Tuesday, 19 March 2013

စက်ရုပ်စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ကြောင်း ပညာရှင်များ သုံးသပ်



 
 လန်ဒန်၊ မတ်လ ၁၉ ရက်

လက်ရှိ အချိန်တွင် မောင်းသူမဲ့ လေယာဉ်များကို စစ်ရေးတွင် တွင်ကျယ်စွာ အသုံးပြုရန် အား ယူနေပြီ ဖြစ်ကာ အနာဂတ်တွင် ယင်းကဲ့သို့ လူကိုင်တိုင် ပါဝင်မောင်းနှင်ခြင်း မရှိသည့် စက်ယန္တရား များ သည် စစ်ဆင်ရေး နယ်ပယ်တွင် အဓိက အားပြုလက်နက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။
အနာဂတ်ကာလတွင် စက်ရုပ်ချင်းတိုက်သော စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ဟု ပညာရှင်များက သုံးသပ် ပြောဆိုလိုက်သည်။ လက်ရှိ အချိန်တွင် မောင်းသူမဲ့ လေယာဉ်များကို စစ်ရေးတွင် တွင်ကျယ်စွာ အ သုံးပြုရန် အားယူနေပြီ ဖြစ်ကာ အနာဂတ်တွင် ယင်းကဲ့သို့ လူကိုင်တိုင် ပါဝင်မောင်းနှင်ခြင်း မရှိသည့် စက်ယန္တရားများသည် စစ်ဆင်ရေး နယ်ပယ်တွင် အဓိက အားပြုလက်နက်များ ဖြစ်လာနိုင်ကြောင်း သိရ သည်။

X-47B လေယာဉ်သည် အဆိုပါ ခေတ်သစ်ကို ချဉ်းနင်းဝင်ရောက်ရန် အဓိ က ခြေလှမ်း တစ်ခု၊ ပြယုဂ် တစ်ခုသဖွယ် ရှိနေသည်။ အတ္တလန္တာရှိ ဂျော်ဂျီယာ နည်းပညာဌာနမှ ပရော်ဖက်ဆာ ဟင်းရစ်ခ် ခရစ္စတီ ယန်ဆန်၏ စက်ရုပ် ယန္တရားများသည် ယခုအခါ လက်နက်ကိုင် အကြမ်းဖက်သမားများကို ရှာဖွေ ချေမှုန်း ရာတွင် ပိုမို၍ ထဲထဲဝင်ဝင် အသုံးတွင်ကျယ်လာခဲ့သည်။

BAE Systemsက ရန်ပုံငွေ ထောက်ပံ့ထားသည့် ပရော်ဖက်ဆာ ခရစ္စတီယန်ဆန်နှင့် အဖွဲ့သည် ကာ ကွယ်ရေး ကဏ္ဍတွင် များစွာ အထောက်အကူ ဖြစ်စေမည့် မောင်းသူမဲ့ တိုက်ခိုက်ရေး ယန္တရားများကို အင်နှင့် အားနှင့် သုတေသနပြု လေ့လာလျှက် ရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဆိုပါ တိုက်ခိုက်ရေး စက်ရုပ်များကို ရန်သူ့နယ်မြေများထဲ စေလွှတ်ရန်ဖြစ်ပြီး ယင်းအတွက် မြေပုံစနစ်ကဲ့သို့ လမ်းညွှန်နိုင် စွမ်းများကို ထည့်သွင်းရန် ကြိုးစားနေသည်။ ထိုယန္တရားများကို လုံခြုံသည့် အကွာအဝေးမှနေ၍ လူသား စစ်သည်များက ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"တဖြည်းဖြည်းနဲ့ စက်ရုပ်တွေကို ဖြန့်ကျက်သွားမှာပါ။ သူတို့က ပတ်ဝန်းကျင် အခြေအနေ ကို မြေပုံစ နစ်နဲ့ ခြေရာခံပြီးဦးတည်လှုပ်ရှားနိုင်တယ်။ဒီအခြေအနေမှာလူသားစစ် သည်တစ်ယောက် အတွက် ထောက် လှမ်းရေး အချက်အလက်တွေ အများကြီး အသုံးချပြီးမှ ဝင်လို့ရနိုင်မယ့် အဆောက်အအုံမျိုးကို စက်ရုပ်တွေ လွယ်လွယ်ပဲ လွှတ်ပေးလိုက် နိုင်တယ်လေ"ဟု ခရစ္စဆီယန်ဆန်က ရှင်းပြခဲ့သည်။

လက်ရှိတွင်မူ စက်ရုပ် တိုက်ခိုက်ရေး ယန္တရားများအနက် မောင်းသူမဲ့လေယာဉ် နည်းပညာမှာ လျင် လျင်မြန်မြန် ပျံ့နှံ့နေပြီ ဖြစ်သည်။ ထိုအခြေအနေအပြင် အခြားသော စက်ရုပ် ယန္တရား နည်းပညာများပါ ကမ္ဘာ အနှံ့ ပျံ့နှံ့လာပါကမူ လူသားချင်း ထိပ်တိုက်ရင်ဆိုင်သော တိုက်ပွဲများ တစ်စထက်တစ်စ နည်းပါး လာပြီး စက်ရုပ်များအပေါ် အဓိက မှီခိုလာဖွယ် ရှိနေကြောင်း သိရှိရသည်။

ref: BBC
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။  - See more at: http://blog.irrawaddy.org/2013/03/blog-post_8364.html#sthash.qeUby6Ed.dpuf


 ခင်ပွန်းသည် ၅ ဦးနဲ့ အတူတွေ့ရတဲ့ သားတဦးမိခင် မစ္စ ရာဂျို၊ ဓာတ်ပုံ- The Sun

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။ 

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။ 

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။ 

မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။ 

“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။ 

သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။  တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။ 

ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရိုဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ 
ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။ 

ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။ 

ရာဂျိုနဲ့ သူ့ခင်ပွန်း ၅ ဦး၊ သားငယ်တို့ကို နေထိုင်ရာ အိမ်ရှေ့ မြင်ကွင်း~

 အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။ 

 “ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါတယ်။ 

ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကိုလည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~

 မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။  - See more at: http://blog.irrawaddy.org/2013/03/blog-post_8364.html#sthash.qeUby6Ed.dpuf

“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။ 

“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။ 

 ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ 

 “မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။ 

သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။  - See more at: http://blog.irrawaddy.org/2013/03/blog-post_8364.html#sthash.qeUby6Ed.dpuf

No comments:

Post a Comment