Thursday 4 April 2013

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြညာ


မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာလိုက် ပါတယ်။
Thursday, April 4, 2013

အဲဒိကြေညာချက်အရ ဒုံးကျည်တွေ ကားတင်အမြှောက်
လောင်ချာတွေ ရေဒါတွေနဲ့ ပစ်မှတ်ရှာတဲ့ ကရိယာတွေနဲ့ 
မြေပြင်အခြေစိုက်ကာကွယ်ရေးစနစ်ကို မကြာခင် သီတင်းပတ်တွေမှာ ဂူအမ်ကျွန်းမှာ စေလွှတ်တပ်ဆင်မှာဖြစ်ပါတယ်။

Terminal High Altitude Area Defense System လို့ ခေါ်တဲ့  အဆင့်မြင့်ကာကွယ်ရေးစနစ်မှာ ကိုယ်ရဲ့ ကာကွယ်ရေးစနစ် ပိုင်နက်ထဲကိုချဉ်းကပ်ဝင်ရောကိလာတဲ့ ရန်သူရဲ့ ဒုံးကျည်တွေကို 
တမိနစ် သို့မဟုတ် နှစ်မိနစ်အတွင်းမှာ ပစ်ချဖြိုခွင်းမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းကို အဏုမြူလက်နက်နဲ့ တိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဂူအမ်ကျွန်းဟာ မြောက်ကိုရီးယားနိုင်ငံကနေ မိုင် ၂၀၀၀ ကွာဝေး ပါတယ်။ 

လေ့လာအကဲခတ်သူတွေကတော့ မြောက်ကိုရီးယားဟာ 
တာပေးပစ် ဒုံးကျည် ပစ်ခတ်နိုင်တဲ့ နည်းပညာ မရှိသေးဘူးလို့  ဆိုပါတယိ။ 

ဒါပေမဲ့  မိုင်ရာချီပေါက်ကွဲပစ်ခတ်နိုင်တဲ့ အလယ်အလတ်တန်းစား
ရွေ့ လျားပစ်နိုင်တဲ့ ဒုံးကျည် အပါအ၀င် စစ်အင်အား အတော်များများကို ပိုင်ဆိုင်ထားပါတယ်။

ထားထားမြင့် 

Burma-Newselite

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည်ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင် အခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက် တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

အဲဒိကြေညာချက်အရ ဒုံးကျည်တွေ ကားတင်အမြှောက် လောင်ချာတွေ ရေဒါတွေနဲ့ ပစ်မှတ်ရှာတဲ့ ကရိယာတွေနဲ့ မြေပြင်အခြေစိုက်ကာကွယ်ရေးစနစ်ကို မကြာခင်သီတင်းပတ်တွေမှာ ဂူအမ်ကျွန်း မှာ စေလွှတ်တပ်ဆင်မှာဖြစ်ပါတယ်။

Terminal High Altitude Area Defense System လို့ ခေါ်တဲ့  အဆင့်မြင့်ကာကွယ်ရေးစနစ်မှာ ကိုယ်ရဲ့  ကာကွယ်ရေးစနစ် ပိုင်နက်ထဲကိုချဉ်းကပ်ဝင်ရောကိလာတဲ့ ရန်သူရဲ့ ဒုံးကျည်တွေကိုတမိနစ် သို့မဟုတ် နှစ်မိနစ် အတွင်းမှာ ပစ်ချဖြိုခွင်းမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းကို အဏုမြူလက်နက်နဲ့ တိုက် မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဂူအမ်ကျွန်းဟာ မြောက်ကိုရီးယားနိုင်ငံကနေ မိုင် ၂၀၀၀ ကွာဝေးပါတယ်။

လေ့လာအကဲခတ်သူတွေကတော့ မြောက်ကိုရီးယားဟာတာပေးပစ် ဒုံးကျည်ပစ်ခတ်နိုင်တဲ့ နည်းပညာ မရှိသေးဘူးလို့  ဆိုပါတယိ။

ဒါပေမဲ့  မိုင်ရာချီပေါက်ကွဲပစ်ခတ်နိုင်တဲ့ အလယ်အလတ်တန်းစားရွေ့ လျားပစ်နိုင်တဲ့ ဒုံးကျည် အပါအ၀င် စစ်အင်အား အတော်များများကို ပိုင်ဆိုင်ထားပါတယ်။

Burma-Newselite

No comments:

Post a Comment