Monday, 17 August 2015

ပျက်ကျခဲ့သည့် အင်ဒိုနီးရှား လေယာဉ်ပျက်မှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများ ရှာတွေ့

လူ ၅၄ ဦးကို တင်ဆောင်ပျံသန်းရင်း ပျက်ကျသွားသည့် အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ထံမှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများကို ကယ်ဆယ်ရေး အဖွဲ့များက တွေ့ရှိခဲ့ကြောင်း သိရသည်။
Trigana လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း၏ ATR42-300 အမျိုးအစား လေယာဉ်သည် အရွယ်ရောက်ပြီး ခရီးသည် ၄၄ ဦး၊ ကလေးငယ် ၅ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ဩဂုတ် ၁၆ ရက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်သည် ပြည်တွင်း တာတိုခရီးစဉ် တစ်ခုအတွက် ပျံသန်းခြင်းဖြစ်ပြီး လိုက်ပါသွားသူ အားလုံးသည် အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဩဂုတ် ၁၇ ရက်၊ နံနက်ပိုင်းတွင်မူ ရှာဖွေရေးအဖွဲ့၏ လေယာဉ်တစ်စီးက နိုင်ငံအရှေ့ပိုင်း ပါပူအာ ဒေသရှိ ဝေးလံသီခေါင်သော တောင်စောင်းတစ်နေရာတွင် လေယာဉ်ပျက်မှဟု ယူဆရသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်လည်း ခြေလျင် ကယ်ဆယ်ရေး တပ်ဖွဲ့များမှာမူ အဆိုပါ နေရာသို့ မရောက်ရှိသေးကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရေမွန် ကွန်စတန်တင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခြိမ်းခြောက်နေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားထံမှ ခြိမ်းခြောက် ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို ဩဂုတ် ၁၇ ရက်တွင် အစပြုခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားတပ်များ၏ ကျူးကျော်မှုကို ခံရချိန်တွင် မည်သို့ ပူးပေါင်း တုံ့ပြန်ရမည် ဆိုသည်ကို အဓိက ဦးတည်ပြင်ဆင်ထားပြီး ထောင်ပေါင်းများစွာသော နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့အပေါ် စစ်ကြေညာခြင်းဟု ယူဆကြောင်း သတိပေး ခြိမ်းခြောက်ထားသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အူလ်ချီ လွတ်လပ်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်သည် ဩဂုတ် ၂၈ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ကွန်ပျူတာ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ စီစဉ်ထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သည် ငါးသောင်းကျော်နှင့် အမေရိကန်စစ်သည် သုံးသောင်းဝန်းကျင် ပါဝင်ကြသည်။

Friday, 14 August 2015

မြောက်ဦးတွင် စားနပ်ရိက္ခာအလှူများ ၀င်ရောက်နေသော်လည်း ဆန်ဈေးတက်ဆဲ

 ရေကြီးနစ်မြုပ်မှုဖြစ် ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းသည့် စား နပ်ရိက္ခာများ အဆက်မပြတ်ဝင် ရောက်နေသော်လည်း ဆန်ဈေး နှုန်းများ ဆက်လက်မြင့်တက်နေ ကြောင်း သတင်းရရှိသည်။
‘‘ရေဘေးကြုံတွေ့ပြီး ကား လမ်းတွေလည်း ဆက်သွယ်သွား လာနိုင်ပြီဖြစ်ပေမယ့် ဆန်ဈေးက တော့ တက်နေဆဲပါပဲ။ မြောက်ဦး ကို အလှူရှင်တွေ လာလှူတဲ့အထဲ မှာ အများဆုံးက ဆန်တွေဖြစ်ပါ တယ်။ အဲဒီဆန်တွေက ရေဘေး သင့်သူတွေဆီကို ဖြန့်ဝေပေးနေ ပေမယ့် ဆန်ဈေးမကျတာက အံ့ သြစရာပါပဲ’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး အကူအညီများ အဓိကလိုအပ်နေ

 ရေဘေးသင့် မြောက် ဦးမြို့ပေါ်နှင့် ကျေးရွာများ၌ အ ရေးပေါ် အကူအညီဖြစ်သော စားနပ်ရိက္ခာ လိုအပ်ချက်တွင် အဆင်ပြေနေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ အဓိကလိုအပ်နေ ကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။
‘‘မြောက်ဦးကို အဖွဲ့ပေါင်း စုံက စားနပ်ရိက္ခာအတွက် ဆန်တွေ၊ သောက်သုံးရေတွေ စစ်တွေကတစ်ဆင့် ကုန်းလမ်းရော ရေ လမ်းကပါဝင်နေပါတယ်။ ကူညီ ထောက်ပံ့ရေးအအဖွဲ့ကလည်း ကျေးလက်ဒေသအထိ သွားပြီး ထောက်ပံ့နေတဲ့အတွက် လော လောဆယ်တော့ စားနပ်ရိက္ခာအ ဆင်ပြေနေပြီလို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ နေအိမ်ပြိုလဲပျက် စီးသွားသူတွေအတွက် ပြန်လည် ထူထောင်ဖို့ အကူအညီတွေ လို အပ်နေပါတယ်’’ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် နာရေးကူညီမှုဖောင်းဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား One Stop Service ဖြင့် ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော ဒေသခံများအား One Stop Service ဝန်ဆောင်မှုဖြင့် ကွင်း ဆင်းပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ပေးခဲ့သော မိုးပွင့်အထူးစီမံချက် ပြီးဆုံးသွားသော် လည်း တိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများမပြုလုပ် ရသေးသည့် ဒေသခံများကို ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး သွားမည်ဟု တိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။
ရေလုပ်သားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများရှိရာ တနင်္သာရီတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကို မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများမပြုလုပ်ခဲ့ရသော ဒေသများ ရှိနေသေး ကြောင်း သတင်းရရှိသည်။

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်

ဒီတစ်ပတ် ကြည့်ဖို့အတွက် တော့ စူပါဟီးရိုး ဇာတ်ကားလေး တစ်ကားကိုပဲ ညွှန်းပေးလိုက်ပါ တယ်။ ၂၀ ရာစုမြေခွေးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက် Fantastic Four ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဂျော့ရှ်ထရန့်ခ်ရဲ့ လက်ရာပါ။
ရိဒ်ရစ်ချတ်နဲ့ ဘန်ဂရင်းမ် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ထူးခြားစွမ်းရည်ရှိကြသူတွေဖြစ် ပြီး ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ကြသူတွေပါ။ အသက်ငယ် ငယ်နဲ့ ပါရမီထူးတဲ့ ကလေးတွေအ တွက် ဖွင့်ထားတဲ့ သုတေသနစင် တာ ဘက်စ်တာ ဖောင်ဒေးရှင်း ဒါရိုက်တာ ပါမောက္ခဖရန်ကလင် စတောမ်က သူတို့နှစ်ဦးကို မျက်စိ ကျခဲ့ပြီး ရိဒ်ကတောမ် မိသားစုဝင်တွေဖြစ်တဲ့ ဆူးစတောမ်၊ ဂျော်နီတောမ် တို့နဲ့အတူ သုတေသနလုပ် ဖြစ်ခဲ့ပါတယ်။

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်မှုများကို အပြီးသတ် မငြှိမ်းသတ်နိုင်သေး

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဧရာမ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ နေရာ၌ တငွေ့ငွေ့ မီးလောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းက တီယန်ကျင်း ဆိပ်ကမ်းအနီး ကုန်လှောင်ရုံများတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားရာ အနည်းဆုံး လူ ၅၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် ၇၁ ဦးမှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွား ပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် မီးသတ်သမား ၁၇ ဦး ပါဝင်ကြောင်းလည်း မီးသတ်ဌာနက အတည်ပြုခဲ့သည်။

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

"ဒီချုပ်ကိုယ်စားလှယ်လောင်းတစ်ဦး ဆွဲကြိုးချသေဆုံး"

