Tuesday 31 July 2012

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး လွိုင်ကော်မြို့၌ ဖွင့်လှစ်



ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်း အနားကို ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အမှတ်(၈)လမ်း ခြံအမှတ်(၁၈)ရှိ အဆို ပါဆက်ဆံရေးရုံးရှေ့၌
ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ လွိုင်ကော် မြို့နယ်တာဝန်ခံ ဦးဒယ်နီရယ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာတော်ဒေါက်တာမောလေးက ဝတ်ပြုဆုတောင်းပြီး
 ပြည်နယ်ဝန်ကြီးချုပ်က ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး ဆိုင်းဘုတ်သစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ 

ဆက်လက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ ဦးရွှေမျိုးသန့်က ကျေးဇူးတင်စကား
 ပြောကြားခဲ့သည်။ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ
သဘာတူညီချက်အရ ပြည်နယ်အတွင်းဆက်ဆံရေးရုံးများကို ဖားဆောင်းမြို့နှင့် ရှားတောမြို့တို့၌ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment