မျိုးမအောင်သော
အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့်
ကလေး ရနိုင် မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့်
နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ယင်းနည်းပညာအား
Toronto ရှိ Mount Sinai Hospital မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တွေ့ရှိခဲ့
ခြင်းဖြစ် သည်။ ယင်းမှာ သုက်ပိုးထဲ ၌ ECM နှင့် TEX10 ၊ ပရိုတင်း
နှစ်မျိုးအား ရှာဖွေခြင်းဖြစ်သည်။ ယင်းပရိုတင်း နှစ်မျိုးမှာ ရှာဖွေရ လည်း
လွယ်ကူပြီး ဆက်လက်ကုသမှုများအားလည်း လျင်မြန်စွာလုပ်ဆောင်နိုင်ကြောင်း
သိရသည်။ လက်ရှိသုက်ပိုးလုံးဝမရှိသောမျိုး မအောင်သော အမျိုးသားများအား
ကုသရာ၌ ခွဲစိတ်၍ ရှင်သန်နိုင်သော သုက်ပိုးထုတ်ခြင်း သို့မဟုတ် အလှူရှင်ထံမှ
သုက်ပိုးယူခြင်းတို့ဖြင့် ကုသလျက်ရှိသည်။ ဦးဆောင်သူ အဖွဲ့ခေါင်းဆောင်
Dr.keith Jarvi က လူနာများအနေဖြင့် ယခုကဲ့သို့ သုက်ပိုးမှ ပရိုတင်းနှစ်
မျိုးအား စစ်ခြင်း အားဖြင့် ခွဲစိတ်၍ ကုသခြင်းမှ ရရှိနိုင်သည့်
အချက်အလက်များ အားလုံးရနိုင်သည့်အတွက် ပိုမိုအဆင်ပြေ သွား သည်ဟု
ပြောကြားခဲ့သည်။
မိုင်ကိ
ref:Netdoctor.co.uk
By Health Updates
No comments:
Post a Comment