ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကျွန်းစု ဖူးကက်မြို့က ဆာက်လုပ်ရေးလုပ်ငန်း ခွင်တခုမှာ ဇွန်လ
၁၀ ရက် ညနေ ၄ နာရီ က ဆောက်လက်စ ကွန်ကရစ် နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။
ဖူးကက်မြို့ ၀ိချစ်ရပ်ကွက် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆထိခိုက်မှု ရှိကြောင်း သတင်း ပေးပို့ချက်အရ တာဝန်ကျရဲဝန်ထမ်းတွေ သွားရောက်စစ်ဆေးရာမှာ ကွန်ကရစ်အုတ်ပုံ နဲ့ မြေ တွေပြိုကျ နေ တာ တွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းနဲ့မြန်မာအလုပ်သမားတွေက ကွန်ကရစ်အောက်မှာ ပိနေတဲ့ အလုပ်သမားတွေကို ၀ိုင်းဆွဲထုတ်တာ ကြောင်း၊ ဆွဲထုတ်လို့ရလာတဲ့ သူတွေဟာ အမျိုးသမီး ၃ ဦးဖြစ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ၀ိချစ်ရပ်ကွက် ရဲစခန်း ဒုရဲအုပ် ဂျာလစ် လဲမ်ပန်က သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က မိုးဆက်တိုက်ရွာထားတဲ့အတွက် ဆောက်ပြီးသား ကွန်ကရစ်တချို့ ပြန်ကွာကျလာတာကို အလုပ်သမားခေါင်းဆောင်က သူတို့ကို ဘိလပ်မြေပြန်ဖာခိုင်း ခဲ့ကြောင်း၊ သူတို့ နံရံပေါ်တက်ပြီး မကြာခင် ကွန်ကရစ်ပြိုကျပြီး မြေကြီးအောက် ကို ရောက်သွားကြောင်း၊ သေဆုံးသူတွေဟာ မြေပုံပိပြီး ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာတွေ တွေ့တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။
သေဆုံးသူ ၃ ဦးလုံး မြန်မာအလုပ်သမားတွေဖြစ်ပြီး မနု (၂၅) နှစ်၊ မမိုး (၁၉) နှစ်နဲ့ မမေ (၁၈) နှစ်တို့ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ့လျော့မှုလို့ ကနဦး သုံးသပ်ထားပြီး တိုက်ဆောင်လုပ်ရေး ကန်ထရိုက်တာကို ဆက်လက် စစ်ဆေးသွားမယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ရေးသားဖော်ပြထားပါတယ်။
DVB (မြန်မာပိုင်း)
No comments:
Post a Comment