Saturday 19 July 2014

ရင်ခုန်သံအသစ်နဲ့ ချိန်းတွေ့ခြင်း မပြုလုပ်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်များ


ချစ်သူနဲ့လမ်းခွဲပြီး သို့မဟုတ် ကွားရှင်းပြီးမှာ အချစ်သစ်နဲ့ချိန်းတွေ့တယ် ဆိုတာဟာ ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ စိတ်ကူးအသစ်နဲ့ ဘဝသစ်ကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးမို့လို့ သင့်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့အချက် (၁၁)ချက်ကို စုစည်းပေးထားပါတယ်။
၁။ သင်တို့တွေ့ဆုံတဲ့အချိန်မှာ ဘယ်လိုစကားမျိုး ပြောကြမလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။
ကိုယ်နဲ့ချိန်းတွေ့မယ့် ရည်းစားအသစ်လေးရဲ့စိတ်ဝင်စားတဲ့အရာတွေနဲ့ ပက်သတ်တဲ့ မေးခွန်းလေးတွေ မေးပါ။ အဲလိုလုပ်ခြင်းကနေ သင်တို့နှစ်ဦးရဲ့ အပြန်အလှန် စကားလုံးတွေ မပြတ်သွားအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကိုလည်း သင်လေ့လာဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။

၂။ သက်တောင့်သက်သာနေပါ။
ချိန်းတွေ့ဖို့အတွက် သင့်ကိုသင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။ ဥပမာ- စိတ်ငြိမ်သွားအောင် အိမ်မှာ တစ်ယောက်ယောက် ကို ကိုယ်လက်နှိပ်ခိုင်းခြင်း၊ ရေမိုးချိုးခြင်း၊ ဟာသစာအုပ်ဖတ်ခြင်း သို့မဟုတ် ဘုရားဝတ်ပြုခြင်း အစရှိတဲ့ စိတ်ငြိမ်မှုတွေပေးနိုင်တဲ့ တစ်ခုခု သင်လုပ်နိုင်ပါတယ်။

၃။ အလျင်စလိုမပြုပါနဲ့။
သူ့ဘက်က အဆင်မပြေလို့ ရက်ရွှေ့လိုက်တယ်ဆိုရင် သင့်အနေနဲ့ မခံမရပ်နိုင်ဖြစ်စရာမလိုပါဘူး။ ဒီနေ့မဖြစ်နိုင်သေးရင် သူပေးနိုင်တဲ့ အချိန်ကို ပြန်တောင်းဆိုနိုင်ပါတယ်။ စိတ်ရှည်သည်းခံခြင်းက ဘယ်အရာကိုမဆို အနိုင်ယူ နိုင်တယ်ဆိုတာကို အမြဲမှတ်ထားသင့်ပါတယ်။

၎။ ပြင်ဆင်ပြီးမှ ထွက်လာခဲ့ပါ။
အရင်တုန်းက လမ်းခွဲခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းအကြောင်းတွေကို သင် အမေးခံရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ သိပ်အလေး မထားတဲ့ပုံစံ၊ တိုတိုပြတ်ပြတ်နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ ဥပမာ - “ဒီလိုပဲ လမ်းခွဲဖို့ ဖြစ်လာတာပဲလေ…” “နှစ်ယောက်လုံးက လိုချင်တဲ့ဘဝ မတူခဲ့ဘူးလေ..” ဆိုတာမျိုးနဲ့ ဘာမဆိုမသေးစိတ်ပြောဆိုခြင်းကို ရှောင်နိုင်သလောက် ရှောင်နေသင့်ပါတယ်။

၅။ ပျော်စရာကောင်းအောင် ဖန်တီးပါ။
အရင်သင့်ချစ်သူနဲ့တုန်းက ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့အတွေ့အကြုံအရ အခုလက်ရှိ သင်ချိန်းတွေ့နေတဲ့သူနဲ့ အတူ ပျော်ရွှင်တဲ့အချိန်တွေ ဖြတ်သန်းနိုင်အောင် ဖန်တီးမှုတွေပြုလုပ်ပါ။ သင့်မျက်နှာမှာ အပြုံးတွေ ပြန်ယူဆောင်ပေးမယ့် တစ်စုံတစ်ယောက်နဲ့ တန်ဖိုးရှိရှိ အချိန်တွေကုန်ဆုံးနိုင်ဖို့ သင်အတွက် အခွင့်အရေးဖြစ်ကြောင်း သင်မေ့မထားသင့်ပါဘူး။

၆။ ဝတ်သွားမယ့် အဝတ်အစားကို ရွေးချယ်ပါ။
သွားခါနီးမှ ဘာဝတ်ရမှန်းမသိပဲ ပျာယာခတ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ရာသီအလိုက် အဆင်ပြေမယ့် ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားကို ကြိုတင်ထုတ်ထားသင့်ပါတယ်။ သင့်ကိုသင်စိတ်မချဘူးဆိုရင်တော့ သင့်အချစ်ဆုံးသူငယ်ချင်းကို ရွေးပေးဖို့ အကူအညီတောင်းလိုက်ပါ။

၇။ လုံခြုံမှု ရှိအောင်ကြိုတင်ဆောင်ရွက်ထားပါ။
အမြင်နိုင်တဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ သင်တို့ဘယ်နေရာသွားမယ်၊ ဘယ်လိုသွားမယ် ဆိုတဲ့အထိ သင်နဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ထံ အတိအကျ သတင်းပို့ထားပါ။ ဘယ်သူမှ မသိပဲ နှစ်ယောက်တည်း မထွက်ပါနဲ့။

၈။ ရိုးသားပါ။
သင်နဲ့ပတ်သက်တဲ့အကြောင်းအရာ၊ အသက်၊ ကိုယ်အလေးချိန်၊ အရပ်၊ စိတ်ဝင်စားတဲ့အရာတွေကို သင်မှန်မှန်ကန်ကန်ပြောပြပါ။ ဒီထပ်ပိုပြီး သင်တို့နှစ်ဦးအပက်သတ်မှုဟာ နီးစပ်လာမှာဖြစ်တဲ့အတွက် ရိုးသားပြီး ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေကို သင်ထိန်းသိမ်းထား သင့်ပါတယ်။

၉။ သူ့စကားလေးတွေကို ဂရုတစိုက်နားထောင်ပါ။
သူ့စကားကို နားထောင်နေတဲ့အချိန်မှာ အသက်ပုံမှန် ရှုရင်း သင်အနားယူနိုင်ပါတယ်။ သင်စိတ်လှုပ်ရှားတယ်ဆိုရင်လည်း သူ့မျက်လုံးကို စိုက်ကြည့်ရင်း စိတ်တည်ငြိမ်သွားအောင် သင်ကြိုးစားဖို့ အချိန်ရမှာဖြစ်ပါတယ်။ ပြီးတော့ လူတိုင်း ကိုယ်ပြောတဲ့စကားကို စိတ်ဝင်တစား နားထောင်ပေးတဲ့သူကို သဘောကျကြတာများပါတယ်။

၁၀။ သင်အဖြေမထုတ်နိုင်သေးတဲ့ သင့်ရင်ခုန်သံတွေကို ဒီတိုင်းထားပါ။
ဒီချိန်းတွေ့ခြင်းကနေ သင်ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သင်နားလည်အောင် ကြိုးစားဖို့ ခက်ခဲနိုင်ပါတယ်။ သူနဲ့အတူပျော်ရွှင်စရာ ဖန်တီး ထားတဲ့ လုပ်ရပ်လေးတွေကို ပြန်စဉ်းစားရင်း သင့်အနာဂတ် အလင်းရောင် တောက်လာပါလိမ့်မယ်။ သတိထားရမှာကတော့ ပထမဆုံး ချိန်းတွေ့တယ်ဆိုတာက အပေါ်ယံ သက်သက်ပဲရှိပါသေးတယ်။ သင့်ဘဝပုံပြင်တစ်ခုလုံးကို ပြောပြဖို့ အချိန်မဟုတ်ဘူးဆိုတာ သတိ ရပါ။

၁၁။ သဘောကျတဲ့ပုံစံမဟုတ်လို့ ရှောင်ထွက်သွားချင်တယ်ဆိုရင်တော့…
သင် ယဉ်ယဉ်ကျေးကျေးတောင်းဆိုပြီး ထွက်သွားလို့ရပါတယ်။ ဒါပေမယ့် သူကျေနပ်စေနိုင်တဲ့ အကြောင်းပြချက်ကိုတော့ သင်ပေးနိုင်အောင် ကြိုတင်စဉ်းစားထားသင့်ပါတယ်။

Ref:yourtango.com
Trend Myanmar

No comments:

Post a Comment