Sunday, 5 August 2012

ဆီးရီးယားနိုင်ငံ အယ်လက်ပို မြို့  တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား

ဆီးရီးယားနိုင်ငံ အစိုးရစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်   ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများအားလုံးကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က စနေနေ့ တွင် ပြောကြားသည်။ 
ဆီးရီးယား၏ အကြီးဆုံးနှင့် စီးပွားရေး အချက်အချာကျသော အယ်လက်ပိုမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့မှာလည်း အကြီးအကျယ် ပျက်စီးသွားပြီဖြစ်ကြောင်း Yahoo! News က ပြောကြားသည်။

ထိုအတောအတွင်း ဆီးရီးယားနိုင်ငံသို့ ဘာသာရေးဆောင်ရွက်ရန် လာရောက်သော အီရန်နိုင်ငံသားများကို ဒမတ်စကက်မြို့တွင် လက်နက်ကိုင်အုပ်စုတစ်ခုက ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရှိရသည်။   ပြန်ပေးဆွဲခံရသူ အရေအတွက်မှာ ကွဲပြားလျက်ရှိပြီး ၄၇ ဦး သို့မဟုတ် ၄၈ ဦးဖြစ်ကြောင်း သတင်းများက ဆိုသည်။
 ref:planet

No comments:

Post a Comment