Tuesday 25 December 2012

သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ရထားလမ်းသစ် ဖောက်လုပ်မှု ပဏာမ ကွင်းဆင်း တိုင်းထွာ

သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ရထားလမ်းသစ် ဖောက်လုပ်မှု ပဏာမ ကွင်းဆင်း တိုင်းထွာ

မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်မှ ဘုရားသုံးဆူအထိ ရထားလမ်း ဖောက်လုပ်မှု လုပ်ငန်း အမြန်ဆုံး ဆောင်ရွက်ပြီးစီး နိုင်ရေး အတွက် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့က ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ရုံးချုပ်မှ တာဝန်ရှိသူ များနှင့် ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများ ဦးဆောင်သော အဖွဲ့သည် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်နှင့် ကရင် ပြည်နယ်ရှိ ဘုရားသုံးဆူအထိ မီးရထား လမ်းသစ် ဖောက်လုပ်မှု လုပ်ငန်း ပဏာမ ကွင်းဆင်း တိုင်းထွာ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ လမ်းသစ်မှာ သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ၆၈ မိုင်ရှိပြီး လမ်းသစ် ဖောက်လုပ် ရာတွင် ချောင်းပေါင်း ၂၇ ခုရှိ ရာ အဆိုပါ နေရာများတွင် တံတားသစ်များ  တည်ဆောက် ခြင်း၊ ဘူတာရုံသစ်များ တည်ဆောက်ခြင်း၊ လမ်းအူကြောင်းသစ် ထပ်မံ ရှာဖွေခြင်း တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့်  ညှိနှိုင်း ဆောင်ရွက် နေပြီ ဖြစ်သည်။

လမ်းသစ်ကို စတင် ဆောင်ရွက်ရာတွင် သံဖြူဇရပ်မှ ဘုရား သုံးဆူအထိ မြန်မာ့ မီးရထားက တာဝန်ယူ ဆောင်ရွက်ပြီး ဘုရားသုံးဆူမှ တစ်ဖက်နိုင်ငံသို့ ရထားလမ်း ၇၅ မိုင်ကို ထိုင်းနိုင်ငံ ဘက်က ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ သံဖြူ ဇရပ်-ဘုရားသုံးဆူ လမ်းသစ်အား ၁၉၄၂ ခုနှစ်တွင် စတင် ဖောက်လုပ်သည့် လမ်းဟောင်းကို အခြေခံ၍ လမ်းအူကြောင်းများ ရှာဖွေ ခဲ့ကြောင်း သိရှိရသည်။ 

http://www.myawady.net.mm/allnews/localnews/item/2729-2012-12-25-09-31-39မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်မှ ဘုရားသုံးဆူအထိ ရထား လမ်း ဖောက်လုပ်မှု လုပ်ငန်းအမြန်ဆုံး ဆောင်ရွက်ပြီးစီး နိုင်ရေး အတွက် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့က ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ရုံးချုပ်မှ တာဝန်ရှိသူ များနှင့် ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများ ဦးဆောင်သော အဖွဲ့သည် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်နှင့် ကရင် ပြည်နယ်ရှိ ဘုရားသုံးဆူအထိ မီးရထား လမ်းသစ် ဖောက်လုပ်မှု လုပ်ငန်း ပဏာမ ကွင်းဆင်း တိုင်းထွာ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ လမ်းသစ်မှာသံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ၆၈ မိုင်ရှိပြီး လမ်းသစ် ဖောက်လုပ် ရာတွင် ချောင်းပေါင်း ၂၇ ခုရှိ ရာ အဆိုပါ နေရာများတွင် တံတားသစ်များ တည်ဆောက် ခြင်း၊ ဘူတာရုံ သစ်များ တည်ဆောက်ခြင်း၊ လမ်းအူကြောင်းသစ် ထပ်မံရှာဖွေခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်း အသီး သီးနှင့် ညှိနှိုင်း ဆောင်ရွက် နေပြီ ဖြစ်သည်။

လမ်းသစ်ကို စတင် ဆောင်ရွက်ရာတွင် သံဖြူဇရပ်မှ ဘုရား သုံးဆူအထိ မြန်မာ့ မီးရထားက တာဝန် ယူ ဆောင်ရွက်ပြီး ဘုရားသုံးဆူမှ တစ်ဖက်နိုင်ငံသို့ ရထားလမ်း ၇၅ မိုင်ကို ထိုင်းနိုင်ငံဘက်က ဆောင် ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ သံဖြူ ဇရပ်-ဘုရားသုံးဆူ လမ်းသစ်အား ၁၉၄၂ ခုနှစ်တွင် စတင် ဖောက် လုပ်သည့် လမ်းဟောင်းကို အခြေခံ၍ လမ်းအူကြောင်းများ ရှာဖွေ ခဲ့ကြောင်း သိရှိရသည်။ 

No comments:

Post a Comment