Wednesday, March 6, 2013
ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင်စိတ်ကြွဆေးရောင်းချမှုများအား ဖေဖော် ၀ါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း ရန်ကုန်မြို့ရှိ
ကျောက်တံတား၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ ကမာရွတ်၊
ပန်းဘဲတန်းမြို့နယ်တို့တွင် အမှုပေါင်း ၁၁ မှု ဖမ်းဆီးရမိကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စာရင်းဇယားများအရ သိရသည်။
ယခင်က လမ်းဘေးဆေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လိုင်စင်ရ အိမ်သုံးဆေးဝါးဆိုင်များတွင်သာ မှတ်ပုံတင်ထားခြင်း မရှိသည့်
ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော်လည်း ထိုကဲ့သို့ ဆေးဆိုင် များတွင် ရောင်းချခွင့်မရှိသည့် ဆေးဝါးများအား ဖမ်းဆီးမှုများ ရှိ
ခဲ့သော်လည်း ယခုအခါ ရှော့ပင်းစင်တာများရှိ ဆေးဆိုင်များတွင်ပါ ဖမ်းဆီးခြင်းဖြစ်သည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများအား အဓိကဖမ်းဆီးခဲ့ပြီး ထိုထဲတွင် Sex Toys,
ECEE-2, Play Boy, Max Man, Lady a Vergy, Ponts, Mr.Bean စသည့်
ဆေးဝါးများလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စာရင်းများအရ သိရသည်။
“ကျွန်တော်တို့ဆီမှာ ၀င်ဖမ်းဖို့ သတင်းရတာ သေချာတာနဲ့ ဖမ်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်း
မရှိသည့်ဆေးဝါးများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုဖမ်းဆီးမှုတွင်
ပါဝင်ခဲ့သည့် ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးမှူးရုံးမှ ဒေါက်တာစုစုခိုင်က ပြောသည်။
“အများအားဖြင့် ပြဿနာ တစ်ခုခုဖြစ်လာရင် အဲဒီဆေးဝါးနဲ့ ပတ်သက်တာတွေကို
ဖမ်းလေ့ရှိတယ်။ မကြာခဏလည်း မှတ်ပုံ မတင် တဲ့ဆေး၊ မရောင်းရတဲ့ ဆေးတွေကို
ဖမ်းတာမျိုးတွေ ရှိတယ်။ ဒီလိင်စိတ်ကြွတဲ့ ဆေးကတော့ ရန်ကုန်မှာတင်
မဟုတ်ဘူး။ နယ်တွေမှာလည်း ဖမ်းနေတယ်လို့ ကြားတယ်” ဟု ရွှေမန်းဆေးဆိုင်မှ
ဦးလင်းမြင့်က မှတ်ချက်ပြုပြောကြားသည်။
အချို့ဆေးဝါးများသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေတတ်သောကြောင့် ယင်းဆေးဝါးများကို သုံးစွဲလိုပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင့် ဒေါက်တာကောင်းမွန်ဝင်းက ပြောသည်။
“လူငယ်တွေ အသုံးပြုကြတဲ့ ဆေးတွေဆိုလည်း သူက သုတ်ထွက်မြန်တာကို ပြုပြင်ဖို့ ဦးနှောက်ကို ပြုပြင်တဲ့
ဆေးဝါး မျိုးတွေ ဖြစ်တယ်။ မသုံးတတ်ဘဲ သေချာဆေးပမာဏ မရှိဘဲ သုံးတာများရင်
ဦးနှောက်ပိုင်းဆိုင်ရာတွေ ပြဿနာဖြစ်တယ်” ဟု မျိုးဆက်ပွားကျန်းမာရေး
သုတေသနပြုလုပ်နေသူ ပညာရှင်တစ်ဦးက ပြောသည်။.
ပုံမှန်ဆေးဝါးများပါ ရောင်းချနေသည့် ဆေးဆိုင်များအတွက် ထိုလိင်စိတ်ကြွစေသည့် ဆေးဝါးများသည် အထူးတလည် ရောင်းချရ မှုများပြားနေသည့် ဆေးဝါးများ မဟုတ်ကြောင်း ဦးလင်းမြင့်က ဆက်လက်ပြောသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားဖြစ် လိင်စိတ်ကြွဆေးမျိုးစုံကို ဖမ်းဆီးကာ အမျိုးသားဆေးဝါး
ဥပဒေပုဒ် ၁၈ အရ အရေးယူထားကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ref:7Day News Journal
Wednesday, March 6, 2013
ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင်စိတ်ကြွဆေးရောင်းချမှုများအား ဖေဖော် ၀ါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း ရန်ကုန်မြို့ရှိ ကျောက်တံတား၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ ကမာရွတ်၊ ပန်းဘဲတန်းမြို့နယ်တို့တွင် အမှုပေါင်း ၁၁ မှု ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စာရင်းဇယားများအရ သိရသည်။
ယခင်က လမ်းဘေးဆေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လိုင်စင်ရ အိမ်သုံးဆေးဝါးဆိုင်များတွင်သာ မှတ်ပုံတင်ထားခြင်း မရှိသည့်
ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော်လည်း ထိုကဲ့သို့ ဆေးဆိုင် များတွင် ရောင်းချခွင့်မရှိသည့် ဆေးဝါးများအား ဖမ်းဆီးမှုများ ရှိ
ခဲ့သော်လည်း ယခုအခါ ရှော့ပင်းစင်တာများရှိ ဆေးဆိုင်များတွင်ပါ ဖမ်းဆီးခြင်းဖြစ်သည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများအား အဓိကဖမ်းဆီးခဲ့ပြီး ထိုထဲတွင် Sex Toys, ECEE-2, Play Boy, Max Man, Lady a Vergy, Ponts, Mr.Bean စသည့် ဆေးဝါးများလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စာရင်းများအရ သိရသည်။
“ကျွန်တော်တို့ဆီမှာ ၀င်ဖမ်းဖို့ သတင်းရတာ သေချာတာနဲ့ ဖမ်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လိင်စိတ်ကြွစေသည့် ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်း မရှိသည့်ဆေးဝါးများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးမှူးရုံးမှ ဒေါက်တာစုစုခိုင်က ပြောသည်။
“အများအားဖြင့် ပြဿနာ တစ်ခုခုဖြစ်လာရင် အဲဒီဆေးဝါးနဲ့ ပတ်သက်တာတွေကို ဖမ်းလေ့ရှိတယ်။ မကြာခဏလည်း မှတ်ပုံ မတင် တဲ့ဆေး၊ မရောင်းရတဲ့ ဆေးတွေကို ဖမ်းတာမျိုးတွေ ရှိတယ်။ ဒီလိင်စိတ်ကြွတဲ့ ဆေးကတော့ ရန်ကုန်မှာတင် မဟုတ်ဘူး။ နယ်တွေမှာလည်း ဖမ်းနေတယ်လို့ ကြားတယ်” ဟု ရွှေမန်းဆေးဆိုင်မှ ဦးလင်းမြင့်က မှတ်ချက်ပြုပြောကြားသည်။
အချို့ဆေးဝါးများသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေတတ်သောကြောင့် ယင်းဆေးဝါးများကို သုံးစွဲလိုပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင့် ဒေါက်တာကောင်းမွန်ဝင်းက ပြောသည်။
“လူငယ်တွေ အသုံးပြုကြတဲ့ ဆေးတွေဆိုလည်း သူက သုတ်ထွက်မြန်တာကို ပြုပြင်ဖို့ ဦးနှောက်ကို ပြုပြင်တဲ့ ဆေးဝါး မျိုးတွေ ဖြစ်တယ်။ မသုံးတတ်ဘဲ သေချာဆေးပမာဏ မရှိဘဲ သုံးတာများရင် ဦးနှောက်ပိုင်းဆိုင်ရာတွေ ပြဿနာဖြစ်တယ်” ဟု မျိုးဆက်ပွားကျန်းမာရေး သုတေသနပြုလုပ်နေသူ ပညာရှင်တစ်ဦးက ပြောသည်။.
ပုံမှန်ဆေးဝါးများပါ ရောင်းချနေသည့် ဆေးဆိုင်များအတွက် ထိုလိင်စိတ်ကြွစေသည့် ဆေးဝါးများသည် အထူးတလည် ရောင်းချရ မှုများပြားနေသည့် ဆေးဝါးများ မဟုတ်ကြောင်း ဦးလင်းမြင့်က ဆက်လက်ပြောသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားဖြစ် လိင်စိတ်ကြွဆေးမျိုးစုံကို ဖမ်းဆီးကာ အမျိုးသားဆေးဝါး
ဥပဒေပုဒ် ၁၈ အရ အရေးယူထားကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ref:7Day News Journal
ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင်စိတ်ကြွဆေးရောင်းချမှုများအာ

No comments:
Post a Comment