Friday, 7 June 2013

ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၈၅ မိုင်) တွင် ဇွန် ၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် သုံးဦးသေဆုံး

ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင် တွင် နိုင်ငံခြားသားများပါရှိသောပါရာဒိုတစ်စီးနှင့် အေဒီဗန်အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြော ကြား သည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွားပြီး အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသူများအနက် လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၆၂ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား တစ်ဦး၊ အသက် ၈၆ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံ သား တစ်ဦးနှင့် ဘာသာပြန်တစ်ဦး ပါရှိသော ပါရာဒိုယာဉ်အား မောင်းနှင်သူ ကိုတင်ဝင်းဆိုသူက ရှေ့ရှိ မိသားစု ခြောက်ဦး ပါရှိသော အေဒီဗန်ကားအား ကျော် တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အေဒီဗန်မှာ ဘက်ဘယ်ခြမ်းရှိ ချောက်အတွင်းသို့ ကျကာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွား...

ထို့အတူ နောက်မှကျော်တက်၍ ၀င်တိုက်ခဲ့သော ပါရာဒိုကားမှာလည်း ပေ ၅၀ အနက်ရှိ ချောက်အတွင်းသို့ ကျသွားပြီး ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရဲမှူးကြီးနေ၀င်းက “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပါရာဒိုကားပေါ်က ယာဉ်မောင်းရဲ့ အိပ်ငိုက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်” ဟု ဇွန် ၆ ရက်ည ၁၁ နာရီက ပြန် လည် ဖြေကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာ ရရှိခဲ့သူ လေးဦးအား နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကုသထားပြီး လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ပါရာဒိုယာဉ်မောင်းအား အမှုဖွင့် အရေးယူထားကြောင်း ရဲမှူးကြီးနေ၀င်းက ဆက်လက်ပြောကြားသည်။
ELEVEN

No comments:

Post a Comment