Wednesday 2 January 2013

လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၀၂၊ ၂၀၁၃

လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မန္တလေး-ရန်ကုန်  နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊ မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊ မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊ မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊ မန္တလေး-ပူတာအို နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-ခန္တီး နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊ မန္တလေး-ဟုမ္မလင်း နိုင်ငံသား ငွေကျပ် ၆၃၀၀၀၊ နိုင်ငံခြားသား ၇၉ ဒေါ်လာ၊ မန္တလေး-ကလေး နိုင်ငံသား ငွေကျပ် ၄၅၀၀၀၊ နိုင်ငံခြားသား ၅၆ ဒေါ်လာ၊ မန္တလေး-ကျိုင်းတုံ နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-တာချီလိတ် နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-ဟဲဟိုး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊ မန္တလေး-ညောင်ဦး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊ မန္တလေး-လားရှိုး နိုင်ငံသား ငွေကျပ် ၃၈၀၀၀၊ နိုင်ငံခြားသား ၄၈ ဒေါ်လာတြို့ဖစ်ကြောင်း သိရသည်။





မြဝတီလမ်း ဆိုးရွား၍ ကုန်သွယ်ရေး အခက်ကြုံ

မြန်မာပြည်နယ်စပ်ကုန်သွယ်ရေး ဇုန်များထဲတွင် မြ၀တီကုန်သွယ်ရေးဇုန်သည် ၀င်ငွေအများဆုံး ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပင် ခက်ခဲနေသေးသည်။
ထိုင်းနယ်စပ် ကုန်သွယ်ရေး ဇုန် ၄ ဇုန် ဖြစ်သည့် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်တို့ထဲတွင် မြ၀တီကုန်သွယ်မှုဇုန် သည် ၀င်ငွေများကာ ကုန်သွယ်မှုပိုင်းတွင် အားအထားရဆုံး ဇုန်ဖြစ်သည်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာန၊ နယ်စပ်ကုန်သွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၏ အဆိုအရ  မြ၀တီနယ်စပ် ကုန်သွယ်ရေး တနေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းမှ ၂သန်းအထိ ရရှိကြောင်း သိရသည်။
ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုဆိုင်ရာမူဝါဒများစွာ ပြောင်းလဲ ဖြေလျော့သည့်အတွက် ကုန်သွယ်မှု ပိုများလာပြီး လိုင်စင်ထုတ်ပေးမှုတွင်လည်း လျင်မြန်အောင် လုပ်ပေးနေပြီး ကုန်သွယ်ရေးပိုင်းမှာလည်း အချိန်နှင့် တပြေးညီ တင်ပို့တင်သွင်းမှု ပြုလုပ်နိုင်စေရန် ကြိုးပမ်းနေကြောင်း၊ သို့သော် မြ၀တီလမ်းမှာ တစ်ရက်တက် တစ်ရက်ဆင်းဖြစ်နေခြင်းကြောင့် တခြားကုန်သွယ်ရေးဇုန်နှင့်မတူညီသည့် အချက်တစ်ခု ဦးရန်နိုင်ထွန်းက ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းမှာ ခက်ခဲပြီး ကျဉ်းမြောင်းကာ အန္တရာယ်ကြီးသည့် လမ်းဖြစ်သည်။ ဆိုင်ကယ်များ၊ လိုင်စင်မဲ့ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ် များပြားသည့်အတွက် ယာဉ်ကြောများ ပိတ်ဆို့မှုဖြစ်ကာ ယာဉ်မတော်မဆမှု မကြာခဏ ဖြစ်ပေါ်နေသည်။ ကားကြီးတစင်းစင်း ပျက်လျှင် ကားလမ်းပိတ်ပြီး ယာဉ်တန်းပိတ်တတ်သည်။
“လမ်းကို ပြင်ပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ကျနော်တို့က နေရာ ဌာန အသီးသီးကို စာတင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကတော့မရှိသေးဘူး” ဟု မြ၀တီမြို့မှ ယာဉ်မောင်း ဦးထွန်းထွန်းက ဆိုသည်။
KNU / KNLA  ငြိမ်းချမ်းရေးကောင်စီ ဗိုလ်မှူးကြီး စောအဲကော်ထူးကလည်း  “နိုင်ငံတော်အနေနဲ့ ဂိတ်ကြေးကိုသာ ကောက်ခံနေပြီး လမ်းတွေကို ပြုပြင်ပေးခြင်း မရှိဘူး။ မြ၀တီကို ခရီးထွက်ရင် အချိန်က တစ်ရက်လောက်  ကုန်တယ်။လမ်းကလည်း ကျဉ်းသေးတယ်။ ဒီလမ်းကို ကောင်းအောင် သူတို့လုပ်ပေးရမယ်” ဟု ဆိုသည်။
မြ၀တီ ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာနှင့် ထိုင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် အချက်အချာကျပြီး ၁၉၉၆ခုနစ်တွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုနှင့် ၂၀၀၈ခုနစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။




ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို

ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။
''အရင်တုန်းက Sanction ကြောင့် တရုတ်ပစ္စည်းတွေပဲ စိုးမိုးတာများခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တခြားပစ္စည်းတွေကို သုံးချင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ လာမရောင်းကြတဲ့အတွက် သုံးစွဲခွင့်မရခဲ့ပါဘူး။ တခြားနိုင်ငံက ပစ္စည်းတွေ အနေနဲ့ တရုတ်ပစ္စည်းတွေထက် ဈေးနှုန်းပိုများပေမယ့် ရေရှည်မှာ ပိုကောင်းတာတွေရှိပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်ပကုမ္ပဏီများ ပြည်တွင်း  ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍လည်း ''ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်ကို စောင့်ရပါမယ်။ ဥပဒေမရှိဘဲနဲ့ မရပါဘူး။ တစ်ခုသတိပြုရမှာက နိုင်ငံခြားကုမ္ပဏီတွေက နိုင်ငံတကာနဲ့ချီပြီး လုပ်ကိုင်လာတာဖြစ်လို့ နိုင်ငံအလိုက်ဥပဒေတွေရဲ့ အားနည်းချက်ကိုသိတယ်။ အဲဒီ အား နည်းချက်ပေါ် မူတည်ပြီး ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာကိုလည်း သူတို့က ပိုသိကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွေ့အကြုံ အားနည်းပြီး အမြင်မရှိတဲ့အတွက် ဥပဒေမခိုင်မာရင် ခံရနိုင်ပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူက ပြောကြားသည်။
ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် Huawei, ZTE စသော တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုသာ သုံးစွဲမှုများပြားကြောင်းသိရသည်။




ပြည်တွင်း ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ ရှိနေ

ပြည်တွင်းဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ပြည်တွင်းမှ ဆော့ဖ်ဝဲလုပ်ငန်းရှင်များနှင့် ဆော့ဖ်ဝဲ ရေးသားသူများက ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းဆော့ဖ်ဝဲဈေးကွက် အနေဖြင့် ဈေးကွက်သေးနေခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရှင်သန်နိုင်ရန်ခက်ခဲခြင်း၊ လုပ်ငန်းကြီးများ အနေဖြင့် ဆော့ဖ်ဝဲများအသုံးပြုရန် စိတ်ဝင်စားမှုနည်း ပါးနေသေးခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာ လ ၁၄ ရက်နေ့က MICTDC ရှိ Conference Hall တွင်ကျင်းပခဲ့ပြီး ပြည်တွင်းဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို ၀ိုင်းဝန်းဆွေးနွေး သုံးသပ်ခဲ့ကြသည်။
''ဒီမှာက ဟာ့ဒ်ဝဲပိုင်းကို လုပ်ကြတာပိုများတယ်။ ဆော့ဖ်ဝဲရေးကြတာနည်းတယ်။ ဆော့ဖ်ဝဲကုမ္ပဏီဆိုရင်လည်း ပြည်တွင်းမှာ ရာဂဏန်း လောက်ပဲရှိမယ်။ တခြားနိုင်ငံတွေမှာတော့ ဆော့ဖ်ဝဲကုမ္ပဏီတွေက သောင်းနဲ့ချီရှိကြတယ်။ ခုနောက်ပိုင်းမှာတော့ မိုဘိုင်း Application တွေ ရေးလာကြတာတွေ့ရတယ်။ ဆော့ဖ်ဝဲလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့က ကုမ္ပဏီအသေးတွေလည်း အရေးကြီး ပါတယ်။ ပြည်တွင်းဆော့ဖ်ဝဲဈေးကွက် အရေးကြီးသလို ဆော့ဖ်ဝဲတင်ပို့နိုင်မှုတွေလည်း အရေးပါတယ်''ဟု MIT ဆော့ဖ်ဝဲကုမ္ပဏီမှ ဦးထွန်းသူရသက်က ဆွေးနွေးခဲ့သည်။
"HR ပိုင်းမှာလည်း လိုအပ်ချက်တွေရှိနေပါတယ်။ ပြည်တွင်း ဆော့ဖ်ဝဲလုပ်ငန်းတွေမှာ ကြည့်မယ်ဆိုရင် ၀န်ထမ်း ၅၀၀၊ ၁၀၀၀ လောက်ပဲရှိတာကြားရတယ်။ ငါးထောင်၊ တစ်သောင်းမရှိဘူးဖြစ်နေတယ်။ ဗီယက်နမ်က ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုမှာဆိုရင် ၀န်ထမ်း ၁၂၀၀၀ လောက်ရှိတယ်ကြားရပြီး တရုတ် ကုမ္ပဏီတစ်ခုဆိုရင်လည်း နှစ်သောင်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီမှာက ဈေးကွက်သေးနေတော့ သူသေကိုယ်ရှင် ပုံစံမျိုးလည်းဖြစ်နေပြီး လုနေရတဲ့အနေအထားမျိုးကို တွေ့ရတယ်''ဟု မြန်မာနိုင်ငံကွန်ပြူတာ ပညာရှင်အသင်းမှ ဦးအောင်အောင်က ပြောကြားခဲ့သည်။
''ဆော့ဖ်ဝဲလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုရင် Small Business တွေ၊ Small Team တွေကို အားပေးဖို့လိုပါတယ်။ HR မှာဖြစ်နေတာက ကျောင်းတွေ သင်တန်းတွေကနေ သင်လာပေမယ့် လုပ်ငန်းခွင်မှာအ ဆင်သင့် သုံးလို့မရတာမျိုးတွေနဲ့ ကြုံနေရတယ်။အဲဒီအတွက် Intendship Program တွေ စီစဉ်ပေးသင့်ပါတယ်'' ဟု ကိုအိမောင်က အကြံပြုခဲ့သည်။
ဇောတိကကုမ္ပဏီမှ ဦးခင်လှိုင်ကလည်း''ပြည်တွင်းမှာ ရပ်တည်နေ နိုင်တဲ့ ဆော့ဖ်ဝဲကုမ္ပဏီကြီးတွေကို ကြည့်ရင် လေး၊ ငါးခုလောက်ပဲ တွေ့ရမှာပါ။ အလွန်ဆုံး ၁၀ ခု လောက်ပေါ့။ အဲဒီကုမ္ပဏီတွေကလည်း အစိုးရပရောဂျက်တွေပေါ် မူတည်ပြီး လုပ်ကိုင်နေတာတွေ့ရမှာပါ''ဟု ဆွေးနွေးပြောကြားခဲ့သည်။
Software House တစ်ခုမှ Development Manager မအိကေခိုင်ဇော်က''လုပ်ငန်းရှင်တွေအနေနဲ့ ဆော့ဖ်ဝဲတွေအပေါ် စိတ်ဝင်စားလာအောင်၊ အသုံးပြုချင်လာအောင် အရင်လုပ်ဖို့ လိုမယ်လို့ထင်တယ်'ဟု ပြောကြားခဲ့သည်။
''ကုမ္ပဏီမှတ်ပုံတင်ကြေးက များလွန်းတဲ့အတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်းလေးတွေအတွက် အဆင်မပြေဘူး။ စစချင်း ၂ နှစ်၊ ၃ နှစ်အတွင်းမှာ အိတ်စိုက်ပြီး လုပ်ရတာဖြစ်လို့ အခွန်ကောက်တဲ့ပုံစံကိုလည်း ပြင်ပေးစေချင်တယ်။ နောက်ပြီး Payment စနစ်မရှိတဲ့အ တွက်လည်း အဆင်မပြေဘူး။ နောက်တစ်ခုက ကိုယ်ရေးထားတဲ့ဆော့ဖ်ဝဲတွေ အခိုးခံရတဲ့ကိစ္စပါ''ဟုဆော့ဖ်ဝဲ ရေးသားသူတစ်ဦးဖြစ်သည့် ကိုဝေလင်းထွန်းက ဆွေးနွေးခဲ့သည်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊ မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊ မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊ မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊ မန္တလေး-ပူတာအို နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-ခန္တီး နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊ မန္တလေး-ဟုမ္မလင်း နိုင်ငံသား ငွေကျပ် ၆၃၀၀၀၊ နိုင်ငံခြားသား ၇၉ ဒေါ်လာ၊ မန္တလေး- ကလေး နိုင်ငံသား ငွေကျပ် ၄၅၀၀၀၊ နိုင်ငံခြားသား ၅၆ ဒေါ်လာ၊ မန္တလေး-ကျိုင်းတုံ နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-တာချီလိတ် နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊ မန္တလေး-ဟဲဟိုး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊ မန္တလေး-ညောင်ဦး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊ မန္တလေး-လားရှိုး နိုင်ငံသား ငွေကျပ် ၃၈၀၀၀၊ နိုင်ငံခြားသား ၄၈ ဒေါ်လာတြို့ဖစ်ကြောင်း သိရသည်။

NLABR

No comments:

Post a Comment