Friday 27 July 2012

ပေကျင်းတွင် နှစ်၆၀အတွင်း အကြီးမားဆုံး မိုးမုန်တိုင်းကြောင့် ခရီးသွား လုပ်ငန်း ပျက်ပြားခဲ့

တရုတ်နိုင်ငံ၏ မြို့တော် ပေ ကျင်းမြို့တွင် သည်းသည်းထန် ထန် မိုးရွာ သွန်းမှုကြောင့် မြို့တော် တစ်ခုလုံးတွင် ဝရုန်းသုန်းကား ဖြစ်ကာ လူသေဆုံးမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ နှစ်ပေါင်း ၆၀ အတွင်း ပေကျင်းမြို့ မိုးရွာ သွန်းမှုမှာ အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ခဲ့ကာ အနည်း ဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ပေကျင်းမြို့ တစ်မြို့လုံးအနှံ့ မိုးမုန်တိုင်းကဲ့သို့ရွာသွန်းမှုကြောင့် လမ်းမများပေါ်တွင် ရေတင်ရာမှ
 ရေကြီးမှုများ ဖြစ်လာသဖြင့် က သောင်းကနင်း ဖြစ်ခဲ့ကြသည်။ မြို့တော်၏ပင်မလေဆိပ်တွင် ခရီး သည် ၈၀ဝ၀ဝ မှာ သောင်တင် လျက်ရှိကြောင်း တရုတ်အစိုးရက ထုတ်ဖော်ကြေညာခဲ့သည်။ စနေနေ့မွန်းလွဲပိုင်းမှ စတင် ရွာသွန်းခဲ့သော အဆိုပါ မိုးမုန် တိုင်းသည် ညညည့်နက်ချိန်ထိ ဆက်၍ရွာသွန်းခဲ့သဖြင့် ပင်မလမ်း များ ရေနစ်မြုပ်ခဲ့ပြီး မြေအောက် လမ်းကူးလမ်းများအထိ ရေများ လှိမ့်ဝင်လာခဲ့သည်ဟု ဆိုသည်။ ပေကျင်းမြို့ ဆင်ခြေဖုံးရှိ တွန်ဇူးရပ်ကွက်တွင် ခေါင်မိုးပေါ် မှပြုတ်ကျ၍ လူနှစ်ဦး သေဆုံးခဲ့ ကြောင်း၊
 နောက်ထပ်တစ်ယောက် မှာ မိုးကြိုးပစ်ချခံရ၍ သေဆုံးခဲ့ရ ကြောင်း ဆင်ဟွာသတင်းဌာနမှ
တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောဆိုခဲ့သည်။ အခြားသေဆုံးခဲ့ သူများမှာ ဓာတ်လိုက်၍သေဆုံးခဲ့ ကြောင်း သိရသည်။

ပေကျင်းမြို့တော် အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် လေ ယာဉ်ခရီးစဉ် ၅၀ဝ ကျော်ကို ဖျက် သိမ်းလိုက်ရသည်ဟု ပေကျင်း သတင်းစဉ်က ဖော်ပြခဲ့သည်။ သို့ရာတွင် မြေအောက်ရထား လမ်းစနစ်များမှာ အကြီးအကျယ် ဆိုးရွားခြင်းမရှိခဲ့ပေ။ လူအများစု မှာ အိမ်ပြန်ရောက်ရန် လုပ်မိလုပ် ရာ စွပ်လုပ်ကြကြောင်း၊ မော်တော် ကားများ၊ ဘတ်စ်ကားများနှင့် အငှားယာဉ်များကို မသုံးစွဲနိုင်ခဲ့ ကြောင်း သိရသည်။ ပေကျင်းမြို့တော်တွင် မိုး ရေချိန်လက်မ ၆ ဒသမ ၇ လက်မ ခန့်ဖြစ်ခဲ့ပြီး ပေကျင်းမြို့အနောက် ဘက် ဖန်ရှန်ခရိုင်တွင် ၁၈ ဒသမ ၁ လက်မအထိရှိခဲ့ကြောင်း ဆင် ဟွာ သတင်းဌာနက ဆိုသည်။ ဇူလိုင်လနှောင်းပိုင်းနှင့် စက်တင် ဘာလဆန်းအထိ ပေကျင်းမြို့ တော်တွင် ရေကြီးဖွယ်ရာရှိပြီး မုန် တိုင်းထပ်မံ ဖြစ်ပွားနိုင်ကြောင်း ရာသီဥတု ခန့်မှန်းသူများက ဆို သည်ဟုဆင်ဟွာကဖော်ပြခဲ့သည်။

No comments:

Post a Comment