Monday, 30 November 2015

ဒုက္ခသည်လက်ခံဖို့ EU က တူရကီကို ဒေါ်လာသန်းထောင်ချီပေးမည်

ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များ
ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဖြေရှင်းဖို့အတွက် တူရကီနိုင်ငံကို ဒေါ်လာဘီလီယံပေါင်းများစွာပေးဖို့ ဥရောပသမဂ္ဂက သဘောတူညီလိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရသည့် ပါရီ ပြဇာတ်ရုံသို့ အိုဘားမား သွားရောက်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အကြမ်းဖက် တိုက်ခိုက်ခံရသော Bataclan ကဇာတ်ရုံသို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား သွားရောက်ခဲ့ကြောင်း သိရသည်။

စားသုံးရန် မသင့်သော အစားအစာများ အကြောင်း ကျောင်းသားများကို ပညာပေးမည်

ကျောင်းမုန့်ဈေးတန်းမှ အစာစားသုံးရန် မသင့်သော အစားအစာများနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်မည့် သက်ကြီးရွယ် အို များနှင့် ပြည် သူ များ လမ်းဖြတ်ကူးမှုအဆင်ပြေစေရန် ဗဟန်း (၃) လမ်း လူကူး ခုံးကျော် တံတားတွင် စက်လှေကားထည့်သွင်း တည်ဆောက်မည်

ရွှေတိဂုံစေတီ တော်သို့လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများနှင့် သက်ကြီး ရွယ်အိုများ လမ်းဖြတ် ကူး မှုအ ဆင် ပြေစေ ရန်အတွက် ဗဟန်း(၃)လမ်း တွင် ဆောက်လုပ်လျက်ရှိသည့် လူ ကူးခုံးကျော်တံတားအား စက်လှေ ကားထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ကော် မတီဝင်(၇) ဦးခင်လှိုင် (ဇောတိက)က ပြောသည်။

ဗဟန်းကလေးအမှု စစ်ဆေးချက်များ ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးပေးပို့ရမည်

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ကလေး နှိပ်စက်ခံရသည့်အမှု စစ်ဆေးချက်များအား ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ တရားရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒေသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။

ဓမ္မတာမလာမီ ရောဂါလက္ခဏာ ကြုံတွေ့သူများ သွေးတိုးရောဂါ ဖြစ်လာနိုင်

အမျိုးသမီးများဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့ရခြင်း သည် နောက်ပိုင်းတွင် သွေးတိုးရောဂါ ဖြစ်လာနိုင်သော လက္ခဏာ ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲရလဒ်များကို မကြာမီ ထုတ်ပြန်မည်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်တွင် မဲလက်မှတ်များ ရေတွက်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ ရရှိသည့် မဲရလဒ် အသေးစိတ်ကို မကြာမီထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။

Sunday, 29 November 2015

ဘုတလင်နှင့် ကနီတွင် ငလျင်ကြောင့် စေတီပုထိုး အများစုပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် မုံရွာခရိုင် ဘုတလင်မြို့နှင့် ယင်းမာပင်ခရိုင် ကနီမြို့တို့တွင် စေတီပုထိုးများနှင့် လူနေအ ဆောက်အအုံအချို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးမြို့ မြေငလျင်တိုင်း တာရေးစခန်း၏ အနောက်မြောက် ဘက် မိုင် ၉၀ ခန့်အကွာ၊ မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ပြည်တွင်းကို ဗဟို ပြု၍ နိုဝင်ဘာ ၂၇ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှ်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

‘‘ကနီနဲ့ ဘုတလင်မြို့နယ်အ တွင်းက စေတီတွေ အပျက်အစီး များတယ်။ ကနီမြို့နယ်အတွင်းက စာသင်ကျောင်း၊ လူနေအဆောက် အအုံတချို့ အက်ကြောင်းတွေ ဖြစ်တာတော့ ရှိပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တနင်္သာရီဒေသ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်မည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ် ပွားပါက ဆုံးရှုံးမှု လျော့နည်းစေ ရန် မီးလောင်ကျွမ်းစဉ်လုပ်ဆောင် သင့်သည့် လေ့ကျင့်မှုများကို မြို့ပေါ်ရပ်ကွက်များတွင် တစ်ပတ် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

ပွင့်လင်းရာသီရောက်ရှိလာ ပါက ဒေသတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များကို ကျောင်းများ၊ ဈေးများနှင့် အခြားဌာနဆိုင်ရာရုံးများတွင် ပညာပေးခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ မြို့ပေါ်ရပ်ကွက်များ၌ လေ့ကျင့် မှုများကို နိုဝင်ဘာနောက်ဆုံးပတ် မှ စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးသူရိန်ခင်မောင်ရီက ပြော သည်။

‘‘လူနေရပ်ကွက်တွေမှာ ဒေသခံတွေနဲ့ ဇာတ်တိုက်လေ့ ကျင့်မှုတွေ လုပ်သွားမယ်။ အဲဒီ လို ဇာတ်လိုက်လေ့ကျင့်မှုတွေ ပြု လုပ်ထားရင် မီးသတ်တပ်ဖွဲ့ ၀င်တွေက ရပ်ကွက်တွေမှာ မြေ ပြင်အခြေအနေ ပိုမိုကျွမ်းကျင် လာမယ်။ ရပ်ကွက်တွေကို မီး သတ်စခန်းကနေ မီးသတ်ယာဉ် တွေ အမြန်ဆုံးရောက်နိုင်မယ့် အချိန်တွေကို တွက်ချက်လာနိုင် မယ်။ နောက်ပြီး မီးလောင်မှု ဖြစ် ပွားခဲ့ရင် ရာသီဥတု အခြေအနေ အရ နေရာယူတတ်လာကြလိမ့် မယ်။ ဒေသခံတွေလည်း တကယ် လို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားလာ ပါက သူတို့အနေနဲ့ လုပ်ဆောင် သင့်တာတွေ ပိုပြီသိလာလိမ့်မယ်’’ဟု သူရိန်ခင်မောင်ရီက ပြောကြားသည်။

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများဆိုင်ရာ အမိန့်မူကြမ်းကို ပညာရှင်များ အကြံပြုချက်တောင်းခံပြီး အတည်ပြုမည်

အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့်ကို ရေးဆွဲလျက်ရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတွင် ဘေးအန္တရာယ် ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများ ဆိုင်ရာ အမိန့်(မူကြမ်း)ကို ရေးဆွဲ ၍ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များ၊ ပညာရှင်များ၏အကြံပြု ချက်များ ရယူကာ အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စက်ရုံအလုပ်ရုံကြီးများ၊ အထူးစီး ပွားရေးဇုန်များလုပ်ဆောင်ရန်ရှိ သည့်နေရာ၊ စက်ရုံများမှ ထွက်ရှိ သည့်စွန့်ပစ်ပစ္စည်းများတွင် အန္တ ရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ် လာကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ထွန်းလွင်က ပြော သည်။

မန္တလေးတွင် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းမကြားဘဲ တရုတ်နိုင်ငံသားအချို့ အကြောအဆစ်ရောဂါ ကုသနေ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရုတ်နိုင်ငံ သားများသည် သက်ဆိုင်ရာမြို့ နယ်ကျန်းမာရေးဦးစီးဌာနသို့ အ ကြောင်းမကြားဘဲ အခကြေးငွေ ယူ၍ အကြောအဆစ်နှင့်ပတ် သက်သည့်ရောဂါများကုသပေး နေကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ကဉ္စ နမဟီရပ်ကွက် ၃၄ လမ်း၊ ၇၆× ၇၇ လမ်းကြား တရုတ်တန်း ဈေး တွင် တရုတ်နိုင်ငံသားသုံးဦးသည် မြန်မာစကားပြန်အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဆေးကုသပေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆေးကုသပေးနေတယ်ဆို တာ အကြောင်းကြားတာမျိုး လည်း မရှိဘူး။ သိလည်းမသိဘူး။ ရပ်ကွက်ဥက္ကဋ္ဌတွေကိုလည်း မှာ ကြားထားတယ်။ နယ်မြေခံဆရာ မလေးတွေလည်းရှိတယ်။ ဒီဟာ တကယ်ကုသနေမှုဟုတ်၊ မဟုတ် ကိုတော့ သေချာစုံစမ်းသွားမယ်။ လိုင်စင်မရှိဘဲနဲ့ ကုသရင် အရေး ယူသွားမှာဖြစ်တယ်’’ဟုချမ်းအေး သာစံမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာလင်းလင်းချစ်က ပြောကြားသည်။

