ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၃ ဦးကို ထိုင်း စစ်တပ် က ဖမ်းဆီးပါတယ်။
မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရသူ စုစုပေါင်း ၁၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ကျား ၄၉၊ မ ၅၉ နဲ့ ကလေး ၅၅ ယောက် ပါဝင်ပါတယ်။
ဖမ်းဆီးထားသူတွေကို နယ်ခြားသောင်းရင်းမြစ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို ပြန်လည် ပို့ဆောင် သွားမှာဖြစ်ပြီး သူတို့ကိုလက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အလားတူ ဖမ်းဆီးမှုတွေကို တခြားရပ်ကွက်တွေမှာ ပြုလုပ်သွားဦးမယ်လို့ ထိုင်းအုပ်ချုပ်ရေးပိုင်းက ပြောပါ တယ်။
မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂ သိန်းလောက် နေထိုင်ကြတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။
DVB (မြန်မာပိုင်း)
No comments:
Post a Comment