Friday, 28 August 2015
ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ကောက်ပွဲကော်မရှင်သို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းထားသည်။ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် ဝန်ကြီး ၁၄ ဦးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ဝန်ကြီးလေးဦး အသီးသီး အမည်စာရင်း ပေးသွင်းထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။ သမ္မတရုံးဝန်ကြီးခြောက်ဦး စလုံး ရွေးကောက်ပွဲပြန်ဝင်ကြပြီး သမ္မတရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မအူပင်တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်းက ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) တွင်လည်းကောင်း၊ သမ္မတရုံးဝန် ကြီးဌာန (၄) ဝန်ကြီး ဦးအောင်မင်း က ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆) ဝန်ကြီး ဦးလှထွန်းက ကျောက်ပန်းတောင်းတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အတွဲတွေ သောင်းကျန်းနေသည်
ခပ်မြူးမြူး ဒစ္စကိုသီချင်း သံစဉ်အလိုက် လှုပ်ရှားနေကြသည်က အရွယ်စုံ၊ ရောင်စုံ၊ကျားမ အစုံ။ တွန့်လိမ်ကောက်ကွေးအောင် ကနေသူလည်းရှိသည်။ တစ် ယောက်နှင့်တစ်ယောက် ဖက်ရင်းတွဲကနေသူ စုံတွဲများလည်းရှိ သည်။ ဘီယာပုလင်း၊ အရက်ပု လင်းခပ်တည်တည်ကိုင်မော့ သူမိန်းမ၊ ယောက်ျားများလည်း တစ်ပုံတစ်ပင်။ ညအချိန် မြင် ကွင်းမဟုတ်သလို နိုက်ကလပ် လည်းမဟုတ်ပါ။ နေ့ခင်းကြောင် တောင် ပြည်သူ့ရင်ပြင်ရှိ ရေ လွှာကြီးမှ မြင်ကွင်းတစ်ခုဖြစ်ပါ သည်။
အဆိုပါရေလွှာကြီးမှာ ရေ ကူးကန်ဟုဆိုရအောင်လည်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် ကူးလို့ရသည့် ရေကူးကန်မဟုတ်။ စိတ်ပြေလက်ပျောက်ဟုဆိုရ အောင်လည်း တဒုံးဒုံး တချမ်းချမ်း ဖြင့် လူအများသားမို့ အေးအေး ဆေးဆေးအပန်းဖြေလိုသူ မိသားစုအတွက် အာရုံနောက်မှာသေချာ ပါသည်။ ဒီဂျေသီချင်းဖွင့်သည်။ အရက်များ ခိုးရောင်းသည်။ နောက်ဆုံးတွင်တော့ ပျော်ချင်သူ လူငယ်များ၊ သမီးရည်းစားများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာပါတော့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား
ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။ ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။
မန္တလေးတွင် ခိုးကူးခွေရောင်းချမှုဖြင့် နစ်နာကြေး ကျပ်သိန်း ၉၃၀ ပေးဆောင်ရမည့် ဆိုင်ပိုင်ရှင် တိမ်းရှောင်နေဆဲ
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရားမဝင်ခိုး ကူးခွေအချပ် ၃,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ကျပ်သိန်း ၉၃၀ ပေးလျော်ရန် မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သော်လည်း တိမ်း ရှောင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်း ရေးမှူး ဦးသားစိုးက ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၃ ဇန်နဝါရီက ထွန်းနိုင် Mobile Phone နှင့် DVD အခွေ အရောင်းဆိုင်မှ တရားမဝင်ခိုးကူး ခွေမြန်မာသီချင်းအချပ်ရေ ၃၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၆)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ) အရ အ မှုဖွင့်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် တ ရားရုံးက မတ်လ ၅ ရက်တွင် ပြစ် မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို သော ဦးထွန်းနိုင်ကို ငွေဒဏ်ကျပ် တစ်သိန်းပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ်သုံး လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဦး ထွန်းနိုင်က ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ခဲ့သည်။ထို့အပြင် မြန်မာတေးဂီတ သီချင်းများကို တရားမဝင်ကူးယူ ၍ စီးပွားဖြစ်ရောင်းချခြင်းအပေါ် နစ်နာကြေးရလိုမှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးထွန်းနိုင် ကို မန္တလေးခရိုင်တရားရုံး၌ ထပ်မံ တရားစွဲဆိုခဲ့ရာ နစ်နာကြေး ကျပ် သိန်း ၉၃၀ တိတိ ပေးဆောင်ရန် ၂၀၁၄ ဇူလိုင် ၃၀ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ
မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ဒေါင်ပန်ကျေးရွာ ဟောင်းနေရာ၌ တရုတ်ကုမ္ပဏီ(CPI) အစောင့်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ရွှေကျင်နေသည့် အတွက် မြေနေရာဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။ရွှေတူးဖော်သူများကို လုပ် ကိုင်ခွင့်ပေးထားခြင်းကြောင့် မြစ် ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းချိန်တွင် မိမိဒေသသို့ ပြန်လည်နေထိုင်ခွင့် ရရှိပါက မြေနေရာမရှိမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။‘‘ကျွန်တော်တို့ကိုတော့ ကန့် သတ်နယ်မြေဆိုပြီး လုံးဝမဝင်ရ ဘူး။ ရွှေကျတော့လာကျင်နေကြတယ်။ ဒါက ဘယ်လိုလဲမသိဘူး။ အခုက အားလုံးက ဝိုင်းဝန်းပိတ် ပင်တော့ တစ်နေ့ကျလို့ရှိရင် ရွာ ဟောင်းကိုပြန်လာပြီး နေနိုင်မယ် လို့မျှော်လင့်တယ်။ အခုက CPI က ရွှေကျင်သမားတွေကို ခွင့်ပြု ထားတော့ ကျွန်တော်တို့လည်း အားလုံးပြောင်းသွားမှာကို စိုးရိမ် နေတယ်’’ဟု ဒေါင်ပန်ကျေးရွာမှ မလိယန်သို့ ပြောင်းရွှေ့နေထိုင် သည့် ဘာသာရေးဆရာတစ်ဦးက ပြောသည်။
မွေးဖွားချိန်တွင် ဖခင်နိုင်ငံသား မဖြစ်ဟုဆိုပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးကို ခရိုင်ကော်မရှင် ပယ်ချ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ဖက်ဒရယ်ပြည်ထောင်စုပါ တီမှ ကိုယ်စားလှယ်လောင်းတစ် ဦးကို မွေးဖွားချိန်၌ ဖခင်သည်နိုင်ငံ သားမဖြစ်သည့်အတွက်ဟုဆို ကာ မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အမည်စာရင်းပယ် ချလိုက်ကြောင်း သတင်းရရှိ သည်။မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ၀င်းမြင့်ကိုလည်း မွေးဖွားချိန်၌ ဖခင်မှာ နိုင်ငံသားမဖြစ်သည့် အတွက် အမည်စာရင်းပယ်ချခဲ့ သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသည့် ဒေါ်ချိုချိုစန်းကို ခရိုင် ရွေးကောက်ပွဲကော်မရှင်က အ မည်စာရင်းမှ ပယ်ချထားကြောင်း မန္တလေး တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ရွေး ကောက်ပွဲအရာရှိ ဦးကျော်ကျော် စိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက် အကျိုးရှိမည့်သူတစ်ယောက်ဖြစ်ဟု တပ်ချုပ်မှတ်ချက်ပြု
ဒေါ်အောင်ဆန်းစုကြည် သည် အတွေ့အကြုံရှိသူဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် သူတစ်ယောက်ဖြစ်သည်ဟု ယုံ ကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။သြဂုတ် ၂၅ ရက်က ဂျပန် သတင်းဌာန ကျိုဒိုနှင့် တွေ့ဆုံမေး မြန်းခန်းတွင် တပ်ချုပ်က အထက် ပါအတိုင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကျိုဒိုသတင်းဌာနက ရွေး ကောက်ပွဲတွင် အတိုက်အခံပါတီ အပြတ်အသတ်အနိုင်ရခြင်းအပါ အဝင် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် မည်သို့ သုံးသပ်မိပါသလဲဟူ သည့်မေးခွန်းကို တပ်ချုပ်က ယခု ကဲ့သို့ ဖြေကြားသည်။‘‘ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့။ ဘယ်မဲဆန္ဒနယ်မှာပဲဖြစ်ဖြစ် မှန် မှန်ကန်ကန်နဲ့ထွက်လာတဲ့ရလဒ် ကိုတော့ ကျွန်တော်တို့လက်ခံမယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ပတ်သက်ပြီး သူ့မှာ လည်း အတွေ့အကြုံတွေရှိပါ တယ်။ သူ့ရဲ့အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တစ်နေရာရာ မှာတော့ အထောက်အကူရမယ် လို့ ကျွန်တော်တို့ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့ လေ။ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်း ပြည်အတွက် အကျိုးရှိမယ့်သူ တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန် တော်ယုံကြည်တယ်’’ဟု တပ်ချုပ် က ပြောသည်။
တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ
တစ်ရက်တာအတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်)ထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။
အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက်ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာခဲ့သည်။
Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။
အသတ်ခံရသည့် ဗာဂျီးနီးယား သတင်းထောက်၏ ဖခင်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြောင်းလဲရန် တောင်းဆို
တိုက်ရိုက် သတင်းထုတ်လွှင့်မှု ပြုလုပ်နေစဉ် ပစ်သတ်ခံရသည့် အမေရိကန် သတင်းထောက်၏ ဖခင်က နိုင်ငံ၏ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။အန်ဒီပါကားက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ ရည်ရွယ်ပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြင်ဆင် ပြောင်းလဲရန် မိမိ လိုလားကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ သမီးဖြစ်သူ အမေရိကန် သတင်းထောက် အလီဆန်ပါကားသည် ကင်မရာသမား အဒမ်ဝါ့ဒ်နှင့်အတူ ဗာဂျီးနီးယားတွင် ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူးမှု အစီအစဉ် တစ်ခုတွင် လူမည်းတစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။
စက်ရုံပေါင်း ၃၉ ခု လုပ်ကိုင်ခွင့် ရရှိထားသည့် သီလ၀ါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ စတင်လည်ပတ်မည့် ပထမအဆင့် ဖွင့်ပွဲကို ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွားမည်
ဂျပန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ အပါအ၀င် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ခု ၀င်ရောက်မြှုပ်နှံခွင့် ရရှိထားသည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အတွင်းရှိ စက်ရုံများ လည်ပတ်မည့် ဖွင့်ပွဲကို လာမည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှအတွင်းရေးမှူး ဒေါက်တာ
သန်းအောင်နှင့်တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်တို့က သြဂုတ် ၂၆ ရက်တွင် ပြောကြားသည်။
ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ အမေရိကန်၊ မြန်မာ၊ ပြင်သစ်၊ ဆွီဒင်၊ တရုတ်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ရုံတို့အား ၀င်ရောက်မြှုပ်နှံခွင့် ပြုထားသည့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများ လည်ပတ်သည့် ဖွင့်ပွဲအတွက် လက်ရှိအချိန်တွင် မိုးရာသီဖြစ်နေခြင်းနှင့် တည်ဆောက်နေသည့် စက်ရုံများ ပြီးစီးရန် စောင့်ဆိုင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်သန်း
သန်းသွယ်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေများ ကာလပေါက်ဈေးအတိုင်း လျော်မည်
ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် မြေသိမ်း ဆည်းခံရသူများကို ကာလပေါက်ဈေး တန်ဖိုးအတိုင်း လျော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မဲ ဆန္ဒနယ်မြေမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က The Messenger Media သို့ ပြောသည်။“မြို့တော်ဝန်ကြီးက တရားဝင် ပြောထားတာတော့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ မြို့သစ်ဖော်တာကြောင့် လယ်မြေသိမ်းဆည်း ခံရတဲ့သူတွေကို ကာလပေါက်ဈေး အတိုင်း ပေးလျော်မယ်လို့ ပြောထားတယ်”ဟု ၎င်းက ပြောသည်။ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့် မြေဧရိယာမှာ ဧကပေါင်း (၃၀၀၀၀) နီးပါးရှိပြီး ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းရမည် ဖြစ်သည်။ယင်းကဲ့သို့ သိမ်းဆည်းခံရမည့် ဒေသခံများ နစ်နာမှု မရှိစေရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ဒေသခံများ တိုက်ရိုက် တွေ့ဆုံညှိနှိုင်းကာနစ်နာကြေးများ ပေးလျော်သွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ
ဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားထားသည်။
Thursday, 27 August 2015
ငရုတ်သီးဘူးလေးဆောင်ပါ
မကြာသေးမီက ရန်ကုန်မြို့ လမ်းလယ် ကောင်တွင် အမျိုး သမီးလေးတစ်ဦးကို အခြားအမျိုး သမီးနှစ်ဦးက ဓားထောက်လု ယက်ခဲ့သည့်သတင်းက မြန်မာ တွေအကြားက ဆိုရှယ်အင်တာ နက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်း လာသူမိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့ ကြိုးစား သည့်သတင်းကိုလည်း ကြားရပြန်သည်။
ထို့အပြင် ဘတ်စ်ကားပေါ် မှာ မိန်းကလေးတစ်ဦးကို အကာ အကွယ်ယူပြီး အသားယူဖို့ကြံ စည်သူအမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရသည်။
နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်
‘‘ငဘကို မြန်မာဇာတ်ကားတွေနဲ့ယှဉ်ရင်တော့ လုံးဝစိတ်ကျေနပ်တယ်’’
ကျော်သူနှင့် စကားစမြည်
Thursday, August 27, 2015
ဓာတ်ပုံ-ဒါရိုက်တာမျိုးထူးဖေ့စ်ဘွတ်
ရုပ်ရှင်လောကမှ ရှစ်နှစ်ခန့်အနား ယူခဲ့သည့် သရုပ်ဆောင်ကျော်သူ က ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ် ကားများကို ဆက်တိုက်ပြန်လည် ရိုက်ကူးလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကိုလိုနီခေတ် တောင် သူလယ်သမားဘဝကို သရုပ်ဖော် သည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး စက်တင်ဘာလဆန်း တွင် နောက်ထပ် ရုပ်ရှင်ဇာတ် ကားသစ်တစ်ကားကို ထပ်မံရိုက် ကူးမည်ဖြစ်သည်။ ထို့ကြောင့် ကျော်သူကို ‘ငဘ’ရုပ်ရှင်ရိုက်ကူး မှုအပါအဝင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများအကြောင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။
အထပ်မြင့် ဈေးများတွင် လမ်းဘေးဈေးသည်များအတွက် ငါးပေပတ်လည် နေရာပေးမည်
ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသော နှစ်ထပ်ဈေး ၁၂ ခု တည်ဆောက်ပြီးစီးပါက လမ်းဘေးဈေးသည်များအား ၅ ပေပတ်လည် နေရာချပေးထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆင့်မြှင့်တင်လျက်ရှိသော ယင်းစည်ပင်ဈေးများပြီးစီးပါက လမ်းဘေးဈေးသည်များအတွက် နေရာတစ်ခု စီ သီးသန့်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဈေးများဌာနမှ ဌာနမှူးက ပြောသည်။ ဈေးသည်များအတွက် နေရာများကို သက်ဆိုင်ရာဈေး၏ ဈေးများဌာနထံတွင် ခွင့်ပြုချက် တောင်းခံပြီး ငှားရမ်းနိုင်ရန် စီစဉ် ထားကြောင်း ဌာနမှူးက ဆိုသည်။ဈေးသည်များအတွက် ဆိုင်ခန်းခမှာ ဈေးအပေါ် မူတည်၍ ကွာခြားသွားမည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်နိုင်သူ လမ်းဘေးဈေးသည်များကို ဦးစားပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တရားမဝင် အေးခဲကြက်သားများ ပြည်တွင်းထုတ်တံဆိပ်ဖြင့် ရောင်းချမှုများကို အရေးယူမည်
တရုတ်နိုင်ငံမှ အေးခဲ ကြက်သားများကိုတရားမဝင်တင် သွင်းပြီး မန္တလေးမြို့တွင် ပြည် တွင်းတံဆိပ်များပြောင်းကပ်ကာ ရောင်းချမှုများရှိနေ၍ အရေးယူ ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။တရုတ်နိုင်ငံမှ အေးခဲကြက် သားများကို ကုန်တင်ယာဉ်များ ဖြင့် တရားမဝင်တင်ဆောင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန် သွယ်ရေးဂိတ်မှတစ်ဆင့် ဖြတ် သန်းကာ မန္တလေးမြို့ရှိ အအေး ခန်းများ၌ သိုလှောင်ပြီး ဈေးများ တွင် ရောင်းချနေကြောင်း မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနသို့ လုပ်ငန်းရှင်များက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။‘‘မန္တလေးက cold store (အအေးခန်းစက်ရုံ)တွေမှာ တ ရုတ်ကနေ တရုတ်စာနဲ့ကပ်ထား တဲ့ အေးခဲကြက်သားတွေ တရား မဝင်ရောက်နေတယ်။ ဒါနဲ့ ရန် ကုန်က မွေး/ကုဦးစီးနဲ့ တာဝန်ရှိ သူတွေ အရေးယူဖို့ သွားဖမ်းတော့ ပြည်တွင်းတံဆိပ်တွေ ပြောင်းကပ်ပြီးသားဖြစ်နေလို့ အရေးယူလို့မရဘဲ ပြန်လာခဲ့ရတယ်။ ဆက် လက် အရေးယူဖို့ လုပ်နေတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ပြောသည်။
ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ
ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။
‘‘လုပ်ကွက်တွေက ကုန်သွားတယ်။ တူးဖော်လာတာကြာပြီဆို တော့ လုပ်ကွက်တွေက သက်တမ်းတွေလည်း ကုန်ပြီး ကျောက် မရှိတော့ဘူး’’ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့အပြင် ကုမ္ပဏီအများစု က ဒေသတွင်းလုံခြုံရေးအခြေအ နေအရ လုပ်ကွက်များကို ပြန် လည်အပ်နှံသည့် ကုမ္ပဏီများ လည်း များပြားလာပြီး အများစုမှာ သက်တမ်းကုန်သွားသဖြင့် လုပ် ကွက်များကို ပြန်လည်အပ်နှံကြခြင်းဖြစ်သည်ဟု ဆိုသည်။
Wednesday, 26 August 2015
ရန်ကုန် လမ်းဘေးဈေးသည်များကို ဈေးကောက်ရငွေ သန်းရာချီ အရှုံးခံ၍ ရှင်းလင်းဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရောင်းချလျက်ရှိသော လမ်းဘေးပျံကျ ဈေးသည်များထံမှ ကောက်ခံရရှိမည့် ဈေးကောက်ငွေ ကျပ် ၀ ဒသမ ၈ ဘီလီယံကို အဆုံးရှုံးခံကာ အဆိုပါ ဈေးသည်များကို ရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း များကို လုပ်ဆောင်နေကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန(၁) မှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။
သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ စက်တင်ဘာလ အစပိုင်းတွင် တွေ့ဆုံမည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် သဘောတူရန် ကျန်ရှိနေသော အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ စက်တင်ဘာလအစတွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
မန္တလေးမြို့ ရေမကြီးရန် သဘာဝ ရေထိန်းစုကန်များ တည်ဆောက်မည်
မိုးကြီးပါက မန္တလေးမြို့အတွင်းရှိ ရေမြောင်းများမှ ရေလျှံခြင်းနှင့် အဓိက လမ်းမကြီးများပေါ်တွင် ရေတင်ခြင်းတို့ ဖြစ်ပေါ်နေရာ ရေနစ်မြုပ်မှုမှ ကာကွယ်ရန် သဘာဝရေထိန်းစုကန်များ တည်ဆောက် နိုင်ရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။
Subscribe to:
Posts (Atom)






