လက်ပံတောင်းတောင် ပဋိပက္ခတွင် လူစုလူဝေးကို ပစ်ခတ်ခွဲထုတ်ရာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးစွဲခဲ့ သည့် ၁၂ ဗို့ ပြောင်းချောသေနတ်မှာ ဥရောပ သမဂ္ဂ (EU)က သတ်မှတ်ထား သည့် နိုင်ငံတကာ စံချိန်မီ အဓိက ရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်ပြီး ၁၂ ဗို့ပြောင်းချောသေနတ်အပြင် ၃၃ မီလီမီတာသေနတ်တို့ကို ရော် ဘာကျည်ဆန် အသုံးပြုပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ တစ်ကျော့ပြန် ပဋိပက္ခတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အဓိကရုဏ်း နှိမ်နင်းရေးလက် နက်ဖြစ်သည့် ၁၂ ဗို့ပြောင်းချော သေနတ်ကို အသုံးပြု၍ စုစုပေါင်း ၁၅ ချက်ပစ်ခတ်လူစုခွဲ ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြ ခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်စဉ်တွင် တောင်သူဒေါ်ခင်ဝင်းမှာ ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်က ဆားလင်းကြီး ဆေးရုံ၌ အလောင်းကို မှုခင်းဆရာဝန်က စစ်ဆေးစဉ် သေနတ် ဒဏ်ရာဟု အဖြေထွက်ခဲ့သည်။
အဆိုပါ ၁၂ ဗို့ပြောင်းချော သေနတ်မှာ EU က သတ်မှတ် ထားသော လူစုလူဝေးနှင့် အဓိက ရုဏ်းများကို ကိုင်တွယ်နှိမ်နင်းရာတွင် သုံးစွဲရန်အကျုံးဝင်ပြီး EU က မြန်မာနိုင်ငံရဲတပ်ဖွဲ့အား သင် တန်းပေးစဉ်ကလည်း ထိုလက် နက်များဖြင့် သင်တန်းပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယရဲမှူးကြီးဇော် မင်းဦးက ပြောသည်။
‘‘ကျွန်တော်တို့က နိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီတဲ့ ဒီ ၁၂ ဗို့ပြောင်းချော သေနတ်နဲ့ ၃၃ မီလီ မီတာသေနတ် တွေကို ရော်ဘာ ကျည်ဆန်သုံးပြီး ပဋိပက္ခနဲ့ လူစု လူဝေးကိုကိုင်တွယ်ခဲ့တာဖြစ် တယ်။ EU က သင်တန်း ပေးပြီး ကတည်းက ဒီလက်နက်တွေကို နိုင်ငံတော်စရိတ်နဲ့ တပ်ဖွဲ့ဝင်တွေ ကို ပြောင်းလဲတပ်ဆင် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၂ ဗို့ပြောင်းချော သေနတ်နဲ့ ရော်ဘာကျည်သုံးပြီး ပစ်ရင် ကိုက် ၃၀ အကွာက သုံးထပ် သားကို ပေါက်ထွက်သွားနိုင်ပါတယ်။ လူကိုတော့ထိရင် သေနတ်တွန်းကန်အားကလည်းရှိတော့ ကိုက် ၃၀ အတွင်းရှိရင် တော့ တအားနီးကပ်နေပြီး အန္တရာယ်ရှိနိုင်တာပေါ့’’ဟု ၎င်းက ရှင်းပြသည်။
၁၂ ဗို့ပြောင်းချောသေနတ်မှာ ပြောင်းအရစ်မပါဘဲ ပစ်ခတ် လိုက်ပါက ခဲသီးသေးသေးလေးများ ပြန့်ကျဲ၍ လူများများကို ထိမှန်အောင်ပစ်ခတ်၍ရသည့် လက်နက်ဖြစ်ပြီး လူစုလူဝေးကို ခွဲထုတ်လိုပါက အဆိုပါ သေနတ်ကိုသုံးစွဲရ ကြောင်း လက်နက် ကျွမ်းကျင်သူ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။
‘‘၁၂ ဗို့က ရိုင်ဖယ်လိုတော့ မတိကျဘူး။ လူအုပ်စုတွေကို ခွဲချင်ရင် အဲဒါကို သုံးပါတယ်။ ရော်ဘာကျည်ဆန် ကလည်း အနီးကပ်ဆိုရင် အသက်သေစေနိုင်ပါတယ်။ ယမ်းရဲ့တွန်းကန်အားနဲ့ သွားလို့ပါ။ နောက်ရော်ဘာ ကျည် လိုပဲ စရိတ်ကျည်ဆိုတာရှိသေးတယ်။ ထိပ်ဖူးအတွင်းမှာ ခဲသီး များများထည့်ပြီးပစ်ရ တာပါ။ မကောင်းသူထိပ်၊ ကောင်းသူထိပ် ပေါ့။ လူကိုပစ်တာထက် ငှက် အုပ်တွေ ကိုပစ်ဖို့ အချို့မုဆိုးတွေ သုံးပါတယ်’’ဟု အဆိုပါကျွမ်း ကျင်သူက ဆိုသည်။
ယခုဖြစ်စဉ်တွင် ချေမှုန်းရေး ရိုင်ဖယ်ကဲ့သို့ အန္တရာယ်များသည့် လက်နက် များကို မသုံးစွဲခဲ့ဘဲ လူ သေစေနိုင်သည့်ရာနှုန်းနည်းပါး သော အန္တရာယ် သိပ်မကြီးသည့် လက်နက်များကို သုံးစွဲခဲ့ပြီး တောင်သူဒေါ်ခင်ဝင်းသေဆုံးရ ခြင်းမှာ နီးကပ်လွန်းသွားခြင်း ကြောင့်ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့ တပ်ဖွဲ့ဝင် တွေက လူစုလူဝေးကို ပထမ အဆင့်ခေါ်ယူ ရှင်းပြပါတယ်။ နောက်တစ်ဆင့်က သတိပေးပါ တယ်။ သတိပေးတာမရရင် နိုင်ငံ တော်လုံခြုံရေးတည်ငြိမ်ရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာ အောင် စော်ကားတဲ့ မင်းမဲ့စရိုက်တွေဖြစ်လာရင် မိမိ ကိုယ်ကိုယ်ခုခံ ကာကွယ် တဲ့ အနေ နဲ့ အဓိကရုဏ်းနဲ့ လူစုလူဝေးကို ကိုင်တွယ်တဲ့ လက်နက်တွေ အသုံးပြု လူစုခွဲရတာပါ’’ဟု ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆက်လက်ပြောသည်။
လက်ပံတောင်းတောင်ပဋိ ပက္ခနှင့်ပတ်သက်၍ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က ရဲတပ်ဖွဲ့ဝင်များ ရော်ဘာကျည် ဖြင့် ပစ်ခတ်လူစုခွဲရသည့် အကြောင်း ရင်း တို့ကို စတင်စုံစမ်းစစ် ဆေးနေပြီဟု ဆိုသည်။
7Day DAILY
No comments:
Post a Comment