Thursday 25 December 2014

ရှင်ဇိုဘာဘေးကို ဂျပန်ဝန်ကြီးချုပ်အဖြစ် ပြန်လည်တင်မြှောက်

Photo: ရှင်ဇိုဘာဘေးကို ဂျပန်ဝန်ကြီးချုပ်အဖြစ် ပြန်လည်တင်မြှောက်
Thursday, December 25, 2014 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲအပြီး အသစ်စက်စက်လွှတ်တော်က  ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက် လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ အာဘေးနောမစ်လို့ သိကြတဲ့ သူ့ရဲ့စီးပွားရေး မူဝါဒနဲ့ ပိုစိတ်ချရတဲ့ လုံခြုံရေးရပ်တည်ချက် အောင်မြင်ဖို့ ကြိုးစားမယ်လို့ ကတိပြုခဲ့ပါတယ်။

အာဘေးဟာ နိုင်ငံရေးရန်ပုံငွေသုံးစွဲမှုအပေါ် မေးခွန်းထုတ်တာကို ရင်ဆိုင်နေရတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ နေရာကို အစားထိုးမယ်လို့ ဂျပန်မီဒီယာတွေက ဆိုပါတယ်။

ဒါပေမယ့် ကျန်တဲ့ အစိုးရအဖွဲ့ကိုတော့ အပြောင်းအလဲမလုပ်ဘဲ ထားမယ်လို့ တွက်နေကြပါတယ်။

ကာကွယ်ရေး ၀န်ကြီးသစ် ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်ကြီး နခတနိဟာ စွမ်းရည်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

သူ့ကိုရာထူး ခန့်အပ်မှုဟာ တရုတ်ဆီက မီးစဆွဲသလို ဖြစ်နိုင်ပေမယ့် ဝန်ကြီးချုပ်ရဲ့ ရည်မှန်းချက်ကို အောင်မြင်မှုပေးနိုင်စွမ်းမယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

၂၀၁၅ မှာတော့ အခြေခံဥပဒေကို ပြန်လည်အဓိပ္ပာယ်ဖွင့်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပိတ်ပင်ထားတဲ့ ဂျပန်တပ်တွေကို နိုင်ငံခြားမှာ တိုက်ခွင့်ပြုနဲ့  မဟာမိတ်တွေကို အကူအညီပေးခွင့်အတွက် ဥပဒေကို ပြင်ဆင် ထုတ်ပြန်ဖို့လည်း ရှိနေပါတယ်။

ဒီဗွီဘီ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဓာတ်ပုံ – အေအက်ဖ်ပီ)
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဓာတ်ပုံ – အေအက်ဖ်ပီ)
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲအပြီး အသစ်စက်စက်လွှတ်တော်က  ဝန်ကြီးချုပ် အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက် လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ အာဘေးနောမစ်လို့ သိကြတဲ့ သူ့ရဲ့စီးပွားရေး မူဝါဒနဲ့ ပိုစိတ်ချရတဲ့ လုံခြုံရေးရပ်တည်ချက် အောင်မြင်ဖို့ ကြိုးစားမယ်လို့ ကတိပြုခဲ့ပါတယ်။

အာဘေးဟာ နိုင်ငံရေးရန်ပုံငွေသုံးစွဲမှုအပေါ် မေးခွန်းထုတ်တာကို ရင်ဆိုင်နေရတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ နေရာကို အစားထိုးမယ်လို့ ဂျပန်မီဒီယာတွေက ဆိုပါတယ်။

ဒါပေမယ့် ကျန်တဲ့ အစိုးရအဖွဲ့ကိုတော့ အပြောင်းအလဲမလုပ်ဘဲ ထားမယ်လို့ တွက်နေကြပါတယ်။

ကာကွယ်ရေး ၀န်ကြီးသစ် ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်ကြီး နခတနိဟာ စွမ်းရည်ရှိတဲ့ ကာကွယ်ရေးဝန်ကြီး ဟောင်းလည်း ဖြစ်ပါတယ်။

သူ့ကိုရာထူး န့်အပ်မှုဟာ တရုတ်ဆီက မီးစဆွဲသလို ဖြစ်နိုင်ပေမယ့် ဝန်ကြီးချုပ်ရဲ့ ရည်မှန်းချက်ကို အောင် မြင်မှုပေးနိုင်စွမ်း မယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

၂၀၁၅ မှာတော့ အခြေခံဥပဒေကို ပြန်လည်အဓိပ္ပာယ်ဖွင့်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပိတ်ပင်ထားတဲ့ ဂျပန်တပ်တွေကို နိုင်ငံခြားမှာ တိုက်ခွင့်ပြုနဲ့  မဟာမိတ်တွေကို အကူအညီပေးခွင့်အတွက် ဥပဒေကို ပြင် ဆင် ထုတ်ပြန်ဖို့လည်း ရှိနေပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment