ဂျာမနီလက်ရွေးစင် အို ဇေးလ်အနေဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့ခြင်းမှာ အမှားကျူးလွန်ခြင်းဖြစ်ပြီး ရီးရဲလ်မှာပင်ဆက်နေကာ တိုက်ပွဲဝင်နေသင့်သည်ဟု ဂျာမနီအသင်းခေါင်း ဆောင်ဟောင်း မိုက် ကယ်ဘောလက် က ယုံကြည်နေသည်။
ချယ်လ်ဆီးသို့ ပြောင်းခဲ့စဉ် ရုန်းကန်ခဲ့ရသော ဘောလက်က အိုဇေးလ် စိတ်ဓာတ်ခိုင်မာမှု လျော့နည်းခြင်း မှာ ကစားပုံကျဆင်းခြင်းကို ပိုမိုဆိုးရွားစေခဲ့ပြီး တိုးတက်မှုမပြခြင်းအပေါ် ၎င်းက စိုးရိမ်နေ သည်။
‘‘မနှစ်တုန်းက ရီးရဲလ်ကနေ အာဆင်နယ် ပြောင်းသွားကတည်း က ဘာဖြစ်သွားလဲမသိဘူး။ ကမ္ဘာ့ဖလား ရတာတောင် သူ့ပုံစံ တိုး တက်မလာဘူး’’ဟု ဘောလက်က ပြောကြားပြီး အိုဇေးလ်၏ အရည်အချင်းနှင့် ရီးရဲလ်မှာပင် ဆက်နေပြီး တိုက်ပွဲဝင်သင့်ကြောင်း ပြောသည်။ သို့သော် ကလပ်အသင်းတစ်ခုတွင် အံဝင် ခွင်ကျဖြစ် ရေးမှာ အချိန်ယူရသည်ဟုလည်း ဘောလက်ကဝန်ခံသည်။
Ref: Goal
No comments:
Post a Comment