Sunday 28 October 2012

ကမ္ဘာထက်ကြီးသောစိန်


 

သာမန်မျက်စေ့ဖြင့်မြင်တွေ့ နိုင်သော  ကြယ်တစ်လုံးအား လှည့်ပတ်နေသည့် ကမ္ဘာမြေ၏ (၂ )ဆခန့်ရှိ ကာ စိန်သားအများစု ဖြင့်ဖွဲ့စည်းထားသည့် ဂြိုဟ်တစ် လုံးအား နက္ခတ္တဗေဒပညာရှင် များ ရှာဖွေတွေ့ ရှိခဲ့ကြသည်။

ကရကဋ် ရာသီကြယ်တာ ရာစုတွင် နေနှင့်အလားသဏ္ဌန်တူသော ကြယ်အားလှည့်ပတ်နေ သည့် ကျောက် သားဂြိုဟ်အား “၅၅ ကန်ခရီ အီး” ဟုခေါ်တွင်ပြီး ၎င်းသည်လျင်မြန်စွာလည်ပတ်နေ သဖြင့် ထိုဂြိုဟ်၏ တစ်နှစ်တာ အချိန်ကာလမှာ (၁၈) နာရီသာ ကြာမြင့်သည်။

“ယူအက်စ်-ဖရန်ကို” သုတေ သနအဖွဲ့တစ်ဖွဲ့၏ ရှာဖွေတွေ့ရှိ ချက်အရထိုဂြိုဟ်၏ အချင်းဝက် ပမာဏမှာ ကမ္ဘာ၏ အချင်းဝက် ပမာဏထက် (၂) ဆကြီးမားကာ ထုထည်မှာ ကမ္ဘာမြေ၏ (၈) ဆ ရှိသည်။ ဂြိုဟ် မျက်နှာပြင်၏ အပူ ချိန်မှာ (၃၉၀၀) ဒီဂရီဖာရင်ဟိုက် (၂၁၄၈ ဒီဂရီစင်တီဂရိတ်) ဖြစ် သည်။

ထိုဂြိုဟ်၏မျက်နှာပြင်သည် ရေနှင့်ဂရနိုက်ကျောက်များအစား ဂရဖိုက်နှင့်စိန်များဖြင့် ဖုံးအုပ် ထားနို င်ကြောင်း ယေးလ်တက္ကသိုလ်မှသုတေသီ နီကူမဒ်္ဒူဆူဒန် ကပြောကြားလိုက်ပြီး ၎င်း၏တွေ့ ရှိချက်များ အား မကြာမီအက် စထရိုဖေ့စစ် ဂျာနယ်တွင် ဖော်ပြ သွားမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံမှ သုတေသီ အိုလီဗာမော်ဆစ်ကလည်း ထို ဂြိုဟ်၏အနည်းဆုံး သုံးပုံတစ်ပုံမှာ စိန်သား များ ဖြစ်နိုင်ပြီး ကမ္ဘာမြေ ၏ ထုထည် (၃) ဆခန့်အရွယ် အစား ရှိလိမ့်မည်ဟုခန့်မှန်းထား သည်။

ယခင်ကစိန်သား ဂြိုဟ်များ ကို တွေ့ရှိခဲ့ကြဖူးသော်လည်း ယခုကဲ့သို့ ကြယ်တစ်လုံးအား လှည့်ပတ်နေေ သာ စိန်ဂြိုဟ်ကို တွေ့ရှိရပြီး အသေးစိတ်အချက် အလက်များအား သိရှိနိုင်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

ref:thehotnews

No comments:

Post a Comment