လပ္ပတာမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှုး ဖြစ်သည့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ထွန်းသည် ယနေ့ (သြဂုတ်၁၄) နံနက်၂နာရီ ကျော်ကနေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပ္ပတာမြို့နယ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသူမှာအသက်၆၀ကျော်ခန့်ရှိပြီး အလုပ်ဖိစီးမှုများနှင့် စိတ်ဖိစီးလာ ၍ သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်းပါတီတွင်း လုပ်ဖော်ကိုင်ဘက်များနှင့် မိသားစုဝင်များက ပြောသည်။
သေဆုံးသူသည် ကိုယ်စားလှယ်လောင်းအဖြစ်လျောက်လွာတင် ကတည်းကပင် အရက်ဖြတ်ထားခဲ့ပြီး အရက်ဖြတ်သည့်ဒဏ်နှင့် ပါတီအလုပ်ပင်ပန်းမှုများကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒီချုပ်ဥက္ကဌ ဒေါက်တာအေးကြူကပြောသည်။

ငါးရှာကိရိယာမသုံးတတ်၍ ထိုင်းနိုင်ငံသားများ ခေါ်ယူအသုံးပြုမည့်အစီအစဉ် ငါးလုပ်ငန်းအဖွဲ့ချုပ် ကန့်ကွက်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ငါးဖမ်းလုပ်ငန်းလေ လံခေါ်ယူရာတွင် ငါးရှာကိရိယာ (ဆိုနာ)ကို မြန်မာနိုင်ငံသားများ ကျွမ်းကျင်စွာ အသုံးမပြုတတ်သ ဖြင့် ထိုင်းနိုင်ငံသားများ ခေါ်ယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေခြင်းအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
တိုင်းရင်းသားပိုင် ငါးဖမ်း လှေများပေါ်တွင် ငါးရှာကိရိယာ (ဆိုနာ)အသုံးပြုရန် ထိုင်းနိုင်ငံ သားများကို ခေါ်ယူမည့် အစီအ စဉ်သည် နိုင်ငံခြားငါးဖမ်းသင်္ဘော များအား လုပ်ပိုင်ခွင့်ရပ်ဆိုင်းခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်စေကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘တိုင်းရင်းသားအမည်ခံပြီး ငါးလှေတွေပေါ်မှာ ဆိုနာကိရိယာ ကို ကိုင်တွယ်ဖို့ ထိုင်းနိုင်ငံသား တွေကို ခေါ်မယ်ဆိုရင် ဖစ်ရှင်း ရိုက် (နိုင်ငံခြားသင်္ဘောများ ငါး ဖမ်းခွင့်)ကို ပိတ်ထားတာ အလ ကားဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နာယက ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရေ စံချိန်တင်

၂၀၁၅ ရွေးကောက်ပွဲ သည် မြန်မာ့ရွေးကောက်ပွဲတစ် လျှောက် ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင် မည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာ သည်။
၂၀၁၅ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် သြဂုတ် ၁၂ ရက်အထိ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့် (၄,၉၃၂ ဦး)အမည် စာရင်းတင်သွင်းထားပြီး အဆိုပါ အရေအတွက်သည် မြန်မာ့ရွေး ကောက်ပွဲသမိုင်းတစ်လျှောက် တွင် စံချိန်တင် ကိုယ်စားလှယ် လောင်းအရေအတွက်ဖြစ်သည်။
လွန်ခဲ့သောငါးနှစ်က ကျင်း ပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်လောင်း ၂,၃၀၀ ခန့် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။

အာဏာရှင်ဆန်သော နိုင်ငံရေးပါတီများ ဖြန်းဖြန်းကွဲမှသာ ပါတီတွင်းပြဿနာများကို အပြင်လူသိရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 ကမ္ဘာ့နိုင်ငံအသီးသီး ရှိ အာဏာရှင်ဆန်သော ပါတီများ အနေဖြင့် ပါတီတွင်းပြဿနာများ ကို အပြင်လူများ သိရှိစေခြင်းမရှိ ဘဲ ယင်းပါတီများ ဖြန်းဖြန်းကွဲမှ သာ အပြင်လူများ သိရှိရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ် ၁၁ ရက်က ရွှေ တောင်မြို့လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများ လွှတ်တော်အတွင်း ရောက်ရှိစေရန် လူထုကို စည်းရုံးရမည်ဟု ၈၈ မျိုးဆက်ပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အ နိုင်ရရှိပြီး လွှတ်တော်အတွင်းသို့ အင် အားများများရောက်ရှိအောင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန်အတွက် လူထုကို စည်း ရုံးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက ပြောသည်။
သြဂုတ် ၉ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့် Triangle Women Support Group တို့ ပူးပေါင်းကျင်းပသည့် ‘ရွေးကောက်ပွဲက ပြည်သူ့လိုလား ချက်တွေကို ဘယ်လောက်ဖြည့် စွမ်းနိုင်မှာလဲ’ဟူသည့်ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ဦးမြအေးက ယင်းသို့ ပြောသည်။

Thursday, 13 August 2015

ဧရာဝတီတိုင်းတွင် ရေဘေးကြောင့် ကျပ် ၁၈ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်း အစိုးရအဖွဲ့ ထုတ်ပြန်

 ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ဖြစ်ပွားခဲ့သော ရေကြီးရေ နစ်မြုပ်မှုများကြောင့် ဧရာဝတီ တိုင်းတွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း တစ်သိန်းခန့် ရေ ဘေးသင့်ခဲ့ပြီး ကျပ် ၁၈ ဘီလီယံ ခန့် ပျက်စီးဆုံးရှုံးကာ လူအသေ အပျောက်မရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က သ တင်းထုတ်ပြန်သည်။
အထက်ဘက်မှ ကျဆင်းလာသည့် ရေများသည် ဧရာဝတီတိုင်းသို့ ဇူလိုင် ၃၀ ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။ ဧရာဝတီတိုင်း မြောက်ပိုင်းမြို့များသို့ ရေစတင် လွှမ်းမိုးခဲ့ပြီးနောက် တဖြည်းဖြည်းအောက်ဘက်ရှိ မြို့များသို့ ဆက် လက်စီးဆင်းလာခဲ့ရာ ကျောင်း ကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာ ပေါင်းနှင့် ပုသိမ်မြို့များ ရေလွှမ်းမိုးခဲ့ပြီး လက်ရှိအထိ ရေလွှမ်းမိုးနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းတွင် ခရိုင် ခြောက်ခုရှိသည့်အနက် ပုသိမ်၊ ဟင်္သာတ၊ မအူပင်ခရိုင်တို့ရှိ မြို့ ၁၇ မြို့ ရေလွှမ်းမိုးခဲ့ရပြီး လယ်မြေ ၂၃၀,၇၅၁ ဧက ရေလွှမ်းမိုးခံရကာ ၄၇,၂၆၀ ဧက ပျက်စီးဆုံးရှုံးခဲ့ ကြောင်း အဆိုပါစာရင်းဇယား များအရ သိရသည်။

ရွှေလီဦးယာဉ်လိုင်း ပြေးဆွဲခွင့် ယာယီပိတ်သိမ်း

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူကိုးဦးသေဆုံးခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၀ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ် (၁၀၅/၂)တွင်လူကိုးဦးသေဆုံးမှု ဖြစ်ပွားစေခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ယာယီ ပိတ်သိမ်းထားရန် ရန်ကုန်တိုင်း ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန က မထသအဝေးပြေးရုံးချုပ်သို့ သြဂုတ် ၁၁ရက်၌ အကြောင်းကြားထားကြောင်း အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရွှေလီဦး ယာဉ်လိုင်းမထွက် ဖို့၊ ယာယီပိတ်သိမ်းထားဖို့ ညွှန် ကြားထားတာ ရှိတယ်။ ဒါပေမဲ့ တရားဝင်တော့ စာမထွက်သေး ဘူး။ ယာယီ ပိတ်သိမ်းထားဖို့ပဲ ပြောထားတာပါ’’ ဟု မထသအ ဝေးပြေးရုံးချုပ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ယာဉ်လိုင်း ယာယီပိတ် သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရွှေ လီဦး အဝေးပြေးယာဉ်လိုင်း ရန်ကုန်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ‘‘ယာဉ်မထွက်ဖို့တော့ လာပြောထားတယ်။ တရားဝင်စာနဲ့ လာပြောတာတော့ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ယာဉ်မထွက်သေးပါဘူး’’ဟု ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ပြန်ချိန် မျှော်လင့်နေဆဲ မလေးရှား ထိန်းသိမ်းရေးစခန်းထဲက မြန်မာများ

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့ကြုံတွေ့နေရသော နေထိုင် စားသောက်ရေး အခက်အခဲများကြောင့် ဇာတိရပ်ရွာသို့ ပြန်လိုကြသော်လည်း မပြန်နိုင်ကြသေးပေ။
ထိန်းသိမ်းခံထားရသူများသည် မလေးရှားနိုင်ငံ၌ တရားမ၀င် နေထိုင်ခြင်း အပါအ၀င် ဥပဒေတခုခု ငြိစွန်း၍ ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး နောက် ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြပြီး မိခင်နိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများနှင့် ခရီးစရိတ်ရှိရန် လိုအပ်နေသည်။

ပြည်ခိုင်ဖြိုးပါတီတွင်း ခေါင်းဆောင်ပိုင်း နေရာပြန်လည်ဖွဲ့စည်းမှုပြုလုပ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ မနေ့ညက ပါတီညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွားနေတယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုဝင်းမင်းက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ၀န်ကြီးဦးရဲထွဋ်ခင်ဗျာ ကျနော်တို့ မနေ့ညကပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ၀င်ရောက်မှုနဲ့ စစ်ဆေးမှုတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြောပြနိုင်သလောက်လေး ရှင်းပြပေးပါလား။

ဖြေ - ကျနော်တို့ကတော့ဗျာ အဲဒီပါတီဝင် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်စဉ်တော့ ကျနော် အသေးစိတ်မသိပါဘူး။ သို့သော် ကျနော်တို့ အကြမ်းမျဉ်းသိရတာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်းမှာ ခေါင်းဆောင်ပိုင်းနေရာတွေ ပြန်လည် ဖွဲ့စည်းမှုတခု လုပ်နေတယ်လို့တော့ ကျနော်တို့ သိရပါတယ်။ အဲဒါတော့ ကျနော်တို့ ကြားရတဲ့သတင်းပေါ့။

Wednesday, 12 August 2015

ဒုက္ခ ရွှံ့နွံဝေ

အပြာရောင်တောင်တန်းများ ပတ်လည်ဝန်းရံထားသည့် ကလေးမြို့တွင် ဇူလိုင်လကုန်၌ ရွာသွန်းခဲ့သော မုတ်သုံမိုးကြောင့် နှစ်ပေါင်းတစ်ရာအတွင်း မြို့ထက်ဝက်ကျော်ကို ရေလွှမ်းသည့်အဆိုးရွားဆုံးအဖြစ်စံချိန်တင်ခဲ့သော သဘာဝဘေး ကြုံတွေ့ခဲ့ရသည်။
ယခုရေကြီးမှုတွင် ကလေးမြို့ဒေသခံများအတွက် ကြိုတင် ပြင်ဆင်ချိန်မရခဲ့သောကြောင့် ဆုံးရှုံးမှုပိုမိုများပြားခဲ့သည်။ ရေလွှမ်းခဲ့ခြင်းကြောင့် ကလေးမြို့နယ်အတွင်း ရပ်ကွက်ကိုးခုနှင့် ကျေးရွာပေါင်း ၆၂ ရွာ ရေနစ်မြုပ်ခဲ့သည်ဟု ဒေသ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
‘‘အဒေါ့်တစ်သက်မှာ ဒီလိုမျိုး ပထမဦးဆုံးအကြိမ်ကြုံဖူးတာပါ။ တစ်ခါမှ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။ ဘာမှလည်း ကြိုတင်ပြင်ဆင်မလုပ်နိုင်ခဲ့ဘူး’’ဟု ပျဉ်းတောဦးဒုက္ခသည်စခန်းမှ အသက်(၇၆)နှစ်အရွယ် အဘွား ဒေါ်မြိုင်က ခေါက်ဆွဲချဉ်စပ်အရည်စမ်းထားသည့် ထမင်းကို စားရင်း ဘေးဆိုးနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြောသည်။
ရေဘေးကြောင့် ကလေးမြို့နယ်အတွင်း လယ်မြေဧက ရှစ်သောင်းသုံးထောင်ကျော် ရှိသည့်အနက် လယ်မြေဧကလေးသောင်းခွဲကျော် ရေနစ်မြုပ်ခဲ့သည်။ လူဦးရေလေးသောင်းခန့် ရေဘေးဒုက္ခသည်ဖြစ်ခဲ့ပြီး အိမ်ခြေသုံးရာကျော် ရေမျောခဲ့ရသည်။

ဒီချုပ် နှင့် ၈၈ တို့၏ ကတ္တီပါလမ်းခွဲ


ရွေးကောက်ပွဲ နီးကပ်လာချိန် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် မထင်မှတ်သည့် အလှည့်အပြောင်းအချို့ ထွက်ပေါ်လာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ပေါင်း ၂၀ ကျော် တောက်လျှောက် ၀န်းရံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် လူထု ထောက်ခံမှုရရှိထားသူအချို့ကို ဒီချုပ်က ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းမရှိသည့်အတွက် ဒီမိုကရက်တစ်အင်အားစုများအကြား မျက်စိလည်စရာဖြစ်သွားသည်။
ဒီချုပ်ဆိုလျှင် လူထုထောက်ခံမှုအမြဲတစေရနေသည့် အခြေအနေမှ တိုင်းနှင့်ပြည်နယ်အချို့တွင် ကိုယ်စားလှယ်လောင်းစာရင်းကြောင့် မကျေနပ်သည့် ဒေသခံ နှင့် ပါတီဝင်များ၏ ဆန္ဒထုတ်ဖော် မှုများရှိလာခဲ့သည်။
ပြည်သူထောက်ခံမှုရရှိထား ပြီး နိုင်ငံရေးဖြတ်သန်းမှုနောက်ခံ သမိုင်းကြောင်းနှင့် နိုင်ငံရေးလုပ် ရည်ကိုင်ရည်ရှိသူများ ကိုယ်စားလှယ်လောင်းအဖြစ် မပါဝင်ခဲ့သည့်အပေါ် ၈၈ မျိုးဆက်၊ တိုင်း ရင်းသားများအပါအ၀င် ဒီမိုကရက်တစ်အင်အားစုတို့က ဒီချုပ်၏ ရွေးကောက်ပွဲနိုင်ငံရေးခြေလှမ်း နှင့် မဟာဗျူဟာတို့အပေါ် သံသယ ဖြင့် စောင့်ကြည့်မေးခွန်းထုတ်မှုများပင်ရှိလာခဲ့သည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ

ဘင်္ဂလားပင်လယ် အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

လေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေနှင့်နီးသော် လည်းမြန်မာနိုင်ငံဒေသအချို့၌ မိုးနှင့် လေပြင်းအန္တရာယ်ရှိနေသည်ဟုဦးကျော်မိုးဦးက ရှင်းပြသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ဖြစ်ပြီ။ အခုက ဧရာဝတီဘက်မှာ ရေကြီးတဲ့ကာလက မပြတ်သေး တော့ ဒီတစ်ကြိမ်မိုးကိုတော့ သတိထားရဦးမယ်။ ရခိုင်ကမ်းရိုးတန်း ဘက်လည်း လေပြင်းသတိထားဖို့ အရေးကြီးပါတယ်။ ဒီလေဖိအား နည်းရပ်ဝန်းကို အချိန်ပြည့်စောင့် ကြည့်နေပြီး ထူးခြားတာနဲ့ သတင်း ထုတ်ပြန်ပေးမှာပါ’’ဟု ၎င်းက ပြောကြားသည်။