ဓာတ်ပုံ – National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေ ကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ)က သတင်းထုတ်ပြန်ထားပါတယ်။
၎ ပွင့်ဆိုင်တွေ့ဆုံရေးနဲ့ ပက်သက်လို့လည်း တိုင်းရင်းသားတွေဖက်က ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လက်ရှိ တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲတွေကို မကြာခဏ တွေ့ဆုံ အဖြေရှာဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ အန်အယ်ဒီ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment