Friday 18 July 2014

မြစ်ဖျားပိုင်း၌ မိုးကောင်းနေ၍ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ အနည်းဆုံး တစ်ပေမှ အမြင့်ဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်

ဧရာဝတီမြစ်နှင် ချင်းတွင်းမြစ်ရေသည် အဆိုပါမြစ်များ၏ စိုးရိမ်ရေအမှတ်ထက် အနည်းဆုံး တစ်ပေခန့်မှ အများဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁ဝ ရက် ပတ် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။

“ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က အထက်ပိုင်းမှာ မိုးကောင်းခဲ့တယ်။ အခုရက်ပိုင်းမှာတော့ ပြန်လျော့သွားတယ်။ အထက်ပိုင်းမှာ မိုးကောင်းရင် မြစ်ရေကမြင့်တက်နိုင်တယ်။ နောက်ပိုင်းမှာ မိုးက ရက်ဆက်သလို ဆက်ရွာခဲ့ရင်တော့ မြစ်ရေမြင့်တက်လာနိုင်တယ်။ မြစ်ရေက စိုးရိမ်ရေအမှတ် သုံးပေအလိုလောက်ရောက် ရင် ထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောကြားသည်။

မြစ်ရေမြင့်တက်နိုင်မှုအခြေအနေများတွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့ တို့ တွင် ငါးပေမှ ခုနစ်ပေခန့်၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် လေးပေ မှ ခြောက်ပေခန့်နှင့် ပခုက္ကူ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း မိုးလေဝ သနှင့်ဇ လဗေဒ မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ နှင့်ဟုမ္မလင်းမြို့တို့တွင် ခြောက်ပေမှ ရှစ်ပေခန့် မော်လိုက်မြို့၊ ကလေး ဝမြို့နှင့် မုံရွာမြို့ တို့တွင် လေးပေမှ ခြောက်ပေခန့် အထိမြင့် တက်နိုင်သည်။

မိုးရာသီကာလအတွင်း မြစ်ရေကြီးနိုင်သောအခြေနေများသည် မြစ်ဖျားပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း ပါက မိုးကြီးနိုင်ကာ ဩဂုတ်လနှင့် စက်တင်ဘာလသည် မြစ်ရေကြီးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသော ကာလဖြစ် ပြီး မြစ်ငယ်လေးများသည် အောက်တိုဘာလတွင် မြစ်ရေကြီးမှုများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

“မြစ်ဖျားပိုင်းတွေမှာ မိုးကောင်းနေတော့ မြစ်အောက်ပိုင်းတွေမှာ ရေကြီးဖို့ အလားအလာတွေ အားကော င်းနေ တယ်။ ယခုလက်ရှိ ရေကြီးနိုင်တဲ့ မြို့တွေက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာ ရေဖုံးလွှမ်းနိုင်မှုအလားအလာ မြင့်မားတဲ့နေရာတွေဖြစ်နေတယ်” ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် က ပြောကြားသည်။

“ရန်ကုန်မှာက မိုးနည်းနည်းလေး ရွာလိုက်တာနဲ့ကို ရေကြီးရေလျှံတာက ဖြစ်နေတယ်။ မိုးမရွာဘဲနဲ့ ဒီရေ တက်တာတောင် ရေနစ်မြုပ်မှုက ခံစားနေရတယ်”ဟု လှိုင်မြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတစ်ဦး က ဆိုသည်။

မိုးလယ်ကာလတွင် မြစ်ရေကြီးနိုင်မှုအခြေနေများ၌ ချင်းတွင်းမြစ်သည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော် လိုက်မြို့နှင့် ကလေးဝမြို့ တို့တွင် တစ်ကြိမ်စီ၊ ဧရာဝတီမြစ်ရေသည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီနှင့် ဟင်္သာတမြို့တို့တွင် နှစ်ကြိမ်ခန့်၊ စစ်တောင်းမြို့သည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် နှစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် နှစ်ကြိမ် ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ကြိမ်ခန့်၊ ပဲခူးမြစ်သည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့် နှင့် ငဝန်မြစ်ရေ သည် ငသိုင်းချောင်းမြို့ တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေအမှတ်ထက် အသီးသီးကျော် လွန်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Eleven Media Group 

No comments:

Post a Comment