Shine Entertainment ကုမ္ပဏီနဲ့ ငွေလမင်း ရုပ်ရှင်ထုတ်လုပ် ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး မလေး ရှားနိုင်ငံမှ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးမယ့် "မဟာဆန်တဲ့ မာယာမျက်နှာဖုံး" ရုပ်ရှင်ဇာတ်ကား၏ အဓိကဇာတ် ဆောင် မင်းသားနေ ရာမှာ နိုင်းနိုင်း သရုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒီဇာတ်ကားမှာ
အဓိကသရုပ်ဆောင်မင်းသား အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး နိုင်းနိုင်း
ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ကြောင်းကို ဒီ ဇာတ်လမ်း ဖန်တီးသူ စတီးက "ဒီ
ဇာတ်လမ်းကို နိုင်းနိုင်းက ရိုက်ပေးမယ်ပြော ပါတယ်။ အစပထမတုန်းက
ရွေးတဲ့ထဲမှာ သူကပါပြီးသားပါ။ သူ့ကို ကျွန် တော်တို့ ဘက်ကတောင်း ဆိုတာက
ဘော်ဒီတွေကစား ဖို့အတွက် ၁လခွဲ လောက်ထိ သူတို့လိုချင်တဲ့ ပုံစံ ဖြစ်အောင်
လုပ်ပေး ဖို့ ပြော ထားပါတယ်" လို့ ပြောပါတယ်။
ဒီဇာတ် ကားရိုက်ကူးဖို့ အတွက် သြဂုတ် လ ၁၃ ရက်နေ့ မှာ မလေးရှားကို သရုပ် ဆောင်များနဲ့အတူ သွားမှာဖြစ်ပြီး စက်တင်ဘာလ ကျမှမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း စတီးကပြောပါ တယ်။
ဒီဇာတ်ကားမှာနိုင်းနိုင်း၊ နဝ ရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်၊ တခြားမြန်မာ သရုပ်ဆောင်များနဲ့ မလေး ရှားမှ အိန္ဒိယသရုပ်ဆောင် များစွာပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာရောက် ရှိနေတဲ့မြန် မာ လုပ်သားများကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ရိုက်ကူးသွားမှာဖြစ်တယ် လို့သိရပါ တယ်။ မြန်မာပြည်သူတွေအနေများတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နော်ဝေး၊ မလေးရှား၊ မြန်မာနိုင်ငံ စ တဲ့ နိုင် ငံ ၅နိုင်ငံမှာပြ သဖို့ ရည်ရွယ်ထား ကြောင်းသိရပါတယ်။
Popular Journal

No comments:
Post a Comment