Friday 28 March 2014

ကျောက်မဲ-မိုးကုတ် လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရမိ

Photo: ကျောက်မဲ-မိုးကုတ် လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရမိ

မတ်လ ၂၈ ရက် ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ် ကျောက်မဲ-မိုးကုတ် သွားကားလမ်းပေါ်တွင် ခရီးသွားပြည်သူ များနှင့် ကုန်တင်ယာဉ်၊ ခရီးသည် ယာဉ်များအား ဆက်ကြေးကောက်နေသော ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား မတ်လ ၂၄ ရက်နေ့တွင် နယ်မြေခံအစိုးရစစ်ကြောင်းမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော SSPP/SSA တပ်ဖွဲ့ဝင်မှာ အေးလွင်(၄၂)နှစ် (ဘ)ဦးစိန်နု၊ ရှမ်း/ဗုဒ္ဓဖြစ်ပြီး ကျောက်မဲ-မိုးကုတ် သွားကားလမ်း(၁၁)မိုင်၌ နေထိုင် သူဖြစ်ပြီး လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့အတွက် ဆက်ကြေးကောက်ပေးနေ သူ ဖြစ်ကြောင်း ကျောက်မဲရဲစခန်းမှ သိရသည်။

`` မနေ့ကမှ စခန်းကို တပ်က လာပြီးလွှဲသွားတာပါ၊ ကျောက်မဲ-မိုးကုတ်လမ်းပေါ်မှာ အမြဲတမ်း ဆက်ကြေး ကောက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ဝင်တစ်ဦးလို့ သိရတယ်´´ ဟု ရဲအရာရှိတစ်ဦး က ပြောသည်။

ဖမ်းဆီးရမိတရားခံမှာ SSPP/SSA အဖွဲ့ဝင်ဖြစ်သော်လည်း SSPP/SSA အဖွဲ့အတွက်သာမက RCSS/SSA အဖွဲ့နှင့် TNLA အဖွဲ့များအတွက်ပါ ဆက်ကြေးငွေကောက်ခံပေးနေသော ငွေလွှဲပြေစာနှင့် ဖြတ်ပိုင်းများကို လည်း တွေ့ရှိရကြောင်း သိရသည်။

`` ဒီတစ်ကြိမ် ဖမ်းမိတဲ့ တရားခံကတော့ SSPP/SSA အဖွဲ့ဝင်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူး၊ ကျွန်တော်တို့ ကြားတာကတော့ စစ်ဝတ်စုံတွေ၊ လက်ပစ်ဗုံးနဲ့ မိုင်းတွေလည်း ပါတယ်လို့ သိရတယ် ´´ ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦး၏ အတည်ပြုပြောကြားချက်အရ SSPP/SSA တပ်ဖွဲ့ဝင်ထံမှ SSA ARMY တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်းဖြင့် ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၆)ပုံ၊ တရုတ်လက်ပစ်ဗုံး (၁) လုံးနှင့် လက်လုပ်မိုင်း(၁)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

Credit To:စိုင်းနောင်(ကျောက်မဲ)
photo.. RFA
ရှမ်းပြည်နယ် ကျောက်မဲ-မိုးကုတ် သွားကားလမ်းပေါ်တွင် ခရီးသွားပြည်သူ များနှင့် ကုန်တင်ယာဉ်၊ ခရီးသည် ယာဉ်များအား ဆက်ကြေးကောက်နေသော ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား မတ်လ ၂၄ ရက်နေ့တွင် နယ်မြေခံအစိုးရစစ်ကြောင်းမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော SSPP/SSA တပ်ဖွဲ့ဝင်မှာ အေးလွင်(၄၂)နှစ် (ဘ)ဦးစိန်နု၊ ရှမ်း/ဗုဒ္ဓဖြစ်ပြီး ကျောက်မဲ-မိုးကုတ် သွားကားလမ်း(၁၁)မိုင်၌ နေထိုင် သူဖြစ်ပြီး လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့အတွက် ဆက်ကြေးကော က်ပေးနေ သူ ဖြစ်ကြောင်း ကျောက်မဲရဲစခန်းမှ သိရသည်။

`` မနေ့ကမှ စခန်းကို တပ်က လာပြီးလွှဲသွားတာပါ၊ ကျောက်မဲ-မိုးကုတ်လမ်းပေါ်မှာ အမြဲတမ်း ဆက်ြေ ကး ကောက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ဝင်တစ်ဦးလို့ သိရတယ်´´ ဟု ရဲအရာရှိတစ်ဦး က ပြော သည်။

ဖမ်းဆီးရမိတရားခံမှာ SSPP/SSA အဖွဲ့ဝင်ဖြစ်သော်လည်း SSPP/SSA အဖွဲ့အတွက်သာမက RCSS/SSA အဖွဲ့နှင့် TNLA အဖွဲ့များအတွက်ပါ ဆက်ကြေးငွေကောက်ခံပေးနေသော ငွေလွှဲပြေစာနှင့် ဖြတ်ပိုင်းများကို လည်း တွေ့ရှိရကြောင်း သိရသည်။

`` ဒီတစ်ကြိမ် ဖမ်းမိတဲ့ တရားခံကတော့ SSPP/SSA အဖွဲ့ဝင်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူး၊ ကျွန်တော်တို့ ကြားတာကတော့ စစ်ဝတ်စုံတွေ၊ လက်ပစ်ဗုံးနဲ့ မိုင်းတွေလည်း ပါတယ်လို့ သိရတယ် ´´ ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦး၏ အတည်ပြုပြောကြားချက်အရ SSPP/SSA တပ်ဖွဲ့ဝင်ထံမှ SSA ARMY တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်းဖြင့် ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၆)ပုံ၊ တရုတ်လက် ပစ်ဗုံး (၁) လုံးနှင့် လက်လုပ်မိုင်း(၁)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

Credit To:စိုင်းနောင်(ကျောက်မဲ)
photo.. RFA
From : Kachin Daily News

No comments:

Post a Comment