Wednesday 14 November 2012

ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွား



၁၄-၁၁-၂၀၁၂ ရက်နေ့ ၀၃း၄၀ အချိန် မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက် ပင်ရေနံမြေ ကျင်းအမှတ်(၃၈) ကျင်းပိုင်ရှင် ဦးလှဌေး ၏ ရေနံကျင်းအား မင်းသူဟန် (၂၃)နှစ် ဗမာ/ဗုဒ္ဓ ရေနံ ခပ်လုပ်သား၊ ညောင်ကုန်းရွာ ပခုက္ကူမြို့နယ်နေသူမှ ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မနရမှူး(သရက်)ဦးစီး တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် 



၁၅ ဦး၊ ကျေးရွာအရန်မီးသတ်နှင့် ပြည်သူအင်အား ၁၀၀ ကျော်တို့မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၀၄၃၀ ချိန် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ရေနံစိမ်းပီပါ ၁၅ လုံး(တန်ဖိုး ၉ သိန်းကျပ်)၊ စက်ကလပ်ခုံ ၁ ခု(တန်ဖိုး ၅ သိန်းကျပ်)၊ စုစုပေါင်း ၁၄ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၀၇၀၅ အချိန်တွင် ရေနံခပ်အလုပ်သမား မင်းသူဟန် အား သရက်ရဲစခန်း(ပ) ၁၄၀/၁၂ ပြစ်မှုပုဒ်မ ၂၈၅(မီးပေါ့ဆမှု)အရ အမှုဖွင့် တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


Ref:မြန်မာနိုင်ငံရဲတပ်ဖွဲ့

No comments:

Post a Comment