Friday, 20 November 2015

၇ နှစ်သမီးလေးအတွက် ဖခင်၏လက်ဆောင် ဒေါ်လာ ၄၈ သန်းကျော်တန် စိန်ပွင့်ကြီး

ယခုသီတင်းပတ်အတွင်း ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၄၈.၄ သန်းဖြင့် ရောင်းချလိုက်သည့် အပြာ ရောင် စိန်ပွင့်ကြီးသည် ဖခင်က ၇ နှစ်အရွယ် သမီးလေးအတွက် ပေးအပ်သည့်လက်ဆောင် ဖြစ်လာ ကြောင်း သိရသည်။

အမျိုးသမီးအမတ် ပိုများလာမည့် လွှတ်တော်သစ်

လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့သော အမျိုးသမီးလွှတ်တော်အမတ်အရေအတွက်ပြ သတင်းအချက် အလက်ပါ သရုပ်ဖော်ပုံ 
၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ် စလုံးအတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လောင်း ၈၀၀ ခန့်  ၀င်ရောက် ယှဉ် ပြိုင်ခဲ့ရာ နိုဝင်ဘာ ၈ ရက်  ရွေး ကောက်ပွဲအပြီး၌ လွှတ်တော်အတွင်းသို့ အမျိုးသမီး အမတ်လောင်း ဦးရေ၁၅၀ခန့် ရောက်ရှိလာတော့မည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်မိတ်ဆွေအများအပြားရှိသော ဆယ်ကျော်သက်များ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျမှုအန္တရာယ်မြင့်မား

ဖေ့စ်ဘွတ်ခ်တွင် မိတ်ဆွေပိုများသော ဆယ်ကျော်သက်အရွယ်များ သည် စိတ်ဓာတ်ကျနိုင်သည့် အန္တရာယ် မြင့်မား စေသော စိတ်ဖိစီးမှု များ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သုတေသနပြုမှုအသစ်တစ်ခုအရ သိရသည်။

ပထမဆုံးရုပ်ရှင်ကို ကြည့်ရှုဝေဖန်ပေးဖို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း

 မကြာမီ ရုံတင်ပြသတော့မည့် ‘ရည်းစားဦး’ရုပ်ရှင်ဇာတ် ကားသည် ၎င်းအတွက် ပထမဆုံး ရုပ်ရှင်ဖြစ် သောကြောင့် ပရိသတ် များမှ ဝေဖန်ပေးစေလိုကြောင်း သဉ္ဇာနွယ်ဝင်းက ပြောသည်။

အကူးအပြောင်းကာလတွင် နိုင်ငံတကာပါဝင်ကူညီရန် သံအမတ် ၅၀ ကျော်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − ဒီချုပ်ဖေ့စ်ဘွတ်ခ်)
ဒေါ်အောင်ဆန်းစု ကြည်က နိုင်ငံခြားသံအမတ်၊ သံ အရာရှိ ၅၀ ကျော်နှင့် တွေ့ဆုံဆွေး နွေးပွဲတွင် ရွေး ကောက် ပွဲ အလွန် ကူးပြောင်းရေးကာလ၌ နိုင်ငံ တကာမှ ပူးပေါင်းပါဝင်ကူညီပေး ရန် ပြောကြားကြောင်း ဆွေးနွေးပွဲတက်ခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီအဖွဲ့ဝင် ဦးစိုင်းဘိုးအောင် က ပြောသည်။

ပါရီတိုက်ခိုက်မှု၏ အဓိက ဦးဆောင်သူ အကြမ်းဖက်သမားကို သုတ်သင်နိုင်ခဲ့ဟု ပြင်သစ်ရဲတပ်ဖွဲ့ ကြေညာ

ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်သည့် ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

Thursday, 19 November 2015

ပြစ်မှုဆိုင်ရာစုံစမ်းထောက်လှမ်းမှုနှင့်စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့်အကျဉ်းထောင်များ ၌မလိုလား အပ်သောဖမ်းဆီးချုပ်နှောင်သည့်ကာလလျော့ကျရန်နှင့် ဥပဒေနှင့်မညီသောဖမ်းဆီးချုပ်နှောင်မှုများပပျောက်စေရေး ဥပဒေပြဌာန်းထည့်သွင်းရန်အမျိုးသားလွှတ်တော်က အတည် ပြုဆုံးဖြတ်

ဥပဒေဆိုင်ရာအထောက် အကူပေးရေးဥပဒေကြမ်းတွင် ပြစ်မှုဆိုင်ရာ စုံစမ်းထောက် လှမ်းမှုနှင့်စုံစမ်း စစ်ဆေးမှု ပြုလုပ်စဉ် ကာလအတွင်း ရဲအချုပ်နှင့်အကျဉ်းထောင် များ၌မလိုလားအပ်သော ဖမ်းဆီး ချုပ်နှောင်သည့် ကာလလျော့ကျရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများပပျောက်စေရန် ဆို သည့်ပြင် ချက်ချက်ကို ထည့်သွင်းပြဌာန်းရန် လွှတ်တော်က အတည်ပြုဆုံးဖြတ်ကြောင်း အမျိုးသားလွှတ် တော် ဥက္ကဌဦးခင်အောင်မြင့် က ကြေညာခဲ့သည်။

မြန်မာ့ အပြောင်းအလဲ ကုလ ဆက်ကူမည်

နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုတွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

နော်ဝေး နိုင်ငံသားကို IS သတ်ဖြတ်

IS အစ္စလာမ္မစ် နိုင်ငံအုပ်စုက သူတို့ ဖမ်းဆီးထားတဲ့ နောက်ထပ် ဓားစာခံ ၂ ယောက်ကို သတ်ဖြတ် ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

နော်ဝေနှင့် တရုတ် ဓားစာခံနှစ်ဦးကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုကြေညာ

အိုင်အက်စ်အကြမ်းဖက်အုပ်စုက နော်ဝေနှင့် တရုတ်ဓားစာခံနှစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၄င်း၏ နောက်ဆုံးထုတ် အင်္ဂလိပ်ဘာသာမဂ္ဂဇင်းတွင် ‘ကွက်မျက်’ဟူသော နဖူးစည်းစာတန်း အောက်တွင် ဓားစာခံနှစ်ဦးဟု ယူဆရသည့် ရုပ်အလောင်းပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။

ဥပဒေများကိုပြင်ခြင်းထက် တိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းသိမ်းသင့်ဟု ဦးဝီရသူမိန့်ကြား

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပ ခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ် များအရ အစိုးရသစ်ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေအချို့ ကို ပြင်ဆင်ရမည်ဖြစ်သော်လည်း ဥပဒေများကို ပြင်ဆင်ခြင်းထက် တိုင်းပြည်ကိုတည်ငြိမ်အောင် အရင်ဆုံးထိန်းသိမ်းသင့်ဟု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မဘသ)ဆရာ တော် ဦးဝီရသူက မိန့်ကြားသည်။

ပြည်သူတို့၏ယုံကြည်မှု မြန်မာလူ့အခွင့်အရေးကော်မရှင် မရသေးဟု ဝေဖန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်သည် ပြည်သူတို့၏ ယုံကြည်ကိုး စားမှုကိုမရသေးကြောင်း မြန်မာ့ အရေးပူးပေါင်းဆောင်ရွက်သူများ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။

ဘန်ကီမွန်း မြောက်ကိုရီးယားသွားမည့်သတင်း ကုသမဂ္ဂက ငြင်း

အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဆိုသည့် ထွက် ပေါ် နေသည့် သတင်းကို ကုလသမဂ္ဂက ငြင်းဆန်းထားသည်။

အိမ်သာထဲကို ဖုန်းယူသွားပြီး အင်တာနက်သုံးစွဲသူဦးရေ ပိုမိုများပြားလာ

ယနေ့ခေတ် အင်တာနက်သုံးစွဲသူတွေရဲ့ ၄၂ရာခိုင်နှုန်းဟာ သူတို့အီးမေးလ်တွေစစ်ဖို့နဲ့ လူမှုကွန်ယက် မှာ ပို့စ်တွေတင်ဖို့ အိမ်သာထဲမှာ ဖုန်းသုံးကြတယ်လို့ Adobe ရဲ့လေ့လာမှုအသစ်တစ်ရပ်ကနေ ဖော်ပြ လိုက် ပါတယ်။ ဒါ့အပြင် ခုလို အိမ်သာ၊ရေချိုးခန်းထဲမှာ အင်တာနက်သုံးတဲ့ အရေအတွက်ဟာ ပိုများ လာဖို့သာ ရှိပြီး နည်းသွားဖို့မရှိကြောင်းလည်း ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ ခုသုံးစွဲသူ ပမာဏ ဟာလည်း အရင်ထက် ပိုများလာတာကြောင့်ပါ။

ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံနေရရာ အီတလီဘုန်းတော်ကြီးတစ်ပါးပါ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားများအပေါ် တိုက်ခိုက်မှုများဖြစ်နေရာ နောက်ဆုံးတိုက်ခိုက်မှုအဖြစ် အီတလီဘုန်းတော်ကြီးတစ်ပါး သေနတ်သမားများ၏ တိုက်ခိုက်ခြင်းခံရသည်။

IS ချေမှုန်းရေး အဓိကထား လုပ်ဆောင်ရန် ရုရှားကို အမေရိကန်သမ္မတ တိုက်တွန်း

ဆီးရီးယားအစိုးရကို ထောက်ပံ့နေမှုထက် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ချေမှုန်းရေး အဓိက ထား လုပ်ဆောင်ရန် ရုရှားနိုင်ငံကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်း နိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု ဖြစ်ဟုဆို

တာမွေမြို့နယ် အတွင်း၌ လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် 
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု
ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် အိမ်ခြံမြေအွန်လိုင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရက်ဖြတ်ဆေးဝါးဖြင့် ငုပ်နေသော HIV ပိုးကို ဖော်ထုတ်သတ်ဖြတ်နိုင်

အရက်ဖြတ်ရာတွင်အသုံးပြုရလေ့ရှိသော ဆေးဝါးတစ်မျိုးဖြစ်သည့် Antabuse သည် လူ့ ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုး ပုန်းကွယ်နေသည့် HIV ပိုးများကို ဖော်ထုတ်ကာ သတ်ဖြတ်နိုင်ရန် အထောက်အကူ ပြုနိုင် ကြောင်းကို သြစတြေးလျ သုတေသီများက အမှတ်မထင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။ 

သူရဦးရွှေမန်းနှင့် ဦးဌေးဦး သီးသန့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း၊ ပြည်ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌဦးဌေးဦး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို ပြည် ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နှစ်ဦးတည်း သီး သန့်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သ တင်းရရှိသည်။

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် နောက်ကျသွားပြီဟု မိုဗစ်ပြောကြား

ယခုဘောလုံးရာသီ ပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်တော့ဟု ပီအက်စ်ဂျီ တိုက် စစ်မှူး အီဘရာ ဟီမိုဗစ်က ပြောကြားလိုက်သည်။