ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက် ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း
အစိုးရတပ်ဖွဲ့များနှင့်ပူးပေါင်းရန် ကြိုးစား ခဲ့သည့် ဗိုလ်မှူးအဆင့်
ရှိသူတစ်ဦးအပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန်
ဆုံးဖြတ် ထားကြောင်း လိုင်ဇာမှလာသည့် သတင်းများအရ သိရသည်။
ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့်
အရေးပေါ် စစ်ဆင်ရေး အစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအားသေဒဏ် မကြာခဏ ပေးလျက် ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း
လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး (၂)ဦးအား အစိုးရမှ
ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင် များကို
စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။
KIA တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ
မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း
သိရှိရသည်။
KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရ စစ်တပ်လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာဆေးဝါးများ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြားရှိလာကြောင်းကိုလည်း သိရသည်။
နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup
ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက် ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတ
ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေး အစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအားသေဒဏ် မကြာခဏ ပေးလျက် ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး (၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင် များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။
KIA တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။
KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရ စစ်တပ်လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာဆေးဝါးများ လုံလောက်စွာ မရရှိခြင်းတို့ကြောင
နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup
No comments:
Post a Comment