မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။
ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေး အတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ် များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment