Wednesday 2 April 2014

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်

Photo: မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်
Wednesday, April 2, 2014

ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ

မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

Bangkok Chain Hospital (BCH) ၏ တာဝန်ခံ ဦးစီးအရာရှိ ဖြစ်သော မန်နေးဂျင်း ဒါရိုက်တာ Dr. Chalerm Harnpanich က ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံမှ င်္ Family Mandalar ပုဂ္ဂလိက ဆေးရုံနှင့် မိမိတို့၏ World Medical Centre တို့ ပူးပေါင်းကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတွက် အဆင့်အတန်း မြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုများကို လုပ်ဆောင် ပေးနိုင်တော့မည်ဖြစ်သဖြင့် အလွန်ပင် ဝမ်းမြောက်မိပါကြောင်း၊ Family Mandalar ပုဂ္ဂလိက ဆေးရုံတွင် ပိုမိုကောင်းမွန်သော ဆေးကုသမှု စနစ်များ လုပ်ဆောင်နိုင်စေရန် WMC မှ အထောက်အကူပြု ဆေးပညာရှင် အဖွဲ့အစည်း တစ်ခုကို စေလွှတ်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်းမာရေးပိုင်း ဆိုင်ရာ ပညာ သင်ကြားမှုများ ပြုလုပ်ပေးနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကုသရန် ခက်ခဲလှသော ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါသည်များ၊ နှလုံးပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါ ခံစားနေရသူများနှင့် အရေးကြီးသော ဆေးဝါးကုသမှု ပေးရန် လိုအပ်သူများကို World Medical Centre မှ ၎င်းတို့ကိုယ်ပိုင် ဆေး ကုသမှု လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံတွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်း မာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
Bangkok Chain Hospital (BCH) ၏ တာဝန်ခံ ဦးစီးအရာရှိ ဖြစ်သော မန်နေးဂျင်း ဒါရိုက်တာ Dr. Chalerm Harnpanich က ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံမှ င်္ Family Mandalar ပုဂ္ဂလိက ဆေးရုံနှင့် မိမိတို့၏ World Medical Centre တို့ ပူးပေါင်းကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတွက် အဆင့်အတန်း မြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုများကို လုပ်ဆောင် ပေးနိုင်တော့ မည်ဖြစ် သဖြင့် အလွန်ပင် ဝမ်းမြောက်မိပါကြောင်း၊ Family Mandalar ပုဂ္ဂလိက ဆေးရုံတွင် ပိုမိုကောင်း မွန်သော ဆေးကုသမှု စနစ်များ လုပ်ဆောင်နိုင်စေရန် WMC မှ အထောက်အကူပြု ဆေးပညာရှင် အဖွဲ့ အစည်း တစ်ခုကို စေလွှတ်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်းမာရေးပိုင်း ဆိုင်ရာ ပညာ သင်ကြားမှုများ ပြုလုပ်ပေးနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကုသရန် ခက်ခဲလှသော ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါသည် များ၊ နှလုံး ပိုင်းဆိုင် ရာ ရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါ ခံစားနေရသူများနှင့် အရေးကြီးသော ဆေးဝါး ကုသမှု ပေးရန် လိုအပ်သူများကို World Medical Centre မှ ၎င်းတို့ကိုယ်ပိုင် ဆေး ကုသမှု လေ ယာဉ်ဖြင့် မြန် မာနိုင်ငံမှ ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံတွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment