အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ
ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါး သွားနိုင်ကြောင်း လေ့ လာမှုအရ
အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေး ကျဲဆေးတွေဟာ
ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ် လို့ ယခင်က
လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့ လာမှုမှာ ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ဆီးကျိတ် ကင်ဆာ ရှိသူ
အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရဆီးကျိတ်ကင်ဆာကြောင့်
၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ
လျော့ ကျကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့အရိုးကို
ပြန့်နှံ့နှုန်းဟာလည်း သိသိ သာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ
ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီး ထွားမှုကို တားမြစ်နိုင်ကြောင်း
ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။
Myawady News
အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါး သွားနိုင်ကြောင်း လေ့ လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေး ကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ် လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့ လာမှုမှာ ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ဆီးကျိတ် ကင်ဆာ ရှိသူ အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရဆီးကျိတ်ကင်ဆာကြောင့် ၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ လျော့ ကျကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့အရိုးကို ပြန့်နှံ့နှုန်းဟာလည်း သိသိ သာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီး ထွားမှုကို တားမြစ်နိုင်ကြောင်း ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။
No comments:
Post a Comment