Thursday 13 December 2012

ချင်းအမျိုးသားတပ်ဦးနဲ့ ကလေးမြို့ခံတွေ တွေ့ဆုံ



အစိုးရနဲ့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့ဟာ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့ကို ပြန်သွားကြပြီး ကလေး-ကဘောဒေ သရှိ
ချင်းပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။


တွေ့ဆုံဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စီအန်အက်ဖ်အဖွဲ့က ဦးရာဟင်းက “ဒီနေ့ ကလေး- ကဘောမှာ ရှိတဲ့ ချင်းလူမျိုးတွေ၊ ဖလမ်း၊ ဟားခါး၊ တီးတိန်ဘက်က ပြည်သူတွေအားလုံး စုပေါင်းပြီး ကျနော် တို့ကို လေဆိပ်မှာ လာကြိုကြတယ်။ အခု တောင်ခလာ ဟောခန်းမှာ အကုန်လုံးနဲ့ ကျနော်တို့တွေ အစိုးရနဲ့ သဘောတူညီချက်တွေကို ရှင်းပြပြီး တွေ့ဆုံနေတယ်။ သူတို့တွေ ကြိုဆိုမှုအပေါ် ၀မ်းသာ စကားပြောဖြစ် ကြတယ်။”လို့ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာ ဆွေးနွေးခဲ့ကြပြီး သဘော တူညီချက် ၂၇ ချက်ကို သဘောတူ လတ်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။
စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်ခတ်ရပ်လက်မှတ်ရေး ထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။
DVB

No comments:

Post a Comment