လယ်တီဆရာတော်ကြီးသိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့်ညှိုနှိုင်းပေးသွား မည်ဖြစ်ကြောင်း ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှသိရသည်။
ထို့နောက်လမ်းလျှောက်ဆန္ဒပြကြသူများမှ ဆက်လက်လမ်း မလျှောက် စေလိုပါက အချက်သုံးချက် လိုက်လျှောပေးရန်တောင်းဆိုခဲ့သည်။ လယ်တီဆရာတော်ကြီး၏သိမ် လုံးဝမဖျက်ဆီးရေး၊ လယ်တီ ဆရာတော်ကြီးသိမ်အား မည်သူမဆို ၀င်ရောက်သွားလာခွင့်ပြုရန်နှင့် ယခုဆန္ဒပြရာတွင် ပါဝင် သူများကို ဖမ်းဆီးတရားစွဲခြင်းမပြုရန် တောင်းဆို ထားရာ ပထမအချက်ဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ် မဖျက် သိမ်းရေးအတွက် အာဏာပိုင်များမှ ကြားဝင်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်သူများထံမှ သိရသည်။
ဖိုးလပြည့်
Popular Myanmar News Journal
No comments:
Post a Comment