Sunday, March 10, 2013
ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင် ခေတ်အမီဆုံးနည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထု ထည် ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။
ဂျာမနီကုမ္ပဏီ Fabbster က ထုတ်လုပ်သော သုံးဖက်မြင် ပုံနှိပ်စက်သည်
ပလတ်စတစ်ကို အရည်ဖျော်ပြီး ၀ ဒသမ ၀၈၈ မီလီမီတာသာထူသော အလွှာများတည်ဆောက်ကာ
ထုထည်ပစ္စည်းတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးသည်။ ယင်း စနစ်ကို
အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ဒီဇိုင်းပညာရှင်များ၊
အင်ဂျင်နီယာများက လတ်တလောတွင် အ သုံးပြုနေကြောင်း သိရသည်။
သီအိုရီအတိုင်း ဆိုပါက ထုတ်လုပ်ပေးနိုင်သော ထုထည်ပစ္စည်း၏ အရွယ်အစားမှာအကန့်အသတ် မရှိသော်လည်း ပြပွဲ တွင် ပြသ ခဲ့သော စက်ကထုတ်လုပ်ပေးနိုင်သော
ထုထည်ပမာဏမှာ အလျား ၈ ဒသမ ၈ လက်မ၊ အနံ ၈ ဒသမ ၈ လက်မ နှင့် အမြင့် ၈ ဒသမ ၃
လက်မဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဖေဘီယန်ဂရက်က ပြောကြားခဲ့သည်။
3D ပုံနှိပ်စက်ကို ပြပွဲတွင် ဒေါ်လာ ၂၀၀၀၊ ယူရို ၁၅၀၀ ဖြင့် ရောင်းချမည်ဟု
၎င်းကပြောကြားခဲ့သည်။ ဂျာမနီမြောက်ပိုင်း ဟန်နိုဗာမြို့တွင် မတ် ၅ ရက်နေ့မှ ၉
ရက်အထိ ကျင်းပသော CeBIT နည်းပညာပြပွဲသည် ကမ္ဘာ့အကြီးဆုံး
နည်းပ ညာပြပွဲဖြစ်ပြီး နိုင်ငံ ၇၀ ကျော်မှ ပြခန်း ၄၁၀၀ ခန့် ပြသခဲ့ကြသည်။
Ref:AFP,EMG
Sunday, March 10, 2013
ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင် ခေတ်အမီဆုံးနည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထု ထည် ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။
ဂျာမနီကုမ္ပဏီ Fabbster က ထုတ်လုပ်သော သုံးဖက်မြင် ပုံနှိပ်စက်သည် ပလတ်စတစ်ကို အရည်ဖျော်ပြီး ၀ ဒသမ ၀၈၈ မီလီမီတာသာထူသော အလွှာများတည်ဆောက်ကာ ထုထည်ပစ္စည်းတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးသည်။ ယင်း စနစ်ကို အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများက လတ်တလောတွင် အ သုံးပြုနေကြောင်း သိရသည်။
သီအိုရီအတိုင်း ဆိုပါက ထုတ်လုပ်ပေးနိုင်သော ထုထည်ပစ္စည်း၏ အရွယ်အစားမှာအကန့်အသတ် မရှိသော်လည်း ပြပွဲ တွင် ပြသ ခဲ့သော စက်ကထုတ်လုပ်ပေးနိုင်သော ထုထည်ပမာဏမှာ အလျား ၈ ဒသမ ၈ လက်မ၊ အနံ ၈ ဒသမ ၈ လက်မ နှင့် အမြင့် ၈ ဒသမ ၃ လက်မဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဖေဘီယန်ဂရက်က ပြောကြားခဲ့သည်။
3D ပုံနှိပ်စက်ကို ပြပွဲတွင် ဒေါ်လာ ၂၀၀၀၊ ယူရို ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ၎င်းကပြောကြားခဲ့သည်။ ဂျာမနီမြောက်ပိုင်း ဟန်နိုဗာမြို့တွင် မတ် ၅ ရက်နေ့မှ ၉ ရက်အထိ ကျင်းပသော CeBIT နည်းပညာပြပွဲသည် ကမ္ဘာ့အကြီးဆုံး နည်းပ ညာပြပွဲဖြစ်ပြီး နိုင်ငံ ၇၀ ကျော်မှ ပြခန်း ၄၁၀၀ ခန့် ပြသခဲ့ကြသည်။

No comments:
Post a Comment