ပြည်သူများအား သမ္မတအဖြစ် နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းကို ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ပြောကြားရာတွင် လီမြောင်ဘတ်က ထိုသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။ လီမြောင်ပဘ်သည် လာမည့် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) တွင် သမ္မတရာထူးမှ တရားဝင်စွန့်ခွာမည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်း ၅ နှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမားမှုများ ဖြစ်ပေါ်ခဲ့သည်။ တောင်ကိုရီးယား၏ သမ္မတသစ် ဖြစ်လာမည့် ပထမဆုံးအမျိုးသမီးသမ္မတ ပတ်ဂျွန်ဟေးက မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တိုက်တွန်းပြောကြားသည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များကိုမူ ပတ်ဂျွန်ဟေးကလည်း အခိုင်အမာ ဆန့်ကျင်ကန့်ကွက်လျက်ရှိရာ သူမ၏ သမ္မတသက်တမ်းတွင် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သတင်းများကဆိုသည်။
Source: AP
No comments:
Post a Comment