Thursday 8 November 2012

-နူးယောက်မြို့တော်ဝန် မုန်တိုင်းသတိပေးချက် ထုတ်ပြန် -

http://ww4.hdnux.com/photos/16/04/31/3688039/8/centerpiecewide.jpg
 
 တိုက်ခတ်လတ္တံသော Nor'eastern မုန်တိုင်း၏ဘေးထွက်ဆိုးကျိုးများကို ကြို တင်ကာကွယ်သည့်အနေဖြင့် လက်ရှိအချိန်တွင် နူးယောက်မြို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းများနှင့် ပန်းခြံများအားလုံးကို နူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ကပိတ်ထားလိုက်ပြီဖြစ်ပြီး ညနေ ၅ နာ ရီနောက်ပိုင်းလမ်းမများပေါ်တွင် ကားေ မာင်းခြင်း ရှောင်  ရှားရန် နှင့် ကားမောင်းသူများ အနေဖြင့်လည်း သတိကြီး စွာထားပြီး မောင်းနှင်ကြ     ရန် တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မုန်တိုင်းကြီး စန္ဒီ၏ တိုက်ခိုက်မှုကြောင့် ပြိုလဲခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည့် ကြံ့ခိုင်မှု နည်းနေသော သစ်ပင်ကြီးများ ရှိနေနိုင်ပြီး ယခုလို လေပြင်းထန်သည့် ရာသီဥတုတွင် သစ်ပင်ကြီးများ၊ အကိုင်းအခက် များ ပြိုကျပျက်စီး နိုင်သဖြင့် နူးယောက်သူ/ သားများ အနေဖြင့် မိမိတို့၏ အိမ်မှအပ အခြားတစ်ပါးသို့ သွားခြင်း များ ရှောင်ကြဉ်ကြ ရန်လည်း တိုက်တွန်းထားပါတယ်။


မြေနိမ့်ဒေသနှင့် ကမ်းရိုးတမ်း အနီးရှိပြည်သူများကိုလည်း ရေလွှမ်းမိုးခြင်း၊ အိုးအိမ်ပျက်စီး၍ အသက် အန္တရာယ်ဘေးမှ ကင်းလွတ်ရန် ကုန်းတွင်းပိုင်း ရှိ ဆွေမျိုးညာတိတို့ထံတွင် တည်းခိုခြင်းဖြင့် လည်းေ ကာင်း၊ နူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် ခေတ္တခိုလှုံရာ (shelter) များတွင် ခို နားခြင်းဖြင့် လည်းကောင်း မလိုလားအပ်သည့် ဘေးအန္တရာယ်မှ ကင်းဝေး ရန် ပြောင်းရွှေ့တည်း ခိုသင့်ကြောင်း တိုက်တွန်းထားပါတယ်။ 
 
ref:shwelone

No comments:

Post a Comment