Thursday 24 April 2014

ချစ်သောသူနှင့် ဝေးနေရသူသည် သာမန်လူထက် သေဆုံးမှုပိုမို မြန်ဆန်နိုင်


သိပ္ပံပညာရှင်များ၏ သုတေသန အသစ်တစ်ရပ်အရ မိမိ၏ ချစ်မြတ်နိုးရသူကို ဆုံးရှုံးသွား ပြီးနောက် ပထမ လတွင် နှလုံးအလုပ် မလုပ်တော့ဘဲ နှလုံးရပ် မည့် အန္တရာယ် သို့မဟုတ် လေဖြတ်မည့် အန္တရာယ် နှစ်ဆ ခန့် ရှိနိုင်ကြောင်း ပြသခဲ့ သည်။ ချစ်သောသူနှင့် သေကွဲခွဲရ၍ မကြာမီ လိုက်ပါသေ ဆုံးသော သူကို ရှေးခေတ်ကာလကဆိုလျှင် ရင်ကွဲနာကျ၍ သေသည်ဟု ဆိုကြောင်း စာများတွင် ဖတ်ရှုရ သည်။

 
ယခုခေတ်တွင် ရင်ကွဲနာကျသည် ဆိုသော အဓိပ္ပာယ်မှာ နှလုံးသား ကွဲကြေ၍ သေသွားရခြင်းကို ဆိုလိုပါ လိမ့် မည်။ ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် စိတ်ကျရောဂါနှင့်သောက ဖိစီးမှုများကို ပို၍ ဖြစ်စေရုံသာမက ရောဂါ အမျိုးမျိုးတို့ကို ကာကွယ်ပေးသည့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုလည်း အားနည်းသွားစေ နိုင်သည်။ ရောဂါအမျိုးမျိုး ဆိုသည်မှာ သာမန်အအေး မိခြင်းမှသည် ကင်ဆာရောဂါအထိ ၉၆ ပါးသော ရောဂါအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ဆရာဝန်များက နှလုံးကွဲကြေ လက္ခဏာ (broken heart Syndrome) ဟူ၍ ခေါ်သည်။ သင့်အနေဖြင့် တခြားသော အချိန်များထက် ချစ်သောသူနှင့် ကွေကွင်း ရချိန်မှာ သေသွားနိုင်ခြေ အနည်းဆုံး ခြောက်ဆရှိနေပါသည်။

မုဆိုးဖို၊ မုဆိုးမများသည် သူတို့၏ ကြင်ဖော်ကြင်ဖက် ဆုံးရှုံးသွားပြီး လအနည်းငယ်အတွင်း အဘယ်ကြောင့် လိုက်လံသေဆုံးသွားရ သလဲဆိုသည်ကို ဤဖြစ်စဉ်က ရှင်းပြနေသည်။ နာမည်ကျော်ကြား လူသိများသော ပုဂ္ဂိုလ်များသည် သူတို့၏ လက်တွဲဖော်နှင့် သေကွဲခွဲရပြီး မကြာမီ သူတို့ပါ လိုက်၍သေသွား ကြရသည်ကိုတွေ့ရသည်။ ၂ဝဝ၅ ခုနှစ်က အသက် ၉၂ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် ဂျိမ်းစ်လေကေလာဂန် ကွယ်လွန်ပြီး ၁၁ ရက်အကြာတွင် အသက် ၆၇ နှစ်ရှိဇနီးဖြစ်သူ အောက်ဒရေးက လိုက်၍ သေသွားခဲ့ ရသည်။ ၂ဝ၁၃ ခုနှစ်က အဆိုတော် ဂျွန်နီကက်ရှ်သည် ဇနီးဖြစ်သူ သေဆုံးပြီး လေးလအကြာ အသက် ၇၁ နှစ်တွင် ဆီးချိုသွေးချို ရောဂါများတစ်ခုပြီး တစ်ခုရှုပ်ထွေးစွာ ဖြစ်ပေါ်လာ ကာကွယ်လွန်သွား ခဲ့ရပြန် သည်။ တချို့အမျိုးသမီးများသည် ချစ်သောသူနှင့် ကွေကွင်းရပြီး ရက်သတ္တပတ်များ အတွင်း ကြောက်လန့် ဖွယ် ကောင်းအောင် ဆံပင်တွေကျွတ်ကုန်သည်။ ဝမ်းနည်း ပူဆွေးခြင်းသည် ခန္ဓာကိုယ် ၏ ခုခံအားစနစ်ကို အားနည်းစေသည်။ အအေးမိမခံနိုင်၊ တုပ်ကွေး၊ လည်ချောင်းနာလည်း ဖြစ်လွယ်သည်။ ယင်းသည် ကိုလက်စထရော များခန္ဓာကိုယ်အတွင်း များပြားနေခြင်းကြောင့် ဖြစ်သည်။

