ပတ်ဝန်းကျင် တစ်ခုလုံး အရိုးခိုက်မတတ် အေးချမ်းနေ သည်။ နေရာတိုင်းလိုလို ဆီးနှင်းများကို မြင်နေရပြီး ကြမ်းတမ်းခက်ထန်လှသည့် ဝင်ရိုးစွန်းလေကလည်း ဖြတ်သန်းတိုက်ခတ်နေသည်။ ထိုမျှ ဆိုး ရွားသော နေ ရာ တွင် ရှင်သန်နေထိုင်နေသူများ၏ ဓလေ့သဘာဝကို ဘရိုင်ယန် အလက်ဇန္ဒားက သွားရောက်၍ မှတ်တမ်း ဓာတ်ပုံရိုက်ယူခဲ့သည်။ အလက်ဇန္ဒားသည် ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်း တွင် နေထိုင် သည့် ချက်ချီ၊ ဒိုလ်ဂန်၊ အီဗန်၊ ခန်တီ၊ ကိုမီ၊ နီနတ်စ်နှင့် ငါနာဆန် မျိုးနွယ်များ၏ နေထိုင်မှု စရိုက်သဘာဝ များကို ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ရာသီဥတု ကြမ်းတမ်းပြီး ကျယ်ပြောလှသော ဆိုက်ဘေးရီးယား ဒေသသည် ထိုအရပ်တွင် မှီတင်းနေ ထိုင်သူ များကို တောင်ဘက်ပိုင်းရှိ ကမ္ဘာ့လူသားများနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ အာတိတ်ယဉ်ကျေးမှုများ ယခုခေတ်တွင် တစ်စထက်တစ်စ လျော့နည်းပျောက်ကွယ်လာသော်လည်း စီးပွားရေးအရရော၊ ဓလေ့ထုံးစံအရပါ ယဉ်ကျေးမှုဟောင်းများကို လိုက်နာကျင့်သုံးမှုများ ရှိနေဆဲဟုလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment