ဒဏ်ရာ အနည်းငယ်စီ ရရှိထားသော ဘိုင်ယန်မြူးနစ် အသင်းမှ ဂိုးသမား မန်နျူရယ်လ်နျူအာနှင့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်သူ ဖိလစ်လမ်းတို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း၌ ပါဝင် ကစားရန် အတွက် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း အသင်းဆရာဝန် Hans-Wilhelm Mueller-Wohlfahrt က မေ ၁၉ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းပွဲစဉ်တွင် ဂိုးသမား နျူအာသည် ညာဘက်ပခုံးတွင် ဒဏ်ရာရရှိခဲ့ပြီး အလားတူ နိုင်ငံ အသင်း ခေါင်းဆောင် လမ်းသည် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကစားသမား နှစ်ဦးသည် ဒဏ် ရာ ရရှိ ထားသော်လည်း South Tyrol ရှိ ၎င်းတို့၏ လေ့ကျင့်ရေး ကွင်းသို့ မေ ၂၁ ရက်တွင် နိုင်ငံ အသင်းနှင့် အတူ သွားရောက် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment