Friday, 27 July 2012

ဘင်္ဂလီအရေး (သို့) ဒေသတွင်းနိုင်ငံများ၏ အရေး (အပိုင်း ၁)

                                                          မိမိဌာနေတိုင်းနိုင်ငံတွင် ရတက်မအေးထွက်ပြေးကြရရှာသော အာသံပြည်သူများ
ဘင်္ဂလီအရေးကို လုပ်လာတဲ့ သက်တမ်းတလျှောက် အမြဲတမ်းပြောလာခဲ့တာ တစ်ခုရှိတယ်။ ဒီအရေးဟာ အနောက်ဘက် မောင်တော၊ ဘူးသီးတောင်မြို့တွေရဲ့ အရေးပဲ မဟုတ်ဘူး။ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ အရေးပဲ မဟုတ်ဘူး။ မြန်မာပြည်တစ်ခုတည်းနဲ့ဆိုင်တဲ့ အရေးမဟုတ်ဘူး။ ဒီကိစ္စဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆိုင်တယ်။ အိန္ဒိယနဲ့လည်း ဆိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေဖြစ်နေလဲ၊ အိန္ဒိယမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အကုန်လုံး ခြုံငုံသုံးသပ်မှသာလျှင် ဒီကိစ္စရဲ့ အတိမ်အနက်ကို သေချာမြင်နိုင်မှာဖြစ်တယ်။ (Anna Jones and BBC Protest Speech)


မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသလို တခြားဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပြီး၊ ဘယ်လိုဖြေရှင်းနေကြသလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီး ဘယ်လိုကာကွယ်ကြလဲ ဆိုတာတွေကို လေ့လာနည်းနာယူကြရမှာ ဖြစ်တယ်။


မြန်မာပြည်မှာ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မောင်တောမြို့မှာရှိတဲ့ ဘင်္ဂလီတွေက ဗလီအဆင်းမှာ အကွက်ကျကျ တိုက်ခိုက်ခဲ့ကြလို့ အဓိကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့ရသလို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာလည်း အဓိကရုဏ်းတွေ ဖြစ်နေပြန်ပါပြီ။ ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလီအကြား ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အနည်းဆုံး လူပေါင်း ၄၅ ဦးသေဆုံးသွားပြီးဖြစ်ပြီး အိမ်ပေါင်းများစွာ မီးရှို့ခံခဲ့ကြရပါတယ်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ပြည်နယ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထားတွဲတွေ သောင်တင်ကြရတယ်။


အခုတကြိမ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက လျော့ရဲတဲ့ နယ်စပ်လုံခြုံရေးနဲ့ အကျင့်ပျက်
အမှုထမ်းတွေကြောင့်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေဟာ အိန္ဒိယနယ်စပ်စောင့်တပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားတွေကို ပိုက်ဆံလေး နည်းနည်းပါးပါး လာဘ်ထိုးရုံနဲ့ အလွယ်တကူဝင်ထွက်သွားလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကို နိုင်ငံရေးသမားတွေကလည်း လစ်လျူရှုထားခဲ့ကြရုံမက ပိုမိုဝင်ရောက်လာအောင်တောင် မြူဆွယ်ခဲ့ကြပါတယ်။ မိမိနိုင်ငံအကျိုးစီးပွား
ထက် မိမိပါတီ၊ မိမိကိုယ်ကျိုးကို ရှေ့တန်းတင်ခဲ့ကြတယ်။ အခုဆိုရင် တရားမ၀င်ဝင်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ နိုင်ငံရေးသမားတွေကို လွှမ်းမိုးလာခဲ့ပြီး မိမိဒေသခံတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို
 ခြိမ်းခြောက်လာနေခဲ့ပါပြီ။


အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ သတင်းတွေကို ထုတ်ဝေနေတဲ့ အိုးပန်း မဂ္ဂဇင်းရဲ့ တွဲဖက်စာတည်းချုပ် ရာဟူး ပန်ဒိတာက “နိုင်ငံရေးသမားတွေဟာ သူတို့ မဲရရှိဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အိန္ဒိယနိုင်ငံသား
စာရွက်စာတမ်းတွေ ထုတ်ပေးပြီး ၁၉၇၁ (ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက်သော နှစ်)  ခုနှစ်ကနေ
 မြူဆွယ်နေခဲ့ကြတယ်”လို့ ဆိုပါတယ်။ သန့်ရှင်းဖဆပလ မဲနိုင်ဖို့အတွက် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်တယ်
လို့ ဦးနုက ဆိုခဲ့သလိုပါပဲ။
                                                                                                       အိန္ဒိယနှင့် "ကြက်လည်ရိုး" ပထ၀ီနိုင်ငံရေး
အရှေ့မြောက်ဒေသတွေဟာ အိန္ဒိယရဲ့ နိုင်ငံရေးချက်မ နယူးဒေလီကနေ အလှမ်းဝေးတာကြောင့် ဗဟိုအစိုးရရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်။ (အိန္ဒိယရဲ့ နာမည်ကြီး မီဒီယာတွေကလည်း အရှေ့မြောက်ဒေသ
အရေးတွေကို လျစ်လျူရှုထားတတ်ကြတယ်။) တရားမ၀င် ၀င်ရောက်လာနေကြတဲ့ ဘင်္ဂလီတွေရဲ့ အန္တရာယ်တွေကို အာသံပြည်သူတွေဟာ ဗဟိုအစိုးရကို တင်ပြလာခဲ့ကြတာပါ။ ဥပမာ - အာသံအုပ်ချုပ်ရေးမှုး ဒုဗိုလ်ချုပ်ကြီး ဆင်ဟာ (SK Sinha) ဆိုရင် တရားမ၀င်လာရောက်ကြတဲ့ ဘင်္ဂလီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်အကိုင်ရှားပါးမှု အပါအ၀င် သက်ရောက်မှုဆိုးကျိုးတွေကို ဌာနေအာသံပြည်သူတွေ လက်ရှိကြုံတွေ့နေရပုံ၊ ပါကစ္စတန် ခွဲထွက်ရေးကာလကတည်းက အာသံပြည်ကို အရှေ့ပါကစ္စတန်ထဲ ထည့်သွင်းဖို့ လိုလားခဲ့ကြပုံ (ခေါ်တော ဘင်္ဂလီတွေ မောင်တော၊ ဘူးသီးတောင်နယ်ကို ၁၉၄၇ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့သလိုပါပဲ။) ၊ အာသံပြည်ရော၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ ကပ်နေတဲ့ ခရိုင်တချို့ကိုပါ ကက်ရှ်မီးယားဒေသကဲ့သို့ ပါကစ္စတန်ရရှိသင့်ကြောင်း ပါကစ္စတန်ခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပုံ၊ အိန္ဒိယကူညီမှုကြောင့် လွတ်လပ်ရေးရလာပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ရှိတ်ခ် မူဂျီဘာ ရာမန် ကိုယ်တိုင် သစ်တောထွက်နဲ့ တွင်းထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ အာသံပြည်ကို လိုချင်ခဲ့ပုံတွေကို ၁၉၉၈ ခုနှစ်တုန်းက အိန္ဒိယသမ္မတထံ အစီရင်ခံတင်ပြခဲ့ဖူးပါတယ်။ လက်ရှိအနေအထားအရ အရှေ့မြောက်ဒေသနဲ့ အိန္ဒိယပြည်မကို "ကြက်လည်ရိုး"လမ်းကြောင်းလေးက ဆက်စပ်ထားပြီး မကြာခင်ဖြစ်ပွားလာမယ့် လူဦးရေလွှမ်းမိုးမှုနဲ့အတူ ကြက်လည်ရိုးလမ်းကြောင်းဒေသတွေအပါအ၀င် ဘင်္ဂလားဒေ့ရှ်နဲ့ နီးစပ်နေတဲ့ အိန္ဒိယ ခရိုင်တွေကသာ ဘင်္ဂလားဒေ့ရှ်နဲ့ တချိန်မှာ ပူးပေါင်းသွားပါက အိန္ဒိယနိုင်ငံနှစ်ခြမ်းခွဲပြီး
 ပြည်ထောင်စုကြီးကို  အများကြီးအနှောင့်အယှက်ပေးနိုင်ကြောင်း မဟာဗျူဟာကျကျ တင်ပြခဲ့ဖူးပါတယ်။


ဒါပေမယ့် ဗဟိုအစိုးရဟာ လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဆင်ဟာကိုတောင် လူမျိုးရေး တင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ဗဟိုအစိုးရဟာ တွင်းထွက်ပစ္စည်းကြွယ်ဝတဲ့ အာသံပြည်က ယူချင်တာကို ယူပြီး ပေးစရာရှိတာကျတော့ ပြန်မပေးခဲ့ကြဘူး။ (ရခိုင်ပြည်က ရွှေဂတ်စ်တွေကို ဗဟိုအစိုးရတွေက ယူသလိုပါပဲ။) ဗဟိုအစိုးရနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ပြည်သူတွေဟာ မတရားမှုတွေကို မျိုသိပ်နေခဲ့ကြရတယ်။ တချို့ကျတော့လည်း ခွဲထွက်ဖို့လုပ်ခဲ့ကြတယ်။ အင်အားချင်းပြိုင်နေကြတဲ့ တရုတ်ကလည်း ခွဲထွက်ရေးသူပုန်တွေကို ပံ့ပိုးမှုတချို့ ပေးခဲ့ကြတယ်။ အမေရိကရဲ့ စီအိုင်အေတောင် စစ်အေးတိုက်ပွဲကာလ အိန္ဒိယနဲ့ ဆိုဗီယက်ပြည်ထောင်စု ပနံသင့်နေတုန်းက အရှေ့မြောက်ဒေသရဲ့ ခွဲထွက်ရေးလုပ်ငန်းတွေကို ပံ့ပိုးမှုတွေ ရှိခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေက ဆိုတယ်။


ဝါးခြမ်းပြားလေးတစ်ခြမ်းကို လက်နှစ်ဖက်နဲ့ အားစိုက်လိုက်ရင် ချက်ချင်း မကျိုးရင်တောင် ၀ါးခြမ်းပြားက တောင့်မခံနိုင်တော့တဲ့ တချိန်ကျရင် ကျိုးတာပါပဲ။ ငလျင်လှုပ်တယ် ဆိုတာကလည်း ကမ္ဘာကို တည်ဆောက်ထားတဲ့ Plate လို့ ခေါ်တဲ့ ကမ္ဘာ့အလွှာပြားကြီးနှစ်ခု တစ်ခုနဲ့ တစ်ခု တွန်းကြရာကနေ တစ်ဘက်ကတောင့်မခံနိုင်တော့လို့ နောက်ဆုံး ငလျင်လှုပ်ခါပြီး သိုလှောင်ထားတဲ့ တွန်းအားတွေကို ထုတ်ပစ်ကြတယ်။ အခုဖြစ်တဲ့ အာသံပြည်နယ်ရဲ့ အနောက်ဘက်မှာ ဖြစ်တဲ့ အရေးအခင်းဟာလည်းပဲ ဘင်္ဂလီတွေရဲ့ တရားမ၀င်ခိုးဝင်လာမှု တွန်းအားတွေကို မခံမရပ်နိုင်တော့လို့ ပေါက်ကွဲကြတာပါပဲ။


ဘင်္ဂလီတွေရဲ့ တရားမ၀င်ကျူးကျော်မှုတွေဟာ ဒေသခံ ဘိုဒိုစတဲ့ တိုင်းရင်းသားတွေကို တောက်လျှောက်
 ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးစပ်တဲ့ ဒူဘရီစတဲ့ ခရိုင်တွေမှာ ဆိုရင် လူဦးရေတိုးပွားနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲမှာတင် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ (စီအိုင်အေရဲ့ ၂၀၁၁ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးနှုန်းဟာ ၁.၀၇ ပဲ ရှိပါတယ်။) တချို့ခရိုင်တွေမှာဆိုရင် ရခိုင်ပြည်က မောင်တော၊ ဘူးသီးတောင်တွေလိုပဲ ဘင်္ဂလီတွေက လူများစု ဖြစ်လို့ လာနေပါပြီ။ ဗဟိုအစိုးရကလည်း ဘာမှ ထိထိရောက်ရောက်မကာကွယ်ပေးခဲ့ဘူး။ အာသံပြည်သူတွေရဲ့ မွန်းကျပ်နေတဲ့ မခံမရပ်နိုင်မှုတွေကို ဘိုဒိုလူမျိုး ၄ ဦးအသတ်ခံရတာကနေ စပြီး အခုဆိုရင် လူပေါင်းများစွာ သွေးထွက်သံယိုဖြစ်ကြရတဲ့ အဓိကရုဏ်းကြီးအဖြစ်ကို ပြောင်းလဲသွားပါပြီ။


                                                  ကိုကရာဂျာတွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော အဘွားအို

ဒီလိုမျိုးအဓိကရုဏ်းတွေဟာ အိန္ဒိယရဲ့ အာသံတစ်ခုတည်းမှာပဲ ကွက်ကျား ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါဟာ အာသံအရေးတစ်ခုတည်း မဟုတ်ပါဘူး။ အနောက်ဘင်္ဂလားစတဲ့ အိန္ဒိယရဲ့ တခြားပြည်နယ်တွေမှာလည်း တရားမ၀င်ဘင်္ဂလီတွေရဲ့ လူဦးရေအသာစီး ခြိမ်းခြောက်မှုတွေကို ခံလာနေရပါပြီ။ မြန်မာပြည်က
 ခေါ်တောတွေဟာ ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူးလို့ ငြင်းသလိုပဲ အိန္ဒိယမှာ ရှိတဲ့ တရားမ၀င် ဘင်္ဂလီတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဆီက မဟုတ်ဘူးလို့ ဗြောင်တင်းတင်း ငြင်းနေပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုယ်ပဲ အရှေ့ဘက် စစ်တကောင်းတောင်တန်းပေါ်မှာ
ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေရဲ့ လယ်မြေတွေကို လုတာမျိုး၊ မီးတိုက်နှင်ထုတ်တာမျိုး စတဲ့
 ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး မနေရဲအောင် အမျိုးမျိုးယုတ်မာနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုအချိန်ထိ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းဦးသားများရဲ့ အခွင့်အရေးကြေညာချက်ကြီးကို လက်မှတ်ထိုးဖို့ငြင်း
ဆန်ထားပါတယ်။

အပိုင်း (၂) ကို မကြာမီ ဆက်လက်တင်ပေးသွားပါမည်။


 ref: ကိုထူးအောင် FB မှ ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment