ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်နေသောအဖွဲ့များအပေါ်ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းရန် အမေရိကန်ကို ရုရှားအမိန့်ထုတ်
ရုရှားနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက်ဆောင်ရွက်နေသောအဖွဲ့အစည်းများအပေါ် အမေရိ ကန်ကငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန်ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း နယူးယောက် တိုင်းမ် သတင်းတွင်ဖော်ပြထားသည်။
ရုရှားနိုင်ငံတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့နေသော အမေရိကန်သည် ရုရှားပြည် တွင်းရေးကိုဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်ဟု ရုရှားအစိုးရကရှုမြင်လျက်ရှိပြီး ယခုကဲ့သို့တားမြစ် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ရုရှားရှိ ဒီမိုကရေစီမြှင့်တင်ရေး၊ပြည်သူ့ကျန်းမာရေးစသော အရပ်ဖက်အဖွဲ့အစည်းများအပေါ် အမေရိကန် အစိုးရကငွေကြေးထောက်ပံ့နေခြင်းကို
ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ရပ်ဆိုင်းရန် ရုရှားအစိုးရက
အမိန့်ထုတ်လိုက်ကြောင်း ဝါရှင်တန်ရှိအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
အမေရိကန်အစိုးရက လက်ရှိအချိန်တွင် ရုရှားရှိအရပ်ဖက်အဖွဲ့အစည်းများအတွက်ထောက်ပံ့ငွေ တစ်နှစ် လျင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ထောက်ပံ့လျက်ရှိသည်။
ယင်းငွေပမာဏသည် နိုင်ငံခြားငွေကြေးအထောက်အပံ့ကိုမှီခိုရပ်တည်နေရသော ရုရှားအရပ်ဖက် လူ့အဖွဲ့အစည်းများအတွက် အကြီးအကျယ်ထိုးနှက်မှုတစ်ရပ်ဖြစ်သည်။
လတ်တလောကာလတွင် ရုရှားသမ္မတ ပူတင်သည် ပြည်တွင်း၌ဆန့်ကျင်မှုများနှင့်ရင်ဆိုင်နေရပြီး၊ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ရုရှားရှိ နိုင်ငံခြားအထောက်အပံ့ဖြင့်ရပ်တည်နေသော အရပ်ဖက်အဖွဲ့ အစည်းများကြောင့်ဟု ရုရှားအစိုးရကယူဆထားသည်။
ထို့ကြောင့်ရုရှားအစိုးရသည် လွန်ခဲ့သောလပိုင်းကစ၍ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ဖိ အားပေး မှုများပြုလုပ်ခဲ့ပြီး၊နိုင်ငံခြားတိုင်းပြည်၏ ငွေကြေးထောက်ပံ့မှုနှင့်ရပ်တည်နေသော အဖွဲ့များ ကို နိုင်ငံခြားကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ရန် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းခဲ့သည်။
ရုရှားရှိ အမေရိကန်အစိုးရ၏ငွေကြေးထောက်ပံ့မှုယူနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Golos ဟူသော အဖွဲ့သည် လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်ပြီး၊ပြီးခဲ့သည့်ရုရှားရွေးကောက်ပွဲ တွင်တွေ့ရသော မဲလိမ်မှုများကို ၎င်းတို့၏အင်တာနက်ဝဘ်ဆိုဒ်တွင်ဖော်ပြနိုင်ခဲ့သည်။
ref:7daynews
No comments:
Post a Comment