Monday 31 March 2014

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ

Photo: သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း
ကောက်ယူမှုခံယူ|
Monday, March 31, 2014

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ စတင်
ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်း
နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦး
ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍
နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမံဇာ
ခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့် သန်းခေါင်စာရင်း
ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြရာ သန်းခေါင်စာရင်း မေးခွန်း ၄၁ ချက် ကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး
မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း
အင်အား ၁၁၁၂၅၄ ဦးအား သင်တန်းများပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း
ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း ၁၄၈၃၅၆၀၀ နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် စာရွက်စာတမ်း အပြည့်အစုံအား
နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ၊ရပ်ကွက်၊ ကျေးရွာကွပ်ကဲရေးရုံးများ
တွင် ဖြန့်ဝေ ထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စု တစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ချက် မေးမြန်း
ကောက်ယူမည်ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား မတ် ၂၉ ရက် ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကာ မတ် ၃၀ မှ ဧပြီ
၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှစတင်ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်းနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် ၌ ဖော်ပြခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင် ၍ နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမံဇာခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့် သန်းခေါင် စာရင်း ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင် စာရင်း ကောက်ယူခဲ့ကြရာ သန်းခေါင်စာရင်း မေးခွန်း ၄၁ ချက် ကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့ က ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်းအင်အား ၁၁၁၂၅၄ ဦးအား သင်တန်းများပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း ၁၄၈၃၅၆၀၀ နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် စာရွက်စာတမ်း အပြည့်အစုံအား နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ၊ ရပ်ကွက်၊ ကျေးရွာကွပ်ကဲရေးရုံးများတွင် ဖြန့်ဝေ ထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စု တစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ချက် မေးမြန်း ကောက်ယူမည်ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား မတ် ၂၉ ရက် ညသန်းခေါင်ယံကို ရည်ညွှန်းချိန် အဖြစ် သတ်မှတ်ကာ မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment