ဇူလိုင် ၂၉ ရက်ကပြုလုပ်သော လိုင်ဇာထိပ်သီးအစည်းအဝေး၌ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က အဖွင့်အမှာစကား ပြောကြားစဉ်
လက်ရှိ ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဆောင်ရွက်နေ၍ စစ်မှန်သော ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် အခက်အခဲများစွာရှိသည်ဟု ဇူလိုင် ၂၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်ခဲ့သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အလှည့်ကျသဘာပတိအဖြစ် ဆောင် ရွက်သော ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ဆိုသည်။
ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က “သမ္မတဦးသိန်းစိန် ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်က ကြိုးပမ်းဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုဖြစ် သည့် အတွက် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာ အခက်အခဲ များစွာ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း ဖြစ်ပေါ် ခဲ့သော ပြည်တွင်း စစ်ရပ် စဲရေး၊ ပြည် တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဝေဖန်သုံးသပ်ကြည့်မယ်ဆိုပါက သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုး ရက ကြိုးပမ်းဆောင်ရွက်နေသော ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေမှုသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲပေါ်ထွန်းလာရန် တစ်စုံတစ်ရာ အတိုင်းအတာထိ အကျိုး သက်ရောက်မှု ရှိသည်ဟု ၎င်းကဆိုသည်။
ဇူလိုင် ၂၉ ရက်ကပြုလုပ်သော လိုင်ဇာအစည်းအဝေးသို့တက်ရောက်လာသည့် ကုလကိုယ်စားလှယ်၊ တရုတ်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် နိုဝင်ဘာက ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ကချင်ပြည်နယ် လိုင်ဇာညီလာခံနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီက ကရင်ပြည်နယ် လော်ခီးလာညီလာခံတို့မှ သဘော တူ ချက်များသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေး ကို ဖော်ဆော င်ပေးနိုင် သည့်မူများဖြစ်ကြောင်း၊ ယင်းမူများ အကောင်အထည်ဖော်နိုင်ရေးအတွက် လူထုစွမ်း အား၊ နိုင်ငံတကာစွမ်းအားတို့ဖြင့် ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်ရန် များစွာအရေးကြီးသည်ဟု ခိုင်စိုးနိုင်အောင် က ပြောကြားသည်။
ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင်ပြုလုပ်သည့် လိုင်ဇာထိပ်သီး အစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်တို့ ပါဝင်တက်ရောက် လေ့ လာခြင်း သည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလားအလာကောင်းသော လက္ခဏာ တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။
ငြိမ်းချမ်းရေးရရန် ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်နေသည့်အတွက် စစ်မှန်သောငြိမ်းချမ်းရေးရရန် အခက်အခဲ များစွာရှိသောကြောင့် တိုင်းရင်းသားများ အခွင့်အရေးတစ်စုံတစ်ရာ ရရှိစေနိုင်သည့် အာမခံချက် ရှိအောင် စုပေါင်းကြိုးပမ်းကြရန် စုပေါင်းရပ်တည်ကြရန်နှင့် လိုင်ဇာသဘောတူညီ ချက်နှင့် လော်ခီးလာ သဘော တူညီချက် များကို စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အခိုင်အမာရပ်တည်ပြီး နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ခိုင်စိုးနိုင်အောင်က တိုက်တွန်းပြောကြားသည်။
Eleven Media Group
No comments:
Post a Comment