ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်သို့ မနှစ်သက်ကြောင်းတင်ပြရန်
တောင်ဥက္ကလာပမဲဆန္ဒနယ်မှပြည်သူများ လက်မှတ်စုဆောင်းနေကြကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ် ၃၉၆ (ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
''အခုပဲ လက်မှတ် ၈၀၀ ပြည့်တော့မယ်။ ၈၀၀ ပြည့်ရင် တစ်ရာခိုင်နှုန်းရပြီ။ ၂၀၁၀ တုန်းက မဲပေးခဲ့တာ တောင်ဥက္ကလာပမှာ ၈ သောင်းကျော်ပဲ ရှိတယ်''ဟု ဦးမင်းအောင်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟ
အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်သည် မိမိ၏သက်တမ်း ကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟူဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည်တည်
ဆောက်သွားမည်ဖြစ်ကြော င်းပြောဆိုခဲ့သည်။
ref:7daynews
No comments:
Post a Comment