မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Thursday 30 August 2012
ဂျပန် ဟွန်ဒါကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်
ဂျပန်နိုင်ငံရှိ ဟွန်ဒါမော်တော်ကား ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ၄င်းတို့၏ရုံးခွဲကို လာရောက်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရား ၀င်ပြောကြားလိုက်သည်။
အဆိုပါ ကုမ္ပဏီသည် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် စတင်လုပ်ဆောင် မည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းမှာပင် ထုတ်လုပ်သွား ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်း၌ ၄င်းတို့၏ ဟွန်ဒါဆိုင်ကယ်များကို အရောင်းကိုယ်စားလှယ်များနှင့် ချိတ်ဆက် ကာ တင်ပို့ရောင်း ချသွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ သည် မြန်မာနိုင်ငံအတွင် ဆိုင်ကယ်အစီးရေး သုံးသန်းမှ လေးသန်းအထိ ရောင်းချသွားနိုင်ရန် မျှော်လင့် ထားကြောင်း သိရသည်။
ဟွန်ဒါကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ၀င်ရောက်နိုင်ရန်အတွက် ပြည်တွင်း ဆိုင်ကယ်ဈေးကွက် အခြေ အ နေများ နှင့် ပြည်သူများနှင့်ဆိုင်သော အခြေခံအဆောက်အဦးများ ကိုလေ့လာသွား မည် ဖြစ်ကြောင်း သိရသည်။
အလားတူ မကြာသေးခင်က ရာမဟာ မော်တော်ဆိုင်ကယ် ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမ
ျားကို လျင်မြန်စွာဆောင်ရွက်နေပြီဖြစ်သ
ဖြင့် ဂျပန်နိုင်ငံက စီးပွားရေးဆိုင်ရာ အကူအညီပေးမှုများကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment