Friday, 8 January 2016

မြောက်ကိုရီးယား၏ ဗုံးစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ စပီကာများကို တောင်ကိုရီးယားပြန်ဖွင့်

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို တုံ့ပြန်ကန့်ကွက်သည့်အနေဖြင့် နယ်စပ်အနီးရှိ စပီကာများကို တောင်ကိုရီးယားစစ်တပ်က ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်မှစ၍ စပီကာများကို ပြန်ဖွင့်ခဲ့သလို မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်သည့် အခြေအနေကို တုံ့ပြန်ရန်အတွက် စပီကာများ အနီးတွင်လုံး စစ်သည်အင်အားကို တိုးမြှင့်ထားလိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်ကြောင့် မွေးမြူရေးငါး ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာလိုအပ်ချက်ကြောင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ငါးမွေး မြူရေးလုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေလျာထားချက်ပြည့်မီနိုင် ဖွယ်မရှိကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မွေးမြူရေးငါးများ ပြည်ပတင်ပို့ ရာမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် မျှော်မှန်းထားသော် လည်း အခက်အခဲများ ကြုံတွေ့ နေရသည့်အပြင် နိုင်ငံတကာဈေး ကွက်ဝင် ငါးမျိုးသစ်များ မွေးမြူ ရန် ရင်းနှီးမြှုပ်နှံငွေနှင့် နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းဖြစ် သည်။

စည်ပင်ပိုင်ဈေးများ အဆင့်မြှင့်တင်မှု မေလတွင် အပြီးသတ်မည်၊ ပျံကျဈေးသည်များကို ဦးရာလူစနစ်ဖြင့် နေရာပေးမည်ဟု ဆို

စည်ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် မြှင့်တင်နေ ပြီး မေလတွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည်များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့် စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အတွင်းရှိ စည် ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ မေလအတွင်း ဈေး ၁၆ ခုလုံးအပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ စုံစမ်းသိ ရသည်။

တန်နှစ်သောင်း သိုလှောင်နိုင်မည့် အအေးခန်းစက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ

ဥရောပနိုင်ငံများသို့ အ ရည်အသွေးမြင့် ရေထွက်ကုန်များ တင်ပို့နိုင်ရန် တန်ချိန်နှစ်သောင်း သိုလှောင်နိုင်သော ကွန်ပျူတာ စနစ်သုံး အအေးခန်းစက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။

အင်းစိန်မြို့နယ် အနောက် ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေငါးဧကပေါ်တွင် ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် အေးခဲသော အအေးခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ခြောက်သန်းကုန်ကျခံ တည်ဆောက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းထားခြင်းဖြစ်သည်။

ဥာဏ်ပညာ အလင်းပေးတဲ့ ဖောင်တော်ဦးကျောင်း

မင်းတုန်းမင်းကြီးကို ဘယ်လိုမြင်သလဲ။ ပြီးတော့ မဟောသဓကိုရော ဘယ်လိုမြင်သလဲလို့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကက စာသင်ခန်း အတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက် အတွင်းရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်း ကျောင်းကြီးဟာ မရှိနွမ်းပါးသူတွေ အတွက် ပညာရင် နို့သောက်စို့ရာ၊ အခမဲ့ပညာ သင်ကြားပေးရာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ ကျောင်းအုပ် ဆရာတော် ဦးနာယကက အထက်ပါအတိုင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

အာဏာရှင်စော်နံရင် ပြန်ပြင်

ဗျို့အယ်ဒီတာ......

ပြောရဦးမယ်။ အမှန်တော့ ဘစီကပြောချင်လှတာ မဟုတ်ပါဘူးလေ။ ဒါပေသိ အယ်ဒီတာမင်း တွေက ရေးသာရေးပါမြှောက်ပေးလာတော့လည်း နဂိုကမှ ရွပိုး ထိုးနေတဲ့ ပြောချင်စိတ်က နိုးကြွ လာသဗျ။ နိုးကြွသော်ငြား အသေ အချာစဉ်းစားတဲ့အခါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ် နေမလားလည်း စဉ်းစားရသေးဗျ။စဉ်းစားပြီး နိုးကြွားလာတဲ့ စိတ်ကို ဘယ်လိုပင် ချိုးနှိမ်ပေတဲ့ မရဘူး ဗျ။ ရေးချိန်တန်ပြီဆိုပါတော့လေ။

Thursday, 7 January 2016

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဈေးအကြီးဆုံးဖုန်းများ

ချမ်းသာ ကြွယ်ဝသူများသည် တန်ဖိုးကြီးဖုန်းများကို ကိုင်တွယ်ရာတွင် ကျောက်မျက် ရတနာမျိုးစုံဖြင့် အလှဆင်လေ့ ရှိကြသည်။ ထို့ကြောင့် ဖုန်းတစ်လုံး၏ တန်ဖိုးသည် ထင်မှတ်ထားသည်ထက် ပိုမိုနေသည်။ ဖုန်းများကို စိတ်ကြိုက်ဖန်တီး အလှဆင်ထားသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တန်ဖိုးကြီးဖုန်း အများအပြား ရှိနေသော်လည်း ၂၀၁၅ ခုနှစ်အတွင်း ဈေးအကြီးဆုံး အဖြစ် သတ်မှတ် ခံထားရသော ဖုန်း(၁၀) လုံး အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

