မိမိအား နိုင်ငံတော်အတွက် အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကို လိမ်ညာယူထားသည်ဟု သက်သေ အထောက်အထားများရှိပါက တရားစွဲဆိုနိုင်ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက ပြောကြားလိုက်သည်။
ဦးတေဇက ''အခွန်မဆောင်ဘူးဆိုရင်လဲ တရားရုံးတင်ပါ။ ကိုယ် တိုင်လိုက်ရှင်းပေးမယ်''ဟု ဆိုသည်။
လက်ရှိတွင် တိုင်းပြည်တွင် ဖြစ်ပျက်လျက်ရှိသောပြဿ နာမှာ စီးပွားရေး မတည်ငြိမ်ခြင်းကြောင့်ဖြစ်ကြောင်း ယင်းကမှတ်ချက်ပေးသည်။
လက်ရှိတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အစု ရှယ်ယာများကို ယခင်ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ မိသားစုထံ ရောင်းချခဲ့ ခြင်းကြောင့် ဝေဖန်မှုများ ခံနေရကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment