Wednesday 3 April 2013

မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့

 

မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့ငယ်စဉ်ကသိခဲ့တဲ့ မီး သတ် တပ်ဖွဲ့ အကြောင်းလေး မျှဝေပါတယ်..
မီးလောင်မှုသတင်းရလို့မီးသတ်က လူစုတဲ့အချက်ပေးခေါင်းလောင်းသံဟာ မရပ်မနား တရစပ် ခေါက်နေ တယ်ဆိုရင်မီးလောင်မှုဟာမိမိမြို့နယ်အတွင်းမှာ ဖြစ်ပွားတာပါ။ဒါကြောင့်မီးသတ်တပ်ဖွဲ့နဲ့အရန်အင်အားတွေ ဟာ ဝတ်စုံပြည့်ဝတ်ဆင်ဖို့မလိုဘဲအလျှင်အမြန်ပြေး ကြရပါတယ်.

အကယ်၍အချက်ပေးခေါင်းလောင်းသံဟာ တစ်ချက်ခြင်းမှန်မှန်ခေါက်နေတယ်ဆိုရင မိမိမြို့နယ် မှာ လောင် ကျွမ်းတာမဟုတ်ဘဲအခြားမြို့နယ်တစ်ခုမှာအိမ်ခြေ ၅လုံးထက်ပိုပြီး လောင်ခဲ့ တဲ့အတွက် အကူအညီတောင်း တာ ဖြစ်တာမို့ဝတ်စုံပြည့်ဝတ်ဆင်ပြီး သွားရောက်ရပါတယ်။

အခြားမြို့နယ်ကိုအကူအညီအဖြစ် သွားရောက်ရတာမို့အဲဒီ သွားရောက်ကူညီနေ ချိန်အတွင်း မတော် တဆကိုယ့်မြို့နယ်မှာ မီးလောင်မှု ဖြစ်ခဲ့ရင် ငြိမ်းသတ်နိုင်အောင် လူအင်အား စက်အင်အား အစီအ မံတွေပြု လုပ်ပြီးမှ ထွက်ရပါတယ်.။ ဒါကြောင့် မီးသတ်က ချက်ခြင်း မလာနိုင်ပါ။

မီးသတ်ကားတစ်စင်းမှာပါတဲ့ ဘေး၂ဘက် ရေထုတ်ပိုက်၎ခုနဲ့ကိုယ်ထည်ပေါ်မှာရှိနေတဲ့ ရေပိုက် စုစုပေါင်း၅ ခု ရဲ့ရေပက်နိုင်စွမ်းဟာ ဂါလံ ၆၀၀၀ ဆန့်တဲ့ကားအတွက် ၆မိနစ်ခန့်သာရှိ ပါတယ်.။ pump တွေရဲ့ ပက်အား ဟာ တစ်နာရွီဂါလံ ၁၂၀၀၀ခန့်ရှိပါတယ်.။ ဒါကြောင့်“မီးသတ်ကားလာပါတယ်. ခဏလေး ပက်ပြီး ရေကုန် သွားတယ်. ရေမှမပါလာတာ” ဒီလို ပြောတာတွေဟာ မှားပါတယ်.။

မီးသတ်ကားရဲ့ water Tank ဟာ အကန့်တွေပါပါတယ်.ရေရဲ့အလေးချိန်နဲ့ ကားကွေ့တဲ့အခါ မမှောက်သွားအောင်ပါ။ ဒီလို လုပ်ထားတာတောင်အဆင်မသင့်မြန်မြန် မောင်းရင်မှောက်တတ်ပါတယ်။ မီးသတ်ယာဥင်္ဟာ အမြန်မောင်းဖို့ မဖြစ်ပါဘူး။ ဒါကြောင့်မီးသတ်က နှေးတယ်။ မီးငြိမ်းမှ ရောက်လာတာ ထုံးစံ လို့ လွယ်လွယ် မှတ်ချက်မပေးသင့်ပါဘူး။

မီးသတ်တဲ့အခါမှာ မီးသတ်ကားမှာ ပါလာတဲ့ ရေနဲ့ လောင်နေတဲ့နေရာကိုအပိုင် ငြိမ်းနိုင်မငြိမ်းနိုင် တွက် ဆပါတယ်.။မငြိမ်းနိုင်လောက်အောင် လောင်ကျွမ်းအားများနေရင်မီးလောင်ရာကိုမပက်ဘဲဆက်ပြီးေ လာင်နိုင် တဲ့ နေရာကို ကြိုတင်လက်ဦးအောင်ရေပက်ထားပြီး မူလလောင်နေရာကိုတော့လောင်စာကုန်အောင ထားလိုက်ပါတယ်..။ ဆက်ပြီးလောင်မယ့်နေရာကို ဖြိုထားတာမို့မသိသူများက လောင်တဲ့နေရာကို ဘာမှမငြိမ်းဘဲတခြားငွေပေးတဲ့ အိမ်ကို ရေဖြန်းနေတယ်ဆိုတတ်ကြပါတယ်..။

တစ်ခါတလေ ကိုယ်ထင်တာမြင်တာတွေဟာ ပညာမပါရင်လွဲမှားနေတတ်ပါတယ်။

Credit to-Maung Maung Myint

1 comment:

  1. မှန်ပါတယ် ဒါတော့အစောကြီးကတည်းကသိပြီးသားပါ မသိတဲ့သူများက သူတို့ အတ္တကြောင့်လို့ ကျွန်တော်ထင်ပါတယ် အဓိက က သူတို့ မစဉ်းစားတတ်လို့ ပါ။

    ReplyDelete