ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်တော် ရွေးကောက်ပွဲ များကို
သပိတ်မှောက်ရန် ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် တစ်ဦးဖြစ်သည့်
မိုဟာမက်အယ်လ်ဘာရာဒေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌
တိုက်တွန်းရေးသားခဲ့သည်။
အီဂျစ်အတိုက်အခံအဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front
တွင် ပါဝင် သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည်
ပြီးခဲ့သော သုံးနှစ် ကလည်း ယခုကဲ့သို့ပင်ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။
သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ
အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန်
အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။
ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည်
အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ
ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။
လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌
ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား
နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။
Ref:BBC
Eleven Media Group
ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။
အီဂျစ်အတိုက်အခံအဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင် သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ် ကလည်း ယခုကဲ့သို့ပင်ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။
သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။
ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။
Ref:BBC
Eleven Media Group
No comments:
Post a Comment