ကြွက်သားများနှင့် ဦးနှောက်ကို စွမ်းအင်များ ပို၍ပေးရန် ကိုယ်ခန္ဓာ ခုခံအားစနစ်မှ ဝေးရာသို့ ဖယ်ခွာ သွားစေသည်။ ရက်သတ္တပတ်များနှင့် လများကြာလျှင် ကျွန်တော်တို့ နေမကောင်းဘဲ အိပ်ရာထဲ၌ပင် လဲနေတော့ မည်သာ ဖြစ်သည်။ ဘာမင်ဂန် တက္ကသိုလ်မှ သုတေသီများ၏ အဆိုအရ နာတာရှည် ပြင်းထန်သော စိတ်ဖိစီးမှုသည် ကျွန်ုပ်တို့အား ဗိုင်းရပ်စ်ပိုး ကူးစက်ရန် ၂ဝ ရာခိုင်နှုန်း ပို၍ဖြစ်နိုင်ခြေရှိသည်။ တချို့ဆို ယင်းတို့ ထက် နှစ်ဆဖြစ်နိုင်ခြေ ရှိသည်။ ကိုလက်စထရောများက ခန္ဓာကိုယ် ခုခံအားစနစ်ကို နှိပ်ကွပ်သည့်အတွက် ခန္ဓာကိုယ်က ကာကွယ် ဆေးထိုးခြင်းကို လည်း ကောင်းမွန်စွာ မတုံ့ပြန်နိုင်ချေ။ ဆိုလိုသည်မှာ သင့်အတွက်နှစ်ပတ်လည် တုပ်ကွေးကာကွယ်ဆေး ထိုးပေးပေမယ့် လည်း မကြာမီက ပူဆွေးသောက ရောက်ထားသည်ဆိုလျှင် အလုပ်သိပ် မဖြစ်ချင်တော့ပေ။ ရောဂါပိုး ကူးစက်ခံရရန် အန္တရာယ်တိုး၍ ရှိလာပါသည်။ ပူဆွေးသောက ရောက်ခြင်း သည် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ ယင်းကို စိတ်ဖိစီးခေါင်း ကိုက် ရောဂါဟုခေါ်သည်။ တတိယအရွယ် လူကြီးများ ပုံမှန်ခံစားရတတ်သည်။ ဘာကြောင့် ဖြစ်နေသည်ဟု အတိအကျ နားမလည်သော်လည်း ၎င်းတို့သည်ပခုံးနှင့် လည်ပင်းကြွက်သားများ တောင့်တင်းမှုနှင့် ဆက်နွှယ်နေသည်။ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဗိုက်ကြွက်တက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်းများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ပြင်းထန်စွာ ခံစားရသော လူတိုင်းခံစားရသည့် ဘေးထွက်ဆိုးကျိုးများဟု ဆိုရပေမည်။ ထိုလက္ခဏာများသည် သွေးကြောထဲတွင် အဒရီနာလင်းနှင့် ကိုလက်စထရောများထွက် လာ၍ ဖြစ်နိုင်သည်။ ပူဆွေးသောက ရောက်ရုံသက်သက်ဖြင့် ခေါင်းကမကိုက်သေးပါ။ သို့သော် စိတ်ဖိစီးမှု ဖြစ်လာလျှင် ခေါင်းကိုက်သည်ဟု ဆရာဝန်များက ပြောသည်။ ပူဆွေးသောကကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး လူအများစုမှာ ပန်းနာရင်ကျပ်ရောဂါဖြစ် တတ်ပါသည်။ ၁၉၇၇ ခုနှစ်နှင့် ၂ဝဝ၆ ခုနှစ် ကြား ဆွီဒင်နှင့် ဒိန်းမတ်ကလေးပေါင်း ငါးသန်းကျော်တို့၏ ဆေးမှတ်တမ်းကို ကြည့်ရာတွင် အသက် ၁၈ နှစ်အောက် ကလေးများ၏ မိဘတစ်ဦးဦး ကွယ်လွန်သော အခါ ကလေးများ၏ ၁ဝ ရာခိုင်နှုန်းကျော်မှာ ပန်းနာ ရင်ကျပ်ရောဂါဖြင့် ဆေးရုံတင်ရသည်။ သွေးတိုးရောဂါမှာ ချစ်ရသောသူနှင့် ကွေကွင်းရပြီး တစ်ပတ်အတွင်း သွေးတိုးတတ်ပါသည်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း ဓာတ်များ သွေးကြောထဲ ထုတ်လွှတ်ပေးလိုက်၍ နှလုံးခုန်နှုန်း မြန်ကာ သွေးကြောကျဉ်းလာသည်။

