ပြီးခဲ့သည့် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ စင်ကာပူနိုင်ငံ Resorts World Sentosa သို့ လူတစ်ဦးမှ ယင်း၏ ဒေါ်လာ ၂ သိန်းခွဲတန် Ferrari 458 ဖြင့် ရောက်ရှိလာခဲ့ပါတယ်။Sentosa ရှိ ယာဉ်ရပ်နားရာသို့ ရောက်ရှိပြီးနောက် လုပ်သား ၂ ဦးအား
ကားသော့ပေးပြီး ထွက်ခွာသွားပါတယ်။ ကားသော့ရပြီး နောက်မှာတော့ လုပ်သား ၂ ဦးက
ကားကို အသေအချာ သိမ်းဆည်းပေးတယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။
ကားသော့ရပြီးနောက် အဆိုပါ လုပ်သား ၂ ဦးဟာ ဤ Ferrari 458 စူပါကားအား စင်ကာပူမြို့တစ်ပတ် အပျော်ခရီး မောင်းနှင်ခဲ့ကြပါတယ်။ မောင်းနှင်ရုံတင်မဟုတ်ပဲ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့ ကြပါသေးတယ်။
အဆိုပါ ပုဂ္ဂိုလ် ၂ ဦးရဲ့ ကားခိုးမောင်းမှုကို ပိုင်ရှင်ဖြစ်သူက ကားပေါ်ရှိ လုံခြုံရေး ကင်မရာ အား ပြန်လည်ကြည့်ရှု ရာမှ ဖော်ထုတ်နိုင်ခဲ့ပြီး ရဲထံသို့ တိုင်ကြားခဲ့သလို Resorts World Sentosa သို့လည်း ယင်း၏ရှေ့နေမှတဆင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရှိရသည်။
FOR MORE + VIDEO: http://bit.ly/122Ckub
Myanmar Comsumer Guide

No comments:
Post a Comment