယ်ခိုင်းခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက် သွား ခြင်းတို့အပေါ် ဒေသခံရှမ်းအားလုံး မကျေမနပ်ဖြစ်နေကြပြီး နောက်တစ်ကြိမ်လာရောက်ပါက အစိုးရ တပ်များမှ ယင်း KIA အဖွဲ့အား ဖမ်းဆီးအရေးယူပေးပါရန် လိုလားနေကြကြောင်း ဆင်ဘိုမြို့ခံ ကိုစိုင်းလင်းက ပြောကြားသွားသည်။

စိုင်းပီး
From: KAN

No comments:

Post a Comment