၁၉၉၇ ခုနှစ်က အမေရိကန် မုဆိုးဖို၊ မုဆိုးမ ၁၅ဝ ကို လေ့လာသည့်အခါ ချစ်ရသူကြင်ဖော် သက်ထားဇနီးမယား၊ လင်သားသေဆုံး သွားပြီးနောက် နှစ်နှစ်ကျော် လာသည့်အခါ ပို၍ဆိုးလာပါသည်။ တိုက်ပွဲကျစစ်သား၏ မိသားစုများသည် သေပြီးနောက် လေးနှစ်ကြာ ပူဆွေးသောကကြောင့် သွေးတိုးနှုန်း တက် လာခဲ့သည်။ သွေး တိုးရောဂါမှာ အသက်ငယ်ရွယ် သူများအတွက် စိုးရိမ်ရသော ပြဿနာ မဟုတ်သော်လည်း သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများအတွက် အန္တရာယ်ရှိကာ နှလုံး ရပ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွားနိုင်သည်။ ချစ်ရသောသူနှင့် ကွေကွင်းရပြီးနောက် ကိုလက်စထရောများ ထွက်လာသဖြင့် အရိုးဖွဲ့စည်းမှုကို လျော့ကျ လာ၍ အရိုးကျိုးခြင်း၊ အရိုးကြေခြင်းတို့ ဖြစ်စေနိုင်သည်။ ဘာမင်ဂန် တက္ကသိုလ်မှ ပူဆွေးသောကနှင့် ခန္ဓာကိုယ် ခုခံအားစနစ်ဆိုင်ရာ ပါရဂူပါမောက္ခ ဂျေးနယ်လော့ဒ်က ပူဆွေးသောကသည် စိတ်ဓာတ်ကျမှုနှင့် တွဲဖက်ဖြစ်ပွားတတ်ရာ ကြွက်သားနှင့် အရိုးဆုံးရှုံးမှုကို ဖြစ်စေသည်။ ဒိန်းမတ်နိုင်ငံ၌ ၂ဝဝ၅ ခုနှစ်က လေ့လာချက်အရ လွန်ခဲ့သော ၁၈ နှစ်အတွင်းက သားသေခဲ့ရသူ မိခင်များ၏ ၄၁ ရာခိုင်နှုန်းသည် ဆေးရုံတက်၍ ဆီးချိုရောဂါကို ကုသကြရပြီး သိပ္ပံပညာရှင်များ အဆိုအရ ကိုလက်စထရော ဓာတ်သည် အင်ဆူလင် ထုတ်ပေးသော ပန်ကရိယခေါ် မုန့်ချိုအိတ်ရှိ ဆဲလ်များကို ပျက်စီးစေ၍ သွေးထဲမှ သကြားပါဝင်မှုကို ထိန်းပေးသည့် အင်ဆူလင် ထုတ်မပေးတော့ချေ။ ၂ဝ၁၂ ခုနှစ်က ဟားဗက် တက္ကသိုလ်၏ လေ့လာချက်အရ ချစ်ရသောသူနှင့် ကွေကွင်းရပြီး ၂၄ နာရီအတွင်း နှလုံးရပ်တန့်မှု အန္တရာယ်မှာ ၂၁ ဆမြင့်မားသည်။ ပထမ တစ်ပတ်အတွင်း နှလုံးခုန်နှုန်း မြင့်တက်များ ပြားလာကာ အအိပ်ပျက်၊ အစားပျက်ဖြစ်၍ အသက်အန္တရာယ်နှင့် နီးလှပေသည်။ ချစ်ရသောသူနှင့် ကွေကွင်းရသူများသည် နံပါတ်နှစ် အမျိုးအစားဖြစ်သည့် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေရှိပြီး သက်လတ်ပိုင်းတွင် အဖြစ်များသည်။

အမျိုးအစားနှစ် ဆီးချိုသွေးချိုရောဂါမှာ ရှုပ်ထွေးပါက စိုးရိမ်ရပြီး အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှလုံးနှင့် ကျောက် ကပ်ရောဂါ ဖြစ်ခြင်းတို့ အပါအဝင် သွေးလည်ပတ်မှုလည်း မမှန်တော့ပေ။သို့ဖြစ်၍ ဤလောကတွင် ချစ်ရသောသူနှင့် ကွေကွင်းရခြင်း ဆင်းရဲဒုက္ခမှာ ပူဆွေးသောကက ရင်မှာ စူးဝင်နေသလို ဖိစီးနေ ခြင်းဖြစ်ရာ အသက်အန္တရာယ်ကို စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်သောကြောင့် ကျန်းမာရေး အသိဖြင့် ဂရုစိုက်နိုင်ပါရန် ရေးသားလိုက်ရပါသည်။

မြ၀တီ

No comments:

Post a Comment