အင်န်အယ်လ်ဒီ ကမ်းလှမ်းလာပါက ဖက်ဒရယ်မူဖြင့်သာ စကားပြောမည်ဟု ဦးခွန်ထွန်းဦးပြောကြား

အစိုးရသစ်ဖြစ်လာ မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကသာ ကမ်းလှမ်းလာပါက စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး မူဝါဒ ပေါ်တွင်သာ ရပ်တည်၍ စကားပြော မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၏ ၂၀၁၅ ရွေးကောက်ပွဲပြန်လည် သုံးသပ်ခြင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း အားလုံးကို ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အကယ်၍များ အင်န် အယ်လ်ဒီက ကမ်းလှမ်းလာခဲ့ရင် ဒီမူဘောင်နဲ့ပဲ စကားပြောမယ်။ ဒီ မူဘောင်ပေါ်မှာပဲ ရပ်တည်မယ်။ ရှမ်းပြည်အတွက် ရှမ်းလူမျိုးတွေ အတွက် လုံးဝလျှော့မှာ မဟုတ်ပါ ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

၁၉၉၀ ကတည်း က SNLD စွဲကိုင်ခဲ့သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက် ကိုင်စွဲသွားမည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ရာ တပ်မတော် ၏ သဘောဆန္ဒက အရေးကြီး လာသည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး ကားအစီးငါးရာကျော်ကို ကားမရှိသည့် နယ်မြေရဲစခန်းများတွင် ဦးစားပေးထားရှိမည်

တရုတ်နိုင်ငံကလှူဒါန်းထားသော ရဲတပ်ဖွဲ့သုံးကားအချို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းသည့် တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖိုးရှိ ရဲတပ်ဖွဲ့ဝင်သုံးမော် တော်ယာဉ်အစီးရေ ၅၀၅ စီးကို အဓိကလိုအပ်ချက်ရှိနေသည့် နယ်မြေရဲစခန်းများတွင် ဦးစား ပေးထားရှိသွားမည်ဟု သတင်းရ ရှိသည်။
တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုး မြိုင်ကပြောသည်။

ပါရမီယာဉ်အရှိန်လွန်ပြီး အငှားယာဉ်ရှစ်စီးကို ဆင့်တိုက်

လှည်းတန်းခုံးတံတား အောက်ရှိ မီးပွိုင့်အ၀င်တွင် ပါရမီ ယာဉ်လိုင်းမှယာဉ်တစ်စီး အရှိန် လွန်ပြီး အငှားယာဉ်ရှစ်စီးနှင့် အိမ်ကားတစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၉နာရီခန့်က စိုက်ပျိုးရေး မှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသည့်(၁၇၄) ပါရမီယာဉ်က ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယာဉ်မောင်း ထွက်ပြေးသွားခဲ့သော်လည်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့ထံ ပြန်လည် အပ်နှံခဲ့သည်ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲမှူးအောင်ကြီးက ပြောသည်။
‘‘ကျွန်တော့်ကားကို အ နောက်ဘက်က အရှိန်နဲ့ဝင်တိုက် လိုက်တော့ ကျွန်တော်ရော ခေါင်း ခန်းကခရီးသည်ရော ဒဏ်ရာတွေ ရသွားတယ်။ ပြီးမှ အရှိန်ပြင်းပြင်း နဲ့ ဂျာနယ်ရောင်းနေတဲ့ ကောင်မ လေးရော တခြားကားတွေကိုပါ ဆက်တိုက်တိုက်သွားတယ်။ ဒရိုင်ဘာက ထွက်ပြေးသွားတယ်’’ဟု အငှားယာဉ်မောင်းက ပြောသည်။

ကြိုတင်မဲနှစ်ကြိမ်ထည့်သည့် ရဲအုပ် ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး အမှုပါရင်ဆိုင်နေရ

ကြိုတင်မဲနှစ်ကြိမ်ထည့် ခဲ့သည့် ယာဉ်ထိန်းရဲအုပ်ကို နိုဝင် ဘာတတိယပတ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပယ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)မှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ မဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းသင်တန်းကျောင်းတို့ တွင် ကြိုတင်မဲနှစ်ကြိမ်ထည့်မိခဲ့ သောကြောင့် ယခုကဲ့သို့ထုတ်ပယ် ခဲ့ရခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
‘‘ရဲတပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအတိုင်း သူ့ကို ယာဉ်ထိန်း ရဲအရာရှိအဖြစ်ကနေ ထုတ်ပယ် လိုက်တာပါ။ သူကိုယ်တိုင်လည်း အရာရှိဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့ ဆဆလုပ်ခဲ့လို့ အပြစ်ပေးခဲ့ရတာ ပါ။ ဝန်ထမ်းဖြစ်တဲ့အတွက် ချ မှတ်ထားတဲ့ စည်းကမ်းဖောက် ဖျက်တဲ့သူကို ဥပဒေအတိုင်း အ ရေးယူခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဒုရဲ မှူးကြီး အောင်ကိုဦးက ပြော ကြားသည်။

ဒီချုပ်အမတ်များကို လစာဖြတ်မည်၊ စာမေးပွဲစစ်မည်၊ ပိုင်ဆိုင်မှုစစ်မည် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်ကို စိတ်ဓာတ်မကျရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လစာဖြတ်မယ်’’

‘‘အခုကတည်းက စောစောစီး စီးပြောထားတာ၊ ကိုယ်စားလှယ် အားလုံးရဲ့ လစာတွေ ကျွန်မတို့ ဖြတ်ပါမယ်။ အခုဆိုရင် ပြည် ထောင်စုကိုယ်စားလှယ်တိုင်းက တစ်လကို နှစ်သိန်းခွဲပေးရမယ်။ တိုင်းတို့၊ ပြည်နယ်တို့က လစာ နည်းတဲ့အတွက် ကျွန်မတို့ ကြည့် ပြီးဖြတ်မယ်။ အားလုံး ကိုယ်စား လှယ်တိုင်းဟာ လစာထဲက သတ် မှတ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ကို ပေးရမှာဖြစ်ပါတယ်။ တချို့တွေ က ၀န်ကြီးနေရာတွေက ကိုယ်စား လှယ်တွေဆို ပိုပြီးတော့ဖြတ်မယ်။ လခ မြင့်သွားတာနဲ့အမျှ ပိုပြီး တော့ဖြတ်ပါမယ်။ အမြင့်ရောက် သွားတဲ့သူတွေကတော့ တစ်ဝက် ဖြတ်မှာပေါ့။ အမြင့်ဆုံးရောက် သွားတဲ့သူတွေကတော့ အနည်း ဆုံးတော့ တစ်ဝက်ပေးရမှာပေါ့။

Friday, 27 November 2015

ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်း (၆၆) ကျောင်း ပြန်တည် ဆောက်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်းများအနက် (၆၆) ကျောင်းကို ပြန်ဆောက်ရန် ကျန်ရှိနေ သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

““ကျောင်းသူ ကျောင်းသားလေးတွေ ပုံမှန်အတိုင်း ပြန်တက် နေကြပါပြီ၊ ပြင်နေတဲ့ ကျောင်းတွေ တချို့အဆောင်တွေ ပြီးပြီ၊ မိုးရာသီမှာက ရေတွေနဲ့ ဆောက်လို့မပြီးလို့ အခုကျန်တာကို ပွင့်လင်းရာသီမှာ ဆက်ဆောက် နေပါပြီ””ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်းက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ရေကြီးရေလျှံမှုများကြောင့် ကျောင်းပေါင်း(၂၉၂) ကျောင်း ပျက်စီးခဲ့ရာတွင် အများစုအား ပြန် လည် ပြုပြင် တည်ဆောက်ပြီးစီးခဲ့ပြီး (၆၆) ကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။ ယင်းကျောင်းများသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ လုံးဝ ကျောင်းပျက်စီး သွားသော နေရာများတွင် ယာယီ စာသင်ဆောင် (၆၁) ဆောင် ကိုလည်း ဆောက်လုပ်ပေးပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ကျောင်းသားကျောင်းသူပေါင်း (၇၀၀၀) ကျော် ရေဘေးသင့်ခဲ့သည်။

မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ တတ်နိုင်သလောက် ဖြေရှင်းမည်

ဧရာဝတီတိုင်း ဒေသကြီးမှ မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဖြစ်နိုင်တဲ့ကိစ္စ၊ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ အပြီး ဖြေရှင်းပေးသွားမှာပါဟု ၎င်းကပြောသည်။၂၀၁၀ မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် အစိုးရသက်တမ်း ကုန်မည် ဖြစ်သည်။''ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အထက်ကနေအောက်၊ အောက်ကနေ အထက် အပြန်အလှန် စိစစ်ရမယ်။ ဖြစ်စဉ်ရဲ့ သဘော သဘာဝတွေကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီးမှ အဖြေရှာလို့ရမှာ။ လေးလအတွင်း အဖြေထွက် ပြီးရောဆိုပြီး အလျင်အမြန်ဆုံး ဖြတ်ဆောင်ရွက် ပေးခဲ့ရင် အလွယ်အမှားတွေလည်း ဖြစ်နိုင်တယ်'' ဟု လယ်ယောမြေအရေး လှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြောသည်။