အားလပ်ရက် မရမည်ကို စိုးရိမ်ပြီး လက်ထပ် ထိမ်းမြားမှုများပြုလုပ်

ချစ်သူခင်သူများအား ငွေကြေး လှူဒါန်းပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှုတိုးပြီး သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ဘယ်နိုင်ငံတွေမှာ အမျိုးသမီး ခေါင်းဆောင်တွေရှိလဲ


ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့ (UN Women) က ကောက်ထားသော စာရင်းအရ ကမ္ဘာ့နိုင်ငံရေး လောကတွင် အမျိုးသမီးများ နေရာရနှုန်းက ယခုနောက်ပိုင်းနှစ်များတွင် အရှိန်နည်းနည်း ပြန်ကျသွားသည်ဟု သိရသည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ
စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အိုင်ဖုန်း တစ်လုံး ၀ယ်နိုင်ဖို့ ဘယ်နိုင်ငံတွေမှာ ဘယ်သူတွေ ဘယ်လောက် အလုပ်လုပ်ရလဲ

iPhone 6 တစ်လုံး ၀ယ်နိုင်ဖို့ နိုင်ငံအလိုက် အလုပ်လုပ်ရသည့် ပျမ်းမျှကြာချိန်
--------------------------------------------------------------------------------------
အိုင်ဖုန်းတစ်လုံး ၀ယ်နိုင်ဖို့ စာဖတ်သူ အချိန် ဘယ်လောက်ကြာကြာ အလုပ် လုပ်ရမည် ထင်ပါသလဲ။ စာဖတ်သူ နေထိုင်သည့် နိုင်ငံကို လိုက်ပြီး အချိန်အတိုအရှည် ကွာခြား သွားနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံချင်း အလိုက် နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝယ်နိုင်အားပေါ် မူတည်နေသည်။

အ၀လွန်သည့် စားပွဲထိုးက တည်ခင်း ဧည့်ခံပါက အစာပိုစား ဖြစ်လေ့ရှိဟုဆို

အ၀လွန်နေသည့် စားပွဲထိုးက တည်ခင်း ဧည့်ခံသော စားသောက်ဆိုင်များတွင် စားသောက်သူများသည် အစားအစာများကို လိုအပ်သည်ထက် ပိုမိုမှာယူ စားသုံးလေ့ရှိကြောင်း နယူးယောက်ရှိ ကော်နဲ တက္ကသိုလ်နှင့် ဂျာမနီရှိ ယဲနား တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များ၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

တစ်ပတ်လျှင် သုံးရက်ခန့် အရက်မသောက်ဘဲ နေရန် တိုက်တွန်း

ဗြိတိန် နိုင်ငံသားများ အနေဖြင့် ခန္ဓာကိုယ် အနားရစေရန် အတွက် တစ်ပတ်လျှင် သုံးရက်ခန့် အရက် မသောက်ဘဲ နေသင့်ကြောင်း ဗြိတိန်ရှိ ကျန်းမာရေး ၀န်ထမ်းရေးရာ အကြီးအကဲ ဆယ်လီ ဒေဗီစ်က ပြောဆိုခဲ့သည်။ ထို့ပြင် အမျိုးသားများ အနေနှင့်လည်း ဘီယာသောက်သည့် အခါတွင်လည်း တစ်ပိုင့်ခွဲခန့်သာ သောက်သုံးရန် ဆယ်လီ ဒေဗီစ်က အကြံပြုခဲ့သည်။ အမျိုးသမီးများသည်လည်း အရက်သောက်သည့်အခါ ခွက်ငယ် သုံးခွက်ထက် ပိုပြီး မသောက်ရန် ဒေဗီစ်က တိုက်တွန်းခဲ့သည်။

၂၀၁၈ နောက်ဆုံးထားပြီး အာကာသ အိမ်ခန်းမျိုး တီထွင်ဖို့ နာဆာကို ညွှန်ကြားထား

အင်္ဂါဂြိုဟ်ကဲ့သို့ ဝေးလံသော နေရာများသို့ လပေါင်းများစွာ အချိန်ယူပြီး သွားရာတွင် လူသားများ အဆင်ပြေပြေ နေနိုင်စေမည့် အာကာသ အိမ်ခန်းမျိုးကို ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး ဖန်တီးဖို့ နာဆာကို အမေရိကန် လွှတ်တော်က ညွှန်ကြားလိုက်ပြီ။ ထိုအိမ်ခန်းမျိုးကို အင်္ဂါဂြိုဟ်သွား အာကာသယာဉ်တွင် ချိတ်ဆက်ထားမည် ဖြစ်သည်။

ဒရုန်းများကို အမျိုးအစားခွဲခြား၍ မှတ်ပုံတင်စေမည်ဟု ပို့ဆောင်ရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ စနစ်တကျ မှတ်ပုံတင်စေခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခြင်း၊ မြေပြင် မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း၊ မပျံသန်းရဇုန်များ သတ်မှတ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကြံ ပေးကြေညာစာ (Advisory Circular) ထုတ်ပြန်မည်ဟု ဦးဇင် ယော်က ပြောသည်။

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်။
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